Sunday, March 4, 2018

“NDF ပါတီ ရုံးဖွင့်ပွဲ”



“NDF ပါတီ ရုံးဖွင့်ပွဲ”
===========
28.2.2018 မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ယာ ၄၆×၄၇ လမ်းကြား စပယ်လမ်းတောင်ဘက် မမ-၂၇ တိုက်အမှတ်(၆) အခန်းအမှတ်-၀၀၁ မြေညီထပ်မှာ ကျင်းပပါတယ်။
မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ၊ မျိုးချစ်သမဂ္ဂဥက္ကဋ္ဌဆရာတော်လေး အရှင်န္ဒကတို့နှင့်အတူ ကြွရောက်ခဲ့ပါတယ်။
မနက်စာ အရုဏ်ဆွမ်းအဖြစ် မုန့်တီဆွမ်း ဆက်ကပ်တာပါ။
NDF ပါတီ မန္တလေးတိုင်း တိုင်းရုံးဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် ဆွမ်းကပ် ပရိတ်တရားနာယူပွဲပါ။
ဆရာတော်ကြီးက ညီညွတ်ရေးတရား နိုးကြားရေးတရား သြဝါဒအဖြစ် ဟောကြားတော်မူခဲ့ပါတယ်။
ဆွမ်းစားအပြီးမှာ NDF ပါတီ အကြီးအကဲများနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်ကြပါတယ်။
NDF ပါတီအကြီးအကဲတွေကတော့ ဦးခင်မောင်ဆွေအပါအဝင် အားလုံးနီးပါး ရန်ကုန်မှလာရောက်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်။
















No comments:

Post a Comment