Saturday, July 14, 2018

“၂၀၁၈ ဧကဝီသတိမဓမ္မသဘင်/ ဆိပ်ဖြူ-ရှောက်ပင်အင်း”


“၂၀၁၈ ဧကဝီသတိမဓမ္မသဘင်/ ဆိပ်ဖြူ-ရှောက်ပင်အင်း
=============================

ပထမဝါဆိုလဆုတ် ၁၁ ရက်၊ 8.7.2018 တနင်္ဂနွေနေ့၊ ည ၉း၀၀ နာရီ၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်းကျေးရွာ ပါရမီဖောင်ဒေးရှင်း ဦးဆောင်ဆရာတော် အရှင်ပညာဓဇ (U.S.A) ပါရမီဘုန်းတော်ကြီးကျောင်းဆရာတော် အရှင်သောဘိတနှင့် ရွာသူရွာသားများ၏ 2017-2018 ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများ ပညာရည်ချွန်ဆုပေးပွဲနှင့် ဓမ္မစကူးလ်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အထူးဓမ္မသဘင်။

တရားနာပရိသတ်များက ကျောင်းဝင်းအတွင်း ကွင်းပြည့်ကွင်းလျှံပါပဲ။ ဆိပ်ဖြူတရားပွဲ အခုမှဟောဖူးတာပါ။
အမေရိကန်ပြည်ထောင်စု L.A ပါရမီဘုန်းတော်ကြီးကျောင်းဆရာတော် အရှင်ပညာဒီပ (U.S.A မဘသ)ရဲ့ ဇာတိရွာပါ။ အလယ်တန်း အထက်တန်း စာသင်ကျောင်းဆောင်တွေ၊ ဆေးရုံဆေးခန်းတွေ၊ စာသင်ဝိုင်းတွေ စုံလင်အောင်ကို ထောက်ပံ့ပေးထားတာပါ။
အမေရိကန်ပြည်ထောင်စု L.A ပါရမီဘုန်းတော်ကြီးကျောင်းဆရာတော် အရှင်ပညာဒီပ (U.S.A မဘသ)က စာရေးသူတည်ထောင်ထားတဲ့ လောကအလင်းပညာဒါနကျူရှင်ကျောင်းအတွက်လည်း အမေရိကန်ဒေါ်လာ ၁၀၀၀ လှူဒါန်းပါတယ်။
ကြုံတုန်းကြုံခိုက် နောင်တောင်ကြီး အရှင်ပညာဒီပ (L.A)ရဲ့ ပရဟိတပညာရေးအကြောင်းနှင့် စာရေးသူရဲ့ လောကအလင်း ပညာဒါနကျူရှင်ကျောင်းအကြောင်းတွေ ထည့်သွင်းဟောကြားခဲ့ပါတယ်။
အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဆဝါလာတသုတ္တန်လာ
ပရဟိတလည်း မလုပ် အတ္တဟိတလည်း မလုပ်တဲ့ ပုဂ္ဂိုလ်
ပရဟိတပဲလုပ်ပြီး အတ္တဟိတမလုပ်တဲ့ပုဂ္ဂိုလ်
အတ္တဟိတပဲလုပ်ပြီး ပရဟိတမလုပ်တဲ့ပုဂ္ဂိုလ်
အတ္တဟိတရော ပရဟိတရော လုပ်တဲ့ပုဂ္ဂိုလ်
လေးမျိုးထဲမှာ နှစ်ခုစလုံးမလုပ်တဲ့သူက ထင်းကုလားတုံးနဲ့တူကြောင်း ဘယ်နေရာမှ အသုံးမကျကြောင်း အန္တရာယ်ကြီးကြောင်း
နှစ်ခုစလုံးလုပ်သူမှာ ထောပတ်ဆီကြည်နှင့်တူကြောင်း အမြတ်ဆုံးဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။


တရားခေါင်းစဉ်ကတော့
“အသဲလေးတွေ ပေးထိုက်သူ” တရားတော်ဖြစ်ပါတယ်။
အသဲလေးတွေ ပေးရအောင်
လက်မလေးတွေ ထောင်
ပရဟိတဆောင်ရွက်သူ
အသဲပေးထိုင်သူ။
ပရဟိတဆောင်ရွက်က
အသဲပေးလိုက်ကြ။
အတ္တဟိတ ဆောင်ရွက်သူ
လက်မထောင်ထိုက်သူ
အတ္တဟိတဆောင်ရွက်က
လက်မထောင်လိုက်ကြ။

ဝီရသူ (မစိုးရိမ်)
14.7.2018












No comments:

Post a Comment