"ဘယ်အစိုးရမှ အမျိုးသားရေးစိတ်ဓာတ်နဲ့ကင်းပြီး ရပ်တည်လို့မရနိုင်ဘူး(အပိုင်း-၁)"
(ဆရာတော်ဦးဝီရသူနှင့်
မေးသမျှ ဖြေသမျှ)
မေး- ဒီရက်ပိုင်းအတွင်းမှာပဲ
ဝန်ကြီးချုပ်တစ်ယောက်နဲ့ ၀န်ကြီးငါးယောက်ထိ အပြောင်းအလဲဖြစ်ခဲ့ပါတယ်ဘုရား။ အဲဒီအပေါ်မှာ
ဘယ်လိုသုံးသပ်ချင်ပါသလဲဘုရား။
ဖြေ - ရည်ရွယ်ချက်ကတော့
အပြောင်းအလဲလုပ်ချင်လို့ အောက်ခြေကနေ စပြောင်းတဲ့သဘောပေါ့။ ဒါပေမဲ့ ဒီလောက်လေးနဲ့ ရပ်သွားပြီဆိုရင်
ဘာမှ ထူးမှာမဟုတ်ဘူးလေ။ မိုးမလုံတဲ့ခေါင်ကို ၀ိုင်းပြီးတော့ မိုးကြကာကြရမှာကို အိမ်တိုင်တွေ
အစားထိုးနေတယ်၊ ကြမ်းခင်းတွေချွတ်ပြီးတော့ အစားထိုးနေတယ်ဆိုရင် ဒီအိမ်က ဆွေးမှာက ဆွေးမှာပဲလေ။
အိမ်သူအိမ်သားတွေက မိုးဒဏ်ခံရမှာက ခံရမှာပဲလေ။
စနစ်ကြီးတစ်ခုကို
အပြောင်းအလဲလုပ်ချင်တယ်ဆိုရင်တော့ အထက်ဆုံးက ပုဂ္ဂိုလ်ကိုပြောင်းရင်ပြောင်း သို့မဟုတ်
အထက်ဆုံးက ပုဂ္ဂိုလ်ကို လုံးဝ ပြောင်းမရဘူးဆိုရင် သူ့ရဲ့လုပ်ပိုင်ခွင့်တွေကို လျှော့ချနိုင်သမျှ
လျှော့ချ၊ ဒါမှမဟုတ် သူကိုင်တွယ်နေတဲ့ နည်းဗျူဟာတွေကို အပြောင်းအလဲလုပ်ရင်လုပ် ဒါမှ
တကယ်အပြောင်းအလဲဖြစ်သွားမှာပါ။
အခုဟာက ဓားစာခံတွေပါ။
တာဝန်အရှိဆုံး ပြည်ထောင်စုအစိုးရအဖွဲ့ထဲကမပါဘဲနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကိုပဲ
အပြောင်းအလဲလုပ်နေတာလေ။
ဒါကြောင့်မို့
ဒီအပြောင်းအလဲကတော့ ရလဒ်ကောင်းထွက်လာနိုင်တဲ့အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်မလားဆိုတာ
ဝိုင်းပြီးစောင့်ကြည့်ဖို့ လိုဦးမယ်။
မေး- ပြီးခဲ့တဲ့
၂ဝ၁၇ မှာ စီးပွားရေးနဲ့ပတ်သက်ပြီး အားလုံးနားလည်တာကတော့ ပညာရှင်တွေသုံးသပ်တာရော၊ ပြည်သူလူထုတွေခံစားရတာရောကတော့
စီးပွားရေးကျဆင်းတယ်လို့ပဲ နားလည်ကြတယ်ပေါ့။ နိုင်ငံခေါင်းဆောင်တစ်ဦးက စီးပွားရေးတိုးတက်မှုရှိတယ်လို့
ပြောတယ်ဆိုတော့ ပြည်သူတွေ တကယ်ကြုံနေရတာနဲ့ သူပြောတာနဲ့က ဘာကြောင့်လွဲမှားမှုတွေဖြစ်နေရတာလဲဘုရား။
ဘယ်လိုကြောင့်လို့ ထင်ပါသလဲ။
ဖြေ - အဲဒါကတော့
အမျိုးမျိုးပြောစရာရှိတာပေါ့နော်။ ဦးနေ၀င်းတို့လိုပဲ အားလုံးကောင်းပါတယ်ဗျ ဆိုတဲ့
အစီရင်ခံမှုတွေကြောင့် ဒီလိုပြောသလား။
ဒါမှမဟုတ်
ကိုယ်ကိုယ်တိုင်ကိုက ပြည်သူလူထုနဲ့ တအားကြီးကင်းကွာနေပြီးတော့ ကိုယ့်ထင်မြင်ချက်နဲ့
ပြောသလား။ ဘယ်လိုပဲပြောပြော ဒီလိုပြောတာကြီးက ပကတိအရှိတရားနဲ့ ဆန့်ကျင်ဘက်ကြီးဖြစ်နေတော့
ပိုပြီး ဝေဖန်စရာဖြစ်သွားတာပေါ့လေ။
အဲဒီတော့
အချက်သုံးချက်ရှိတယ်။
သိလျက်နဲ့
တမင်ပြောတာဆိုရင်လည်း ဒါဟာ ဧရာမ မုသာဝါဒကြီးပဲလေ။
မသိလို့ပြောတာဆိုရင်လည်း
ဒီနေရာနဲ့ မထိုက်တန်ဘူးဆိုတာ ပြသသွားတာလေ။
ကုန်ဈေးနှုန်းတက်နေတာကြီးကို
ကိုယ်တက်ချင်တဲ့ စီးပွားရေးနဲ့လွဲပြီးတော့ စီးပွားရေးအလျင်အမြန်တိုးတက်နေပါတယ်လို့
လွဲမှားပြီးပြောတာမျိုးလည်းဖြစ်နိုင်တာပေါ့လေ။
အဲဒီလို လွဲမှားမှုမျိုးကျတော့လည်း
အခါခါလွဲမှားလို့ မကောင်းဘူး။
အာဆီယံမှာတုန်းက
တစ်ခါလွဲခဲ့ပြီ၊ အခုလည်းလွဲပြန်ပြီဆိုတော့ အလွဲခေါင်းဆောင်ကြီးကိုပဲ ကိုးကွယ်နေရမယ့်ခေတ်ပြန်ရောက်သွားတာပေါ့။
မေး- နောက်တစ်ခုသိချင်တာက
အခုရက်ပိုင်းမှာ လူပြောများနေတဲ့ သတင်းဌာနတစ်ခုပေါ့ဘုရား။ အရှင်ဘုရားနဲ့လည်း ဆုံဖူးမယ်ထင်ပါတယ်ဘုရား။
အယ်ဂျားဇီယား-သတင်းဌာနနဲ့
ဆုံခဲ့ဖူးလားဘုရား။ အဲဒီသတင်းဌာနကို ဘယ်လိုသုံးသပ်လို့ရမလဲဘုရား။
ဖြေ - အယ်ဂျားဇီးယားသတင်းဌာနက
ဦးဇင်းနဲ့ဆုံခဲ့ဖူးတုန်းကတော့ ထွေထွေထူးထူးသိပ်ပြီးတော့ မမေးပါဘူး။ မျှမျှတတလည်းရှိပါတယ်။
ဒါပေမယ့်လည်း
ရခိုင်အရေး၊ ဘင်္ဂါလီအရေးလွှင့်တာတော့ အယ်ဂျားဇီးယားက အလိမ်အညာ တစ်ဖက်စောင်းနင်းတွေ လွှင့်တာပေါ့။
သူတို့က တစ်ဖက်သတ်တင်ပြလာတဲ့သတင်းတွေကိုပဲ အတည်ပြုပြီးတော့
လွှင့်သွားတာပေါ့။ မတူညီတဲ့အခြားတစ်ဖက်ကို သတင်းစုံစမ်းမေးမြန်းမှု အတည်ပြုချက်ရယူမှုမရှိတော့ဘဲနဲ့
တစ်ဖက်စောင်းနင်းလွှင့်တာပေါ့။
အဲဒီတော့
အယ်ဂျားဇီးယားသတင်းဌာနဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်ရင် အင်မတန်မှ အန္တရာယ်ရှိတဲ့
သတင်းဌာနကြီးတစ်ခုလို့ သတ်မှတ်ရမှာပါ။ အဲဒီ ဌာနကို မဟုတ်မဟတ်တွေ သတင်းတွေပေးနေတဲ့သူတွေကလည်း
တိုင်းပြည်ရဲ့ အန္တရာယ်ကောင်တွေပါပဲ။ ပြောရမယ်ဆိုရင် အမျိုးသားသစ္စာဖောက်တွေ လောက်ကောက်တွေပေါ့လေ။
မေး- အရှင်ဘုရားလုပ်နေတဲ့
အမျိုးသားရေးကို နားလည်လက်ခံတဲ့သူတွေရှိသလို နားမလည်ဘဲ သဘောမတွေ့တဲ့သူတွေလည်း ရှိတယ်ပေါ့ဘုရား၊
နှစ်ပိုင်းကွဲနေတာပေါ့ဘုရား။
နားလည်သူတွေကို ဘာပြောချင်လဲ။ နားမလည်တဲ့သူတွေကိုကော ဘာပြောချင်လဲ။
ဖြေ - ဟုတ်တယ်။
ဦးဇင်းလုပ်တဲ့အလုပ်တွေကတော့ အငြင်းပွားစရာတွေဖြစ်နေတာပေါ့နော်။ နားလည်တဲ့အပိုင်းကတော့
သံဃာတော်တွေများပါတယ်။
ပြီးရင် အမျိုး
ဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ ဖြူစင်တဲ့ပြည်သူတွေများပါတယ်။ အဲဒီ နားလည်တဲ့သူတွေကိုပြောချင်တာကတော့
လင်းရောင်ခြည်ကတော့ သန်းလာပါပြီ။ ဟိုအရင်တုန်းကလို အတိုက်အခိုက်တွေ အခြိမ်းအခြောက်တွေကြားမှာ
နေရသလောက်တော့လည်း အန္တရာယ်မကြီးတော့ပါဘူး။
ဒါကြောင့်မို့
ရွပ်ရွပ်ချွန်ချွန်ဆက်လက်ပြီး လုပ်ကိုင်ကြပါလို့ ပြောချင်တာပေါ့နော်။
နားမလည်တဲ့အသိုင်းအ၀ိုင်းလည်း
ရှိပါတယ်။ တကယ်နားမလည်ဘူးဆိုရင်တော့ အဲဒီပုဂ္ဂိုလ်တွေကိုနားလည်အောင်လုပ်ဖို့က မခဲယဉ်းဘူးပေါ့လေ။
ဒါပေမဲ့ တကယ်နား မလည်တာမဟုတ်ဘဲနဲ့ နိုင်ငံရေး ဆေးဆိုးခံရတဲ့အတွက်ကြောင့် သူတို့တတွေက
တစ်ဖက်သတ် အထင်အမြင်လွဲမှားနေတယ်လို့ပဲ ပြောရမှာပေါ့နော်။ နောက် တကယ်နားလည်ပါလျက်နဲ့
နိုင်ငံရေးအတ္တစွဲတို့ ပုဂ္ဂိုလ်စွဲတွေကြောင့် ထိုးနှက်နေတာလည်းတွေ့ရတာပေါ့နော်။
နားမလည်တဲ့သူတွေပဲဖြစ်ဖြစ်၊
နားလည်လျက်နဲ့ပဲ တမင်တကာတိုက်ခိုက်နေတဲ့သူတွေပဲဖြစ်ဖြစ် ပြောလိုက်ပါ ဗီယက်နမ်မှာ ဟိုချင်မင်းရဲ့
စကားတစ်ခွန်းရှိတယ်။
ဗီယက်နမ်ပြည်သူတွေရဲ့
လျှို့ဝှက်လက်နက်ဟာ မျိုးချစ်စိတ်ဓာတ်ပဲတဲ့။
အဲဒါကြောင့်မို့
ဘယ်နိုင်ငံရေးသမားမှ မျိုးချစ်စိတ်နဲ့ကင်းပြီး ရပ်တည်လို့ မရနိုင်ဘူး။
ဘယ်အစိုးရမှ
အမျိုးသားရေးစိတ်ဓာတ်နဲ့ကင်းပြီးရပ်တည်လို့ မရနိုင်ဘူး။
အမျိုးသားရေးကို
ပစ်ပယ်တဲ့ နိုင်ငံရေးဟာ နိုင်ငံကိုသစ္စာဖောက်တဲ့ နိုင်ငံရေးပဲ။
လော်တာလည်း
ကြည့်လော်ပေါ့။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို သစ္စာဖောက်လောက်တဲ့အဆင့်ထိ လော်တာကြီးကတော့
မကောင်းဘူး၊ အန္တရာယ်ကြီးတယ်လို့ ပြောချင်ပါတယ်။
မေး- တစ်ဆက်တည်းပြောရရင်
အရှင်ဘုရားနဲ့ပတ်သက်လာရင် ဖြစ်တဲ့ပြဿနာက အမျိုးသားရေးနဲ့
အစ္စလာမ်မုန်းတီးရေးကို
ခွဲမပြောဘဲ ရောချလိုက်တာမျိုးဖြစ်မယ်ထင်ပါတယ်ဘုရား။ အရှင်ဘုရားလုပ်တဲ့ဟာတွေက အစ္စလာမ်မုန်းတီးရေးဖြစ်တယ်၊
အမုန်းစကားပြောနေတာဖြစ်တယ်လို့ အမြဲပြောကြတယ်ပေါ့ဘုရား။ အဲတော့ အမျိုးသားရေးနဲ့ အစ္စလာမ်မုန်းတီးရေးကြားမှာ
ဘယ်လောက်ကွာဟလဲဘုရား။ ဘယ်လိုတွေခြားနားလဲဘုရား။
ဖြေ - နားလည်တဲ့သူကျတော့
နားလည်တာပေါ့။ နားမလည်တဲ့သူကျတော့လည်း ရောထွေးပြီး ရိုက်သွားတာပေါ့။
တကယ်တမ်းကျတော့
ကုလားကိုမုန်းတီးတာဟာ အမျိုးသားရေးမဟုတ်သလို၊
တရုတ်ကို မုန်းတီးတာကလည်း အမျိုးသားရေးမဟုတ်ပါဘူး။
တစ်နိုင်ငံလုံးရဲ့
အကျိုးစီးပွားကို ရှေးရှုတာကမှ အမျိုးသားရေး။ တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တာကမှ
အမျိုးသားရေး။
ကုလားမုန်းတီးရေးလို့
ဘာလို့ပြောနေကျသလဲဆိုတော့ တစ်မျိုးသားလုံးရဲ့အကျိုးစီးပွားကို အန္တရာယ်အပြုဆုံးဟာ ဘယ်သူတွေလဲ။
အဲဒီသူတွေရဲ့
ကြွေးကြော်မှု စော်ကားမှု ယုတ်မာမှု ရက်စက်မှု ဒါတွေကို ပြည်သူလူထုသိအောင်ချပြနေတဲ့အတွက်ကြောင့် လူမျိုးရေးခွဲခြားသူကြီးလို့
တံဆိပ်အကပ်ခံလိုက်ရတာပါ။
တကယ်တမ်းကျတော့
မူဝါဒ သတ်သတ်မှတ်မှတ်ရှိပါတယ်။
ဦးဇင်းတို့က
အမှတ်တစ် မွတ်ဆလင်၊ အမှတ်နှစ် မွတ်ဆလင်၊ အမှတ်သုံး
မွတ်ဆလင်ဆိုပြီးတော့ ခွဲခြားထားတာလေ။
အမှတ်တစ်မွတ်ဆလင်ဆိုတာ
မြန်မာ့ယဉ်ကျေးမှုနဲ့အညီနေပြီးတော့ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတဲ့ ပြည်သူလူထုနဲ့ သဟဇာတဖြစ်တဲ့
မွတ်ဆလင်တွေပေါ့။ အဲဒီ မွတ်ဆလင်တွေကျတော့ ဦးဇင်းတို့က ညီရင်းအစ်ကိုလိုသဘောထားတယ်။
လိုအပ်ရင် အန္တရာယ်ကင်းအောင် သူတို့ကို အကာအကွယ်ပေး စောင့်ရှောက်လိုစိတ်တွေရှိတယ်။
နံပါတ်နှစ်မွတ်ဆလင်တွေကျတော့
ဒီနိုင်ငံမှာနေပေမယ့် ဒီနိုင်ငံကို မိတ်ဆွေလိုသဘောမထားဘူး။
ဒီနိုင်ငံရဲ့
ကျေးဇူးမှုကို မသိဘူး။ အာရပ်ယဉ်ကျေးမှုကိုပဲ သူတို့ ချစ်မြတ်နိုးပြီး အာရပ်ယဉ်ကျေးမှုကြီးကိုပဲ
အတင်းအဓမ္မထူထောင်နေတယ်။ သူတို့တတွေက သူတို့ယဉ်ကျေးမှုအရ ထူထောင်တာကို ဦးဇင်းတို့က အပြစ်မပြောပေမယ့်
အဲဒီလို ကန့်လန်တိုက်ပြီး ထူထောင်နေတာဟာ အစွန်းရောက်သွားနိုင်တယ်လေ။
နံပါတ်နှစ်အမျိုးအစားမွတ်ဆလင်ကိုတော့
ဦးဇင်းတို့က စောင့်ကြည့်ရမည့်စာရင်းထဲကို ထည့်ထားတာပေါ့နော်။
နံပါတ်သုံးကတော့
ဂျီဟတ်ဝါဒီတွေပေါ့။ မိန်မများများယူမယ်၊ ကလေးများများမွေးမယ်။ လူဦးရေများလာရင် ရခိုင်ပြည်
ဘူးသီးတောင် မောင်တောမှာလိုပဲ ဂျီဟတ်တွေ အကြိမ်ကြိမ်လုပ်မယ်။ အဲဒီပုံစံမျိုး အယူရှိတဲ့သူတွေကိုတော့
ဦးဇင်းတို့က တတိယအမျိုးအစားမွတဆလင်အဖြစ်သတ်မှတ်ထားတာပေါ့။ အဲဒီမွတ်ဆလင်ကတော့ တိုင်းပြည်ရဲ့အန္တရာယ်ကောင်တွေပဲလေ။
သူတို့တတွေပေးလာမည့် အန္တရာယ်တွေကို ဦးဇင်းတို့က အခုကတည်းက ကြိုတင်ပြီး ကာကွယ်စောင့်ရှောက်တာဟာ
သူတို့ကို မုန်းလို့မဟုတ်ဘူး။ ပြည်သူလူထုကို ချစ်မြတ်နိုးလို့ပဲ ပြောရမှာပါ။
ဒါကြောင့်မို့လို
အမျိုးသားရေးနဲ့ ကုလားမုန်းတီးရေး ခွဲခြားပြီး မြင်ပေးကြပါလို့။ အမှတ်တစ် အမျိုးအစားမွတ်ဆလင်တွေကို
မိတ်ဆွေအဖြစ်ဆက်ဆံနေတယ်ဆိုတာ ဒိုင်းမွန်းရွှေကြည် သက်သေရှိပါတယ်လို့။
(ဆက်လက်ဖော်ပြပါမည်)

No comments:
Post a Comment