“ပြိုင်ပွဲဝင်ကဗျာများ (၈)”
=============
“စစ်ကူပရိတ်တော်”
အဝိဇ္ဇာမှောင် တိုက်အတွင်းမှာလ
အဘိဇ္ဈာနှောင် မိုက်တသင်းရယ်တို့
မိစ္ဆာကြောင် စရိုက်ချဉ်းပြန်တော့
အကြိုက်လင်းရန်ဖို့  မလွယ်ပါ…။
ရမယ်ရှာ အာဏာသားတွေနဲ့ 
အစွယ်ပါ ဘာသာခြားတွေက
မဖွယ်ရာ မာယာများလေတော့
ဇာတာပါးပေတဲ့ သာသနာ…။
ကြငှန်းပြင် ဒန်းယာဉ်ညှိတ်ယိုင်တော့
ရဟန်းရှင် ခန်းဝင်အိပ်နိုင်ဘူး
ကျွမ်းရင်ထိတ်မှိုင်လို့  မျှော်ကာခေါ်
ပေါ်လာနော်တဲ့ ဓမ္မရာဇာမင်း…။
ခံပြင်းတယ် လေလေ့
ဖန်းဆင်းကယ် ယင်းစာအရှိမှာတော့
ရန်ရှင်းပယ် မင်းဂါမဏိကိုတဲ့
ချင်းရာကြည် အမှန်ကူလို
့
အသံတူ ပရိတ်တော်မြတ်ကယ်နဲ့
အကြံယူ စိတ်ရော်မှတ်တယ်ကွယ်
ဆရာတော်တို့ ရယ် ရွတ်ဖတ်စစ်တွင်း…။
နန်းနတ်နေနွယ်နိုင်

No comments:
Post a Comment