“မန်း မဟော်သဓာကျောင်းတော်ကြီး စတင်ပါတော့မည်”
=============================
18.7.2018 ရက်နေ့၊ မွန်းတည့် ၁၂း၀၀ နာရီ၊ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊
ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း
စာသင်ဆောင်ဆောက်လုပ်ဖို့အတွက် အင်ဂျင်နီယာလေးအား လိုက်လံပြသခဲ့ပါတယ်။
စနစ်တကျပလန်ချပြီး မြေပုံများရေးဆွဲကာ လေးထပ်စာသင်ဆောင် စတင်ဆောက်လုပ်ပါတော့မည်။
ရေသန့်စက်ရုံအလှူရှင်များကတော့ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (MK ကျောက်မျက်)မိသားစုဖြစ်ပါတယ်။
လေးထပ်စာသင်ကျောင်းဆောင်ကြီးကတော့ အများကောင်းမှုပါ။
တစ်ဆောင်လုံးအတွက် ငွေကြေး မလုံလောက်သေးပေမယ့် မြေညီထပ် ပထမထပ်အတွက်တော့
လုံလောက်နေပါပြီ။
ရှိတာလေးနဲ့ စတင်ဆောက်တော့မှာပါ။
မြေနေရာက ကောင်းလွန်းတော့ ရောက်ရှိလာသူတိုင်း သဘောကျရုံမက နေချင်စိတ်တောင်
ပေါ်လာကြပါတယ်။
အင်ဂျင်နီယာလေး ကိုသူရိန်ကလည်း စာသင်ကျောင်းဆောင်ကြီး ဆောက်လုပ်ရင်
ညအိပ်ညနေပါ အမြဲနေထိုင်ကြီးကြပ်ပေးသွားမယ်လို့ ပြောပါတယ်။
ရှုခင်းတွေက လှလို့ပါ။
ဝီရသူ (မစိုးရိမ်)
23.7.2018
No comments:
Post a Comment