“တရားပွဲများ
လက်ခံနေပါပြီ”
================
ပရိသတ်ကြီး
မင်္ဂလာပါ။
ဦးပဉ္စင်းဝီရသူ
တရားပွဲပိတ်ပင်မှု တစ်နှစ်ပြည့်ပါတော့မည်။
မတ်လ ၉ ရက်နေ့ဆိုရင်
ပိတ်ပင်ထားမှု တစ်နှစ်တင်းတင်းပြည့်တော့မှာပါ။
မတ်လ ၁၀ ရက်နေ့မှစ၍
ပြန်လည်ဟောကြားလို့ရပါပြီ။
ဒီကြားထဲမှာ
အနီအကြောင်တွေက ဖမ်းဆီးအရေးယူဖို့ မဟနထံ တောင်းဆိုတာတွေ တရားပွဲ ပိတ်ပင်မှု နှစ်ထပ်တိုးဖို့
မဟနထံ လျှောက်ထားတာတွေကြောင့် တရားပွဲများကို လက်မခံသေးဘဲ စောင့်ကြည့်နေခဲ့တာပါ။
မဟန လေးငါးပါးကို
နေပြည်တော်သို့ပင့်ပြီး ၄၇ ပါးစုံညီဟုဆိုကာ တစ်ကမ္ဘာလုံး မုသာဝါဒသုံးပြီး သွားလေသူ ဂျောနီဝါကားအပါအဝင် ထမီခြုံတစ်စုက လိမ်လည်ကြေညာချက်ထုတ်တာမျိုးလဲ
မတွေ့ရတော့ပါဘူး။
ဒါကြောင့်
တရားပွဲတွေ ပြန်လည် လက်ခံပါတော့မည်။
တစ်ခုတော့ရှိပါတယ်။
တရားပွဲထပ်တိုးချင်တာကို
ဘယ်လိုမှ တိုးလို့မရတဲ့အခါ တရားဟောလို့မရနိုင်အောင် လူကောင်ကြီးကို ထောင်ဖမ်းမယ်ဆိုရင်တော့
မပြောနိုင်ဘူးပေါ့ဗျာ။
ပြောမရဘူးလေ
သေနတ်အာဏာရှင်ထက် တဘက်အာဏာရှင်က ပိုပြီးအာဏာရှင်ဆန်တယ်မဟုတ်ဘူးလား။
ဆက်သွယ်ရန်
ကိုအောင်ကိုဝင်း
09.444010028
No comments:
Post a Comment