Friday, July 13, 2018

“ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်း”


“ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်း”
=========================

ပထမဝါဆိုလဆုတ် ၁၅ ရက်၊ 12.7.2018 ရက်နေ့၊ ညနေပိုင်းမှာ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းသို့ ရောက်ရှိပါတယ်။

ကိုးတန်း ဆယ်တန်း ကျောင်းသားကျောင်းသူတွေ တက်ရောက်သင်ယူနေကြပါတယ်။
သင်ကြားရေး ဆရာ ဆရာမတွေရော ဂိုက်ဆရာ ဆရာမတွေရော စုံစုံလင်လင် ပညာသင်ကြားပေးနေကြပါတယ်။
ကျောင်းအုပ်ဆရာတော်လေး ဦးဣန္ဒက မမြဲသီတင်းသုံးနေထိုင်ပြီး အထူးဂရုစိုက်နေပါတယ်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်က နေ့စဉ် တစ်ချိန်မဟုတ်တစ်ချိန် အမြဲလာပြီး ကြီးကြပ်နေပါတယ်။
စာရေးသူလည်း မကြာမကြာရောက်ပါတယ်။
ရုံးဝန်ထမ်းတစ်ဦးအမြဲခန့်ထားပြီး ဓာတ်ပုံရိုက်ပို့တာတွေ အမြဲလုပ်နေပါတယ်။

အတန်းခွဲတွေ ဘာသာတွဲတွေ သီးခြားခွဲပြီး သင်ကြားပေးနေတာလည်း ရှိပါတယ်။
ညဂိုက်တန်း သီးသန့်မခေါ်သေးပေမယ့် နီးစပ်ရာလာရောက်စာကျက်ကြတဲ့ ကိုးတန်း ဆယ်တန်း ကျောင်းသားကျောင်းသူ ၂၀ ကျော်ကိုလည်း ကျောင်းအုပ်ဆရာတော်လေး ဦးဣန္ဒကနှင့် ဂိုက်ဆရာ ဆရာမလေးများက မေတ္တာစေတနာအပြည့်အဝဖြင့် ဂရုစိုက်စောင့်ရှောက်ပေးနေကြပါတယ်။

မန်းမဟော်သဓာကျောင်းတော်ကြီးကတော့ ဆောက်လုပ်ခွင့်မရသေးပါဘူး။ မန်းမဟော်သဓာရဲ့ ရှေ့ပြေးအကြိုဖြစ်တဲ့ အခမဲ့ကျူရှင်ကျောင်းကြီးကတော့ ဘော်ဒါတွေနဲ့မခြား ဆရာ ဆရာမတွေ ပြည့်ပြည်စုံစုံနဲ့ အဆင့်မြင့်မြင့် ဖွင့်လှစ်ထားပါပြီ။

ရွာသူရွာသားများ ရပ်မိရပ်ဖများ မိဘပြည်သူများကတော့ တက်တက်ကြွကြွနဲ့ အားတက်သရော ဝိုင်းဝန်းကူညီနေကြပါတယ်။











No comments:

Post a Comment