“ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း သဘောထားထုတ်ပြန်ကြေညာချက်”
=====================================
(က) ၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ (၂၀၁၈-ခုနှစ်၊ မေလ
၃၁ ရက်)နေ့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်၌
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို
အထောက်အပံ့ပြုနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား
နားလည်မှုစာချွန်လွှာအား ကနဦး လက်မှတ်ရေးထိုးခြင်း ဟုလည်းကောင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်
အမှတ် ၃/၂၀၁၈ ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုကို
ဖွဲ့စည်းသွားရန်ရှိကြောင်းနှင့် ထိုကော်မရှင်တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအဝင်
အဖွဲ့ဝင် ၃ ဦး ပါအဝင်မည်ဖြစ်ပြီး ကော်မရှင်အား ပြည်တွင်းနှင့် နိုင်ငံတကာမှ ဥပဒေနှင့်
နည်းပညာကျွမ်းကျင်သူများက ပံ့ပိုးပေးမည်ဖြစ်ပါသည် ဟုလည်းကောင်း ထုတ်ပြန်ထားပါသည်။
ယခင်က ကိုဖီအာနန်ကော်မရှင်စသော ကော်မရှင်ပေါင်းများစွာ ဖွဲ့စည်းခဲ့သော်လည်း
မြန်မာနိုင်ငံအတွက် မည်သည့်ရလဒ်ကောင်းမျှ ထွက်ပေါ်မလာဘဲ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားများနှင့်သာ
ကြုံခဲ့ရပေါင်း များခဲ့ပါပြီ။ ထို့ကြောင့် နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် နိုင်ငံတော်သမ္မတရုံးတို့၏
ထုတ်ပြန်ချက်များအပေါ် များစွာစိုးရိမ်မကင်ဖြစ်ရကြောင်း တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးကြသည့်
ရဟန်း ရှင် လူ ပြည်သူများကိုယ်စား အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီးမှ
သဘောထားထုတ်ပြန်လိုက်သည်။
(ခ) တစ်ဖန်
၁၃၈၀ ပြည့်နှစ်၊ နယုန်လဆန်း ၁၃ ရက်၊ (၂၀၁၈-ခုနှစ်၊ မေလ ၂၇ ရက်)နေ့၌
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင်
အပိုဒ် ၃၊ ၄ တို့၌
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ဆက်လက်နေထိုင်လိုခြင်းမရှိသော နေရပ်စွန့်ခွာသူများသည်
၎င်းတို့၏သဘောဆန္ဒဖြင့် ယခုကာလအတောအတွင်း ၎င်းတို့အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ကြပါသည်။
ထိုသို့ပြန်လည်ဝင်ရောက်လာသူများအား ဒေသခံအဖွဲ့အစည်းများက တရားမဝင် ဝင်ရောက်သဖြင့် ဖမ်းဆီးအရေးယူကာ
အချို့ကို ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ခဲ့ပါသည် ဟုလည်းကောင်း၊
အဆိုပါ ခိုးဝင်ဘင်္ဂါလီများ၏ ကျခံရသော ပြစ်ဒဏ်များကို နိုင်ငံတော်သမ္မတက
လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ပါသည် ဟုလည်းကောင်း၊
၎င်းတို့အရေအတွက်မှာ ၆၂ ဦးခန့်ဟုလည်းကောင်း ဖော်ပြထားပါသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် လုပ်ရပ်များသည် တည်ဆဲမြန်မာနိုင်ငံ၏ ဥပဒေကို
အစိုးရကိုယ်တိုင်က မလိုက်နာရာကျပါသည်။ အဘယ်ကြောင့်ဆိုသော်
နယ်မြေလုံခြုံရေးနှင့်
အုပ်ချုပ်ရေးကို သက်စွန့်ကြိုးပမ်း တာဝန်ယူဆောင်ရွက်ပေးနေကြသော တာဝန်သိ တိုင်းရင်းသားပြည်သူများ
တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ တိုင်းပြည်အပေါ် စေတနာထား ဆောင်ရွက်မှုများကို အသိအမှတ်မပြုရာလည်း
ရောက်သည်၊ မှေးမှိန်သေးသိမ်အောင် ပြုလုပ်ရာလည်းရောက်သည်၊ တာဝန်ကို ဟန့်တားနှောက်ယှက်နေသည့်သဘောလည်း
သက်ရောက်သည်၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ရာလည်းရောက်သည်၊
ကိုယ့်ဆင်က ကိုယ့်တပ်ကိုပြန်နင်း၊ သူခိုးလက် ဓားရိုးကမ်းသည့် သဘောလည်းသက်ရောက်သည်၊
တရားဥပဒေစိုးမိုးရေးကို အဖျက်သဘောဆောင် အနုတ်လက္ခဏာပြုရာလည်းရောက်သည်၊ ၎င်းအပြင် အလွန်အရေးကြီးသော
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးကို လုံးဝ ဥပေက္ခာပြုရာလည်းရောက်သည်။
၎င်းအပြင် အကြမ်းဖက်ခိုးဝင်ဘင်္ဂါလီများပြန်လာရေးကို လိုလိုလားလား ပြန်လည်ခေါ်လက်ခံရုံမက
နေထိုင်စရာ အဆောက်အဦးကောင်းများ ဆောက်လုပ်ပေးခြင်းအပါအဝင် စားဝတ်နေရေးပြေလည်အောင်
ကူညီထောက်ပံ့မှုများ ရက်ရက်ရောရော ပေးနေသော်လည်း အကြမ်းဖက်ဘင်္ဂါလီများ၏ အကြမ်းဖက်မှုကိုခံရသော
ဒေသခံ နစ်နာသူ ကိုယ့်လူမျိုးတိုင်းရင်းသားများကိုတော့ လျစ်လျှူရှုထားခြင်းသည် အမေကျော်
ဒွေးတော် (ထွေးတော်)လွမ်းသည့် သဘောဖြစ်၍ လူကြီးလူကောင်း လုံးဝ မဆန်သော လုပ်ရပ်ဖြစ်သည်။
ထို့အပြင် မြန်မာလူမျိုးများ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးအတွက်
ပြည်ထောင်စုအတိုင်းအတာဖြင့် တာဝန်ပေးခြင်းခံထားရသူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး
ဒေါတာဝင်းမြင့်အေးက တစ်ဖက်နိုင်ငံရောက် ဘင်္ဂါလီများ နစ်နာမှုရှိပါက အမှုဖွင့်တိုင်ကြားနိုင်ကြောင်းနှင့်
နိုင်ငံတော်စရိတ်နှင့် သက်သေများကိုပင် ခေါ်ပေးမည်ဟု ပြောကြားချက်သည် လုပ်သင့်သည်ကိုမလုပ်ဘဲ
မလုပ်သင့်သည်ကို လုပ်ဆောင်ရာရောက်ခြင်းကြောင့် တလွဲဆံပင်ကောင်း၊ အမေကျော် ဒွေးတော်(ထွေးတော်)လွမ်းနေခြင်းသာဖြစ်သဖြင့်
အလွန်မသတီစရာ စက်ဆုပ်စရာ ပြောကြားချက်ဖြစ်သည်။ မြန်မာ့ပြည်ထောင်စုဝန်ကြီးလား ဘင်္ဂါလီနိုင်ငံဝန်ကြီးလား
ဟုပင် မေးခွန်းထုတ်ရမည့် ဝန်ကြီးတစ်ပါးပင်ဖြစ်သည်။
အချုပ်အားဖြင့် လက်ရှိနိုင်ငံတော်တာဝန်ယူထားသည့် အစိုးရနှင့် တိုင်းဒေသကြီး
ပြည်နယ် အစိုးရအဖွဲ့အစည်းအဆင့်ဆင့်များအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ
အစိုးရနှင့် ပြည်သူ၊ တပ်မတော် သုံးဦးသုံးဖလှယ် လက်တွဲညီညီ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏
အကျိုးစီးပွားကို အထူးဦးစားပေးလုပ်ဆောင်ကြပါဟု အထုးအလေးအနက်ထား တိုက်တွန်းကြောင်း
တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးကြသည့် ရဟန်း ရှင် လူ ပြည်သူများကိုယ်စား အမျိုးဘာသာ
သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီးမှ သဘောထားထုတ်ပြန်လိုက်သည်။
စာအမှတ် - ၀၀၀၃/ စီမံ- ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း/ ၂၀၁၈
နေ့စွဲ - ၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ (ဇွန်လ ၂၊ ၂၀၁၈)
စနေနေ့။
ဦးဆောင်တာဝန်ခံနာယကများ
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းကြီး
No comments:
Post a Comment