"သမိုင်း၏တရားခံ
မဖြစ်စေနှင့်"
=================
အပိုဒ်(၁)
အစွန်းရောက်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုများမှတစ်ဆင့်စတင်ဖြစ်ပေါ်လာခဲ့သည့် မတည်မငြိမ်မှုများ
မြင့်တက်လာမှုကြောင့် လူမှုအသိုက်အဝန်းအားလုံးမှ အရပ်သားများ၏ ဒုက္ခခံစားမှုများနှင့် နေရပ်ပြောင်းရွှေ့တိမ်းရှောင်ခဲ့ရမှုများအပေါ်
မြန်မာအစိုးရအနေဖြင့်လည်း နိုင်ငံတကာနည်းတူ စိုးရိမ်ပူပန်မှု အပြည့်အဝရှိပါသည်။
ဝေဖန်ချက်-----
မြန်မာအစိုးရအနေဖြင့်လည်း
နိုင်ငံတကာနည်းတူ စိုးရိမ်ပူပန်မှု အပြည့်အဝရှိပါသည်ဟူသော စကားသည် ကြောင့်ကြမဲ့မနေဘဲ
တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိကြောင်း ပြဆိုလိုက်ခြင်းပင်ဖြစ်ပါသည်။ ထိုအတွက် အပြည့်အဝထောက်ခံပါသည်။
အပိုဒ်(၂)
မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များကိုသာမက
အပြစ်မဲ့အရပ်သားများကိုပါ ပစ်မှတ်ထားခဲ့သည့် ရက်စက်ကြမ်းကြုတ်သောအကြမ်းဖက်တိုက်ခိုက်မှုများအား
တညီတညွတ်တည်း ရှုတ်ချကြရမည်ဖြစ်ပါသည်။ အကြမ်းဖက်လုပ်ရပ်မှန်သမျှအား မည်သည့်အကြောင်းပြချက်နှင့်မျှ
ခွင့်လွှတ်နိုင်မည်မဟုတ်ပါ။
ဝေဖန်ချက်....................
တညီတညွတ်တည်းရှုတ်ချကြရမည်ဖြစ်ပါသည်ဟူသောစကားသည်
လူ့အသိုင်းအဝိုင်း၏ တာဝန်တစ်ရပ်ဖြစ်ကြောင်းပြဆိုလိုက်ခြင်းပင်ဖြစ်ပါသည်။
ယင်းစကားဖြင့်
တစ်ဖက်သတ်ထုတ်လွှင့်သည့် သတင်းများကို ကိုင်ဆွဲ၍ မြန်မာအစိုးရကို အထင်အမြင်လွဲကာ ပြစ်တင်ဝေဖန်နေသော
နိုင်ငံတကာအသိုင်းအဝိုင်းကို လူ့ကျင့်ဝတ်နှင့်မညီကြောင်း ပြဆိုလိုက်ခြင်းပင် ဖြစ်ပါသည်။
လူ့ကျင့်ဝတ်နှင့်အညီ အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်နေသော အကြမ်းဖက်သမားများကို
ရှုတ်ချသင့်ကြောင်း ဖိတ်ခေါ်ခြင်းလည်း ဖြစ်ပါသည်။
အကြမ်းဖက်လုပ်ရပ်မှန်သမျှအား
မည်သည့်အကြောင်းပြချက်နှင့် ခွင့်လွှတ်နိုင်မည်မဟုတ်ပါ ဟူသောစကားရပ်သည် သံမဏိစိတ်ဓာတ်အပြည့်အဝရှိသည့်
အင်မတန်အားပါသော ခွန့်အားပြည့် ခံယူချက်ပင်ဖြစ်ပါသည်။ အင်မတန် အားရစရာကောင်းသော စကားရပ်ပင်တည်း။
အပိုဒ်(၄)
ဝေဖန်ချက်......................
အကြမ်းဖက်မှုရည်ရွယ်ချက်များကို
ပြဆိုထားပါသည်။ ၄င်းမှာ အာနန်ကော်မရှင် အကြံပြုချက်များကို စောလျင်စွာ အကောင်အထည်ဖော်ခြင်းမှတစ်ဆင့်
ပြဿနာများ ရေရှည်ဖြေရှင်းနိုင်မှုအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်နေမှုများကို အင်အားချိနဲ့သွားစေရန်
ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးက ဆိုလိုဟန်ရှိပါသည်။
အာနန်ကော်မရှင်ကို
မလိုလားလို့အကြမ်းဖက်တာမဟုတ်ပါ။ အာနန်ကော်မရှင်အကြံပြုချက်များကို မကြိုက်လို့လည်းမဟုတ်ပါ။
အကြမ်းဖက်သမားများ လိုလားတောင့်တသည့်အတိုင်း အပြည့်အဝ မရသဖြင့် မူလစီစဉ်ထားသည့်အတိုင်း
အကြမ်းဖက်ခြင်းသာဖြစ်ပါသည်။ ၄င်းတို့ အပြည့်အဝ လိုချင်သည်မှာ အစ္စလာမ္မစ်စတိတ်ပင် ဖြစ်ပါသည်။
မောင်တော ဘူးသီးတောင် ရသေ့တောင် စစ်တွေမှသည် ရခိုင်မြောက်ပိုင်းတစ်ခုလုံးကို မွတ်စလင်နိုင်ငံထူထောင်ဖို့
စီမံကိန်းများချကာ ပြည်တွင်းပြည်ပ ချိတ်ဆက် အကောင်အထည်ဖော်နေခြင်းပင်ဖြစ်ပါသည်။
အပိုဒ် (၅/၆)
ဝေဖန်ချက်..........................
ဥပဒေနှင့်အညီ
စစ်ဆင်ရန်နှင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုမရှိသည့် ပုံစံဖြင့်
စစ်ဆင်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် အကယ်၍ တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုရှိပါက
ဥပဒေနှင့်အညီ အတိအကျ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခြင်းသည် လူကြီးတစ်ယောက် ခေါင်းဆောင်တစ်ယောက်၏
တရားမျှတသော အဆုံးအဖြတ်ဖြစ်ကြောင်း ပေါ်လွင်စေပါသည်။
အပိုဒ်(၇)
ဝေဖန်ချက်....................
နိုင်ငံတကာအသိုင်းအဝိုင်းက
လူနည်းစု ဒုက္ခသည် ဟိန္ဒူဘာသာဝင်များနှင့် လူနည်းစု ဒုက္ခသည်ရခိုင်တိုင်းရင်းသားများအပေါ်
မသိကျိုးကျွံပြုခြင်းအပေါ် ဝမ်းနည်းမိကြောင်းထုတ်ဖော်ပြသထားပါ သည်။
ပြည်ထောင်စုတဝှမ်းရှိ
တိုင်းရင်းသားအားလုံးကလည်း ထိုကဲ့သို့ပင် ရှုမြင်ခံစားနေရပါသည်။
အပိုဒ်(၈)
ဝေဖန်ချက်.................
သတင်းလွတ်လပ်ခွင့်ပေးထားခြင်းမှာ
ဘက်လိုက်မှုမရှိဘဲ မျှမျှတတ ပြည့်ပြည့်စုံစုံ ရှုမြင်နိုင်ကြစေရန် ရည်ရွယ်သည်ဟု ဆိုထားပါသည်။
ပြည်တွင်းပြည်ပစွပ်စွဲမှုများကို
ဘက်မလိုက်မီဒီယာများဖြင့် ချေပဖို့ ရည်ရွယ်ထားပုံရပါသည်။ အစိုးရမှာ တာဝန်ကျေပြီ မီဒီယာများတာဝန်ကျေဖို့သာ
လိုတော့သည်ဟု ဆိုလိုပါသည်။
အပိုဒ်(၁၀)
မြန်မာအစိုးရအနေဖြင့်မစ္စတာကိုဖီအာနန်ဦးဆောင်သည့်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို ကြိုဆိုကြောင်း သြဂုတ်လ
၂၄ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ပါသည်။ အဆိုပါအကြံပြုချက်များအား အကောင်အထည်ဖော်
တိုးတက်မှုအခြေအနေကို လေ့လာစောင့်ကြည့်မည့် ဝန်ကြီးအဆင့် ကော်မတီတစ်ရပ်ကိုလည်း ဆောလျင်စွာ
ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။ ကော်မတီလုပ်ငန်း ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ပြည်တွင်းပြည်ပမှ
ထင်ရှားသူများပါဝင်မည့် အကြံပေး အဖွဲ့တစ်ရပ်ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။
ဝေဖန်ချက်..............
ဤနောက်ဆုံးအပိုဒ်သည်
အင်မတန်အရေးကြီးသောအပိုဒ်ဖြစ်ပါသည်။ နိုင်ငံ၏ အချုပ်အခြာအာဏာ တစ်ခုလုံးနှင့် သက်ဆိုင်နေပါသည်။
တစ်ဦးတစ်ယောက်၏ သဘောထားတစ်ခုတည်းနှင့် လုံးဝမလုပ်သင့်ပါ။ မြန်မာနိုင်ငံခြားရေးဝန်ကြီးသည်
အာနန်ကော်မရှင်၏ အစီရင်ခံစာကို စောလျင်စွာ အကောင်အထည်ဖော်မည် တိုးတက်မည့်အခြေအနေကိုစောင့်ကြည့်မည့်
ဝန်ကြီးအဆင့်ရှိ ကော်မတီတစ်ရပ်ကိုလည်း စောလျင်စွာ ဖွဲ့စည်းမည် ၄င်းကော်မတီ၌ ပြည်တွင်းပြည်ပ
ထင်ရှားသူများ ပါဝင်မည့်အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းသွားမည်ဟု ပါရှိပါသည်။
လုံးဝကန့်ကွက်ပါသည်။
အပြင်းအထန်ကန့်ကွက်ပါသည်။
လုံးဝရှုတ်ချပါသည်၊
အပြင်းအထန်ရှုတ်ချပါသည်။
အင်မတန်အန္တရာယ်ကြီးသော
လုပ်ရပ်ဖြစ်ပါသည်။
ဤနိုင်ငံသည်
ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းပိုင်ဆိုင်သော နိုင်ငံမဟုတ်ပါ။
ဤအစိုးရသည်
ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းဖွဲ့စည်းထားသောအစိုးရမဟုတ်ပါ။
ဤအစိုးရသည်
စစ်အာဏာရှင်အစိုးရမဟုတ်ပါ။ အရပ်သားအစိုးရဖြစ်ပါသည်။ ပြည်သူလူထုရွေးချယ် တင်မြှောက်ထားသော
ဒီမိုကရေစီအစိုးရဖြစ်ပါသည်။
ထို့ကြောင့်
တစ်ဦးတစ်ယောက်တည်းသဘောထားတစ်ခုတည်းဖြင့် လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီနှင့် ဆန့်ကျင်နေပါသည်။
ပြည်သူလူထုကို
ချပြပါ။
ပြည်သူ့ဆန္ဒကိုခံယူပါ။
ပြည်သူ့ဆန္ဒကို
အလေးထားပါ။
နိုင်ငံတကာဖိအားလျော့ချရုံသက်သက်ဖြင့်သော်လည်းကောင်း၊
အခြားသော မလွှဲမရှောင်သာသည့် မကင်းရာမကင်းကြောင်း အကြောင်းတရားများရှိနေ၍သော်လည်းကောင်း၊
ထိုသို့သော လိုက်လျောခြင်းမျိုး လုံးဝမပြုလုပ်သင့်ပါ။
နေရာတကာ၌
နိုင်ငံတကာကိုအထင်ကြီးနေခြင်း နိုင်ငံတကာကို အားကိုးနေခြင်းသည် မိမိအစွမ်းအစမဲ့ရာ ညံ့ဖျင်းရာ
အရည်အချင်းမရှိရာဘဝကို ဖော်ညွှန်းနေပါသည်။
မိမိနိုင်ငံအတွင်းမှာလည်း
နိုင်ငံတကာနှင့်ယှဉ်နိုင်သည့် ပညာရှင်အသီးအသီးရှိနေပါသည်။
သို့ဖြစ်ပါလျက်
အာနန်ကော်မရှင်ဖွဲ့စည်းစဉ်တုန်းကလိုပဲ မည်သူ့ကိုမျှ သောက်ဂရုစိုက်မနေဘဲ ဆက်လက် ဖွဲ့စည်း
ဖော်ဆောင်နေမည်ဆိုလျင် ပြည်ပဖိအားထက် ပြည်တွင်းအကြပ်အတည်းက ပို၍ အခက်အခဲဖြစ်သွားနိုင်ပါသည်။
ဤသည်ကို သတိပြုစေချင်ပါသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး
ဒီမိုကရေစီဆန်ပါ
ပွင့်လင်းမြင်သာမှုရှိပါ
အချုပ်အခြာအာဏာကို
လေးစားပါ
ပြည်တွင်းအင်အားကို
တန်ဖိုးထားပါ
အစ္စလာမ်မိုက်ဇေးရှင်းအန္တရာယ်ကို
သတိပြုပါ
အကယ်၍ နားမထောင်လျင်
သမိုင်း၏တရားခံ ဖြစ်သွားပါလိမ့်မည်။
ဝီရသူ(မစိုးရိမ်)
11.9.2017
PM 11:28
No comments:
Post a Comment