“ပြိုင်ပွဲဝင်ကဗျာများ (၂)”
============
“သူဆိုသောသူ ဝီရသူ”
၁။ စနစ်ကျတဲ့လမ်းတွေနဲ့
ထွင်းဖောက်ရာမှာ ကြမ်းတမ်းမှုတွေ
သူကျော်ဖြတ်ခဲ့တယ်
သူဆိုသောသူ ဝီရသူ။
၂။ ခေတ်ပြောင်းခဲ့ပေမယ့်
စနစ်မပြောင်း ကြုံလာတဲ့လောကဓံ
သူကျော်ဖြတ်ခဲ့တယ်
သူဆိုသောသူ ဝီရသူ။
၃။ လမ်းမှန်ကိုလျှောက် မမှန်သူတွေ
ဘယ်လောက်မုန်း အမုန်းကျော်ဖြတ်ခဲ့တယ်
သူဆိုသောသူ ဝီရသူ။
၎။ မမှန်သူတွေအဖို့ အမှန်တရားဟာ
အမုန်းစကားပဲ ဖွင့်ဟခဲ့တယ်
သူဆိုသောသူ ဝီရသူ။
၅။ ကမ္ဘာကြီးမုန်း အပြုံးမပျက်
ကလောင်လက်နက်နဲ့ တိုက်ထုတ်ခဲ့တယ်
သူဆိုသောသူ ဝီရသူ။
၆။ အမျိုးအတွက် ဘာသာအတွက်
သာသနာအတွက်
အမှန်ဘက်က ရပ်တည်ခဲ့တယ်
ရွာပြင်ထုတ်လည်း မမှုခဲ့သူ
သူဆိုသောသူ ဝီရသူ။
အရှင်သုဇာတ (ရွှေသင်း)
နေပြည်တော်

No comments:
Post a Comment