Wednesday, July 25, 2018

“ပြိုင်ပွဲဝင်ကဗျာများ (၇)”


“ပြိုင်ပွဲဝင်ကဗျာများ (၇)”
=============

“လမ်းပေါ်ကရဟန်း”

အာဏာမက်လို့  မဟုတ်ဘူး
ဘာသာမပျက်ဖို့  သူလုပ်နေတာ…

အကျိုးတောင့်လို့  မဟုတ်ဘူး
အမျိုးစောင့်ဖို့  သူလုပ်နေတာ…

ဇာတာထင်းဖို့  မဟုတ်ဘူး
ဘာသာလင်းဖို့  သူလုပ်နေတာ…

အာဏာရမ္မက်နဲ့  ဘာသာဖျက်ပြီး
သာသနာပျက်အောင် လုပ်နေသူတွေက…
အပုတ်ချ မတရားကလော်လည်း
ဗုဒ္ဓရဲ့ သားတော်တွေမို့ 
ဗျာဒိတံ ဝစန သဘောနဲ့ 
စာရိကံ စရထ တောမှာ…
စမ်းတွေ့ တိုင်း မသောက်
ပန်းတွေ့ တိုင်း မကောက်ပေမယ့်
လမ်းတွေ့ တိုင်းတော့ လျှောက်နေရဦးမယ်…။

နန်းနတ်နေနွယ်နိုင်



No comments:

Post a Comment