Tuesday, September 4, 2018

“အိုးဘိုပြန် အမျိုးသားရေးညီနောင်များအား ကြိုဆိုပွဲ”


“အိုးဘိုပြန် အမျိုးသားရေးညီနောင်များအား ကြိုဆိုပွဲ”
============================

ဝါခေါင်ပြည့်ကျော် ၈ ရက် (3.9.2018)ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ အိုးဘိုထောင်မှ ဌာနပိုင်ဂျစ်ကားဖြင့် သဟာယကျောင်းအထိ လိုက်ပို့ပါတယ်။

ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပုဂံ၊ ပေါက် မြို့များမှ အမျိုးသားရေးညီအစ်ကိုမောင်နှမများ လာရောက်ကြိုဆိုကြပါတယ်။
ဆရာတော်သံဃာတော်များအား ဖူးမြော်ပူဇော်ပြီးတဲ့အခါ စာရေးသူက ဖိုးသူတော်ဝတ်စုံ လှူဒါန်းပါတယ်။
သံဃနာယကထံ ခွင့်ပန်ပြီးမှ သင်္ကန်းပြန်စည်းရမှာဖြစ်လို့ ရဟန်းခံမည့် ဝါခေါင်လကွယ်နေ့အထိ ဖိုးသူတော်ဝတ်စုံနဲ့ပဲ နေကြရမှာပါ။

အိုးဘိုပြန်ကိုယ်တော်လေးများက လာရောက်ကြိုဆိုကြသူများအား နှုတ်ခွန်းဆက် မိတ်ဆက်စကား သြဝါဒများ မိန့်ကြားကြပါတယ်။
ဧည့်ပရိသတ်များအား စာရေးသူက မုန့်ဟင်းခါးကျွေးကာ သံဃာတော်များ နေ့ဆွမ်းကပ်ပါတယ်။
ရဟန်းခံမည့်နေ့ရက် နေရာနှင့် အချိန်ကို မကြာခင် ကြေညာပေးပါမယ်။











No comments:

Post a Comment