"NLDအစိုးရလက်ထက်
အမျိုးသားရေးယုံကြည်ချက် အချုပ်သားတစ်ဦး၏ ပစ္စက္ခဘဝအခြေအနေ"
====================================================
ကိုကျော်မျိုးရွှေရဲ့
ကျန်းမာရေးအခြေအနေကတော့ မြင်တဲ့အတိုင်းပါပဲ။
ဒီရောဂါက
အခုမှ ချက်ချင်းလက်ငင်းကြီး ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။
နဂိုကတည်းက
ကုသမှုခံယူနေတဲ့ရောဂါပါ။
ခါးရိုးတီဘီလို့ခေါ်ပါတယ်။
အခုလိုနေ့ချင်းညချင်းကြီး
အခြေအနေဆိုးသွားတာကတော့ အပြင်ထွက်၍ ဆေးကုသမှုခံယူခွင့်မရခြင်း၊ ပြည်သူ့ဆေးရုံကြီးသို့
တက်ရောက်ကုသခွင့်မရခြင်း၊ အပတ်စဉ်ပုံမှန် ရုံးထွက်နေရခြင်းတို့ကြောင့် ဖြစ်ပါတယ်။
ဆေးရုံတက်ဖို့
ထောင်ဆရာဝန်ကရော၊ ထောင်ပိုင်ကြီးကပါ ခွင့်ပြုပါတယ်။
ကိုကျော်မျိုးရွှေရဲ့
အခြေအနေကို ဖုန်းဆက်မေးမြန်းတဲ့အခါမှာလည်း ထောင်အရာရှိတွေက အမှန်တကယ် ကျန်းမာရေးချို့တဲ့တာဖြစ်ကြောင်းပဲ
ဒိုင်ခံဖြေကြားပါတယ်။
ထောင်ထဲကို
တိုင်းတရားသူကြီးချုပ်တို့ လာရောက်လှည့်လည်တဲ့အခါမှာလည်း ကိုကျော်မျိုးရွှေရဲ့ ကျန်းမာရေးအခြေအနေကို
အရှိအတိုင်း မြင်သွားပါတယ်။
ထောင်ဆရာဝန်နှင့်
ထောင်ပိုင်ကြီးရဲ့ ကျေးဇူးကြောင့် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခွင့် ရခဲ့ပေမယ့်
ဆေးရုံတက်ခွင့်မရခဲ့ပါဘူး။
ဆေးရုံကြီး
တာဝန်ရှိ ဆရာဝန်တွေက ဆေးရုံတက်ခွင့်မပေးလို့ပါပဲ။
ပထမသွားနိုင်လာနိုင်တုန်းက
သွားနိုင်လာနိုင်သေးလို့ ဆေးရုံတက်ခွင့်မပေးနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
မသွားနိုင်မလာနိုင်ပေမယ့်
ထိုင်နိုင်ထနိုင်သေးတဲ့အချိန်မှာလည်း ထိုင်နိုင် ထနိုင်သေးလို့ဆိုပြီး ဆေးရုံတက်ခွင့်မပေးခဲ့ပါဘူး။
မထိုင်နိုင်
မထနိုင် အိပ်ယာထဲလဲနေမှ ဆေးရုံတက်ခွင့်ပေးနိုင်မယ်လို့ ပြည်သူ့ဆေးရုံကြီး တာဝန်ရှိဆရာဝန်ကြီးတစ်ဦးက
ပြောလိုက်ပါတယ်။
အခု လုံးဝ
မထိုင်နိုင် မထနိုင်တဲ့အချိန် အိပ်ယာထဲ ပက်လက်လဲတဲ့အချိန်ရောက်ပြန်တော့လည်း ဆေးရုံတက်ခွင့်မပေးဘဲ
ထောင်ထဲပဲ ပြန်လွှတ်လိုက်ပါတယ်။
ဒီတစ်ခါတော့
ဘာအကြောင်းပြချက်မှမပေးတော့ဘဲ တစ်လခွဲနေမှ ပြန်လာပြလို့ပဲ ပြောလိုက်တာပါ။
အခုလို ကျန်းမာရေးအခြေအနေဆိုးဝါးလာတာကြောင့်
အာမခံလျှောက်ထားရင်ရနိုင်တယ် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ အာမခံပေးခွင့်ရှိတယ်လို့
ဥပဒေလုပ်ထုံးလုပ်နည်းရှိတာကြောင့် အာမခံတောင်းပါတယ်။
ထောင်ဆရာဝန်ကိုယ်တိုင်
လာရောက်ထွက်ဆိုနိုင်မှ အာမခံပေးနိုင်မယ်လို့ အရင်တရားသူကြီးမက ပြောပါတယ်။
ဒါနဲ့ ထောင်ပိုင်ကြီးထံ
မိသားစုသွားပြီး တင်ပြတဲ့အခါ အဲ့ဒီလို လုပ်ထုံးလုပ်နည်းတော့ ထုံးစံမရှိဘူး ဆေးစာရှိတယ်
ဆရာဝန်လက်မှတ်ပါတယ် ထောက်ခံစာရေးပေးလို့ရတယ်လို့ ပြောပါတယ်။
အရင်တရားသူကြီးမဟာ
အာမခံမပေးရဲလို့ မဖြစ်နိုင်တဲ့နည်းကို သုံးစွဲသွားတာပါ။
အာမခံပေးလိုက်ရင်
နောက်ကွယ်က လက်အနီအကြောင်ကြီးတွေက ပေးမဲ့ဒုက္ခကိုလည်း သူသိထားလို့ ဖြစ်မှာပါ။
ဒါနဲ့ အခု
17.1.2018 ရက်နေ့ ရုံးချိန်းမှာ ထောင်ဆရာဝန်လက်မှတ်ဆေးစာတွေ တင်ပြီး တရားသူကြီးမ အသစ်ထံ
အာမခံတောင်းပါတယ်။
ထောင်ဆရာဝန်ရဲ့
လက်မှတ်တွေလည်းပါတယ်၊ လူနာရဲ့အခြေအနေကိုလည်း ကိုယ်တိုင်မြင်နေရတယ်၊ ထောင်ကလည်း ရောဂါအခြေအနေဆိုးဝါးကြောင်းအတည်ပြုပေးတယ်၊
ဒါပေမယ့် အာမခံမပေးခဲ့ပါဘူး။
ပြည်သူ့ဆေးရုံကြီး
အရိုးအထူးကုဆရာဝန်ကြီးကို ဆင့်ခေါ်ပြီး ထွက်ဆိုခိုင်းဦးမယ်လို့ ပြောနေပါတယ်။
ဒါဟာလည်း
အရင်တရားသူကြီးမအတိုင်း မဖြစ်နိုင်တဲ့နည်းလမ်းကို ရှာကြံလုပ်ခိုင်းလိုက်တာပါပဲ။
ထောင်ထဲကို
လာလေ့လာတဲ့ တိုင်းတရားသူကြီးချုပ်ကလည်း ကိုကျော်မျိုးရွှေ၏ ကျန်းမာရေးအခြေအနေကို မျက်မြင်ဒိဋ္ဌ
တွေ့မြင်သွားခဲ့ရပြီပဲ။
တရားသူကြီးအဆက်ဆက်လည်း
တွေ့မြင်နေရပြီပဲ။
ထောင်ဆရာဝန်၊
ထောင်ပိုင်ကြီး အပြည့်အဝ လက်မှတ်ထိုးပေး ထောက်ခံပေးထားပြီပဲ၊ အာမခံမပေးချင်လို့ကို
မပေးဘဲနေတာ။
သူတို့ပေးချင်တဲ့သူကျ
အချုပ်ခန်းထဲတောင်မဝင်လိုက်ရဘူး၊ တရားလိုကိုတောင် မမြင်ဖူးသေးဘူး၊ ရဲကဖမ်းလာပြီးတရားရုံး
ယမန်ယူဖို့ ရောက်လာတုန်းပဲရှိသေးတယ် ချက်ချင်းအာမခံပေးလွှတ်လိုက်တယ်။
၆၆(ဃ)က အဲဒီတုန်းက
(၃)နှစ်အထိ ထောင်ဒဏ်ချမှတ်လို့ရတဲ့ ပုဒ်မပါ။
၅၀၅(ခ)က
(၂)နှစ်အထိပဲ ထောင်ဒဏ်ချမှတ်လို့ရတဲ့ပုဒ်မပါ။
နှစ်ခုစလုံး
အာမခံပေးခွင့်မရှိတဲ့ပုဒ်မတွေပါ။
ဒါပေမဲ့ တစ်ယောက်သောသူက
အာမခံရပြီး တစ်ယောက်သောသူက သေနိုင်လောက်တဲ့ ရောဂါဝေဒနာပြင်းထန်စွာ ခံစားနေရတာတောင်
ဆေးရုံတက်ခွင့်မပေး၊ အာမခံလုံးဝမပေးဘဲ အခုလို ပညာပြနှိပ်ကွပ်နေကြတာပါ။
ဆေးရုံကိုစုံစမ်းလိုက်တော့လည်း
အထက်Pressure ရှိလို့ ဆေးရုံတက်ခွင့် မပေးရဲဘူးဆိုတဲ့အသံပဲ ကြားရပါတယ်။
တရားရုံးစုံစမ်းကြည့်တော့လည်း
အထက်Pressure ရှိလို့ အာမခံမပေးရဲတာဖြစ်နိုင်တယ်ဆိုတဲ့ အသံပဲထပ်မံကြားရပါတယ်။
ဒီလောက်ဆိုရင်တော့
သဘောပေါက်ပါ။
တကယ်တမ်းကျတော့
အစိုးရဆိုတာ အစိုးရပါပဲ။
အာဏာဆိုတာ
အာဏာပါပဲ။
နိုင်ငံရေးဆိုတာ
နိုင်ငံရေးပါပဲ။
အစိုးရဆိုတာ
အာဏာကိုထိပါးလာရင် ဘယ်သူ့ကိုမှ မညှာတာတဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ အတန်းစားမျိုးတွေပဲဆိုတာ
ပေါ်လွင်တာပါပဲ။
ဥပဒေတွေ ကျင့်ထုံးတွေ
လုပ်ထုံးလုပ်နည်းတွေ လူ့အခွင့်အရေးတွေ လူသားချင်းစာနာမှုတွေ အကျဉ်းသားအခွင့်အရေးဆိုတာတွေ
အချုပ်သားအခွင့်အရေးဆိုတာတွေ တရားဥပဒေစိုးမိုးရေးဆိုတာတွေ စတာတွေ စတာတွေဟာ ဘာမှ မဟုတ်ပါဘူးဗျာ။
ဝီရသူ(မစိုးရိမ်)
17.1.2018
PM 10:07























No comments:
Post a Comment