ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) အသိပေးကြေညာချက်
===============================
ထံတော်သို့
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး
(မဘသ/ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း)အဖွဲ့များ
သက်ဆိုင်ရာ တိုက်နယ်/မြို့နယ်/ခရိုင်/ပြည်နယ်/တိုင်း
အားလုံး
ရက်စွဲ။ ။ ဒုတိယဝါဆိုလဆန်း ၉-ရက်၊ ၁၃၈၀-ပြည့်ခု၊ ၂၁-၇-၂၀၁၈၊
စနေနေ့။
အကြောင်းအရာ။ ။ အကြံပြုသဘောထား
တောင်းခံခြင်း။
ဒုတိယဝါဆိုလဆန်း ၈-ရက်၊
၁၃၈၀-ပြည့်ခု၊ ၂၀-၇-၂၀၁၈၊ သောကြာနေ့ နိုင်ငံတော်သံဃမဟာနာယက ၄၇-ပါး စုံညီအစည်းအဝေးက-
(က) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း
(ဗဟို)၏ လမ်းညွှန်မှုတောင်းခံခြင်းကို ပယ်ချရန်။
(ခ) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းသည်
တရားမဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းသာဖြစ်ကြောင်း ဆုံးဖြတ်ရန်။
(ဂ) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း
အဖွဲ့ဝင်အားလုံးသည် ၎င်းတို့အဖွဲ့အမည်ကို သုံးစွဲလျက် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုရန်။
(ဃ) မြန်မာပြည်အနှံ့အပြားစိုက်ထူထားသော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ်များကို ဤဆုံးဖြတ်ချက် ချသည့်နေ့မှ ၄၅-ရက်အတွင်း
ဖြုတ်သိမ်းရန်။
(င) အထက်ပါ (ဂ)၊ (ဃ) ပါဆုံးဖြတ်ချက်များကို မလိုက်နာပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင်
သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်၊ လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာ
တည်ဆဲဥပဒေအရ အရေးယူရန်။
ဟု ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့ပါသည်။
တကယ်တော့-
၁။ အဆိုပါ လမ်းညွှန်ချက် တောင်းခံခြင်းမှာလည်း တပည့်တော်များ အမျိုး
ဘာသာ သာသနာ စောင့်ရှောက်ရေး (မ.ဘ.သ/ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း) အဖွဲ့နှင့် ဆက်စပ်နေသော
သံဃာအချင်းချင်း ပြေလည်စေလိုသော ဆန္ဒရှိကြသည့် မ.ဟ.န ဆရာတော်များ၏ တိုက်တွန်းချက်အရ
တောင်းခံခြင်းသာ ဖြစ်ပါသည်၊ ဩဝါဒခံယူခြင်းငှာ ခွင့်ပြုချက် တောင်းခံခြင်း လုံးဝမဟုတ်ပါ။
၂။ ဒါတင်မက တပည့်တော်များ၏ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး
(မ.ဘ.သ/ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း)အဖွဲ့သည် သီးခြားသံဃာ့အဖွဲ့အစည်း မဟုတ်ပါ၊ တိုင်းပြည်နှင့်
လူမျိုး ဘာသာ သာသနာနှင့် ဆက်စပ်သည့် ရဟန်းç ရှင်ç လူ ပြည်သူများ ပါဝင်သောNGO အဖွဲ့မျိုးသာဖြစ်၍
မည်သည့်အဖွဲ့အစည်းကမှ ပယ်ဖျက်နိုင်ခွင့် မရှိပါ၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ၊ တည်ဆဲဥပဒေများအရ
မ.ဟ.န ဆုံးဖြတ်ထားသလို မည်သည့်ပြစ်မှုမှ ညိစွန်းခြင်း လုံးဝမရှိပါ၍ မဖြုတ်သင့်ပါ၊ မဖြုတ်လိုပါ။
သို့သော်လည်း တပည့်တော်များ၏
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မ.ဘ.သ/ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း)အဖွဲ့သည် မြန်မာတစ်နိုင်ငံလုံး
ရပ်/ကျေး/မြို့နယ်/ခရိုင်/ ပြည်နယ်/တိုင်း ဒေသအသီးသီးရှိ ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏
ဆန္ဒဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်၍ ဒေသအသီးသီးရှိ အများ၏ ဆန္ဒအတိုင်းသာ ဆိုင်းဘုတ်များ
ဖြုတ်သင့်/မဖြုတ်သင့်ကို ဆုံးဖြတ်လိုပါသောကြောင့် ဒေသအသီးသီးရှိ သက်ဆိုင်ရာအဖွဲ့များ၏
ဆန္ဒကို အမြန်ဆုံး ပြန်ကြားပေးပါရန် လျှောက်ထားပါသည်ဘုရား။
အဆိုပါ မ.ဟ.န၏ ဆုံးဖြတ်ချက်ကြောင့်
သံဃာကွဲပြားမှုဖြစ်ခြင်း၊ အုံကြွဆူပူခြင်း ဖြစ်ပေါ်လာပါကလည်း သက်ဆိုင်ရာ သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန၊ မ.ဟ.န အဖွဲ့များ၏တာဝန်သာ ဖြစ်ပါလိမ့်မည်။
ဆန္ဒပြန်ကြားပုံ ပုံစံ
သို့
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို)
အောက်ဖော်ပြပါအတိုင်း
သဘောထားဆန္ဒ ပြန်ကြားလျှောက်ထားအပ်ပါသည်ဘုရား၊
၁။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး
လုပ်ငန်းများ ဆက်လက်-
လုပ်သင့်
မလုပ်သင့်
၂။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး(မ.ဘ.သ/ဗုဒ္ဓဓမ္မ
ပရဟိတဖောင်ဒေးရှင်း) ဆိုင်းဘုတ်- ဖြုတ်သင့်
မဖြုတ်သင့်
ဥက္ကဌ/အတွင်းရေးမှူး
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး
(မ.ဘ.သ/ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း)
---------------ရပ်/ကျေး/မြို့နယ်/တိုက်နယ်/ခရိုင်/ပြည်နယ်/တိုင်းဒေသကြီး
မှတ်ချက်။ ။ ဆန္ဒပြုလိုသော
အကွက်တွင် (၌) ခြစ်၍ ဝ၉၆၉၅၁၈၈၉၆၉ ဖုန်းသို့
Viber ဖြင့် အမြန်ဆုံးပို့ပေးပါရန်။
ဦးဆောင်တာဝန်ခံနာယကများ
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး
ဗုဒ္ဓဓမ္မ ပရဟိတ
ဖောင်ဒေးရှင်းကြီး


No comments:
Post a Comment