"အကြမ်းဖက်မှုမှန်သမျှကို
ရှုတ်ချပါသည်"
=======================
မိမိကစ၍အကြမ်းဖက်ခြင်း
အကြမ်းဖက်ခံရ၍ ဥပဒေမဲ့ အကြမ်းဖက်တုန့်ပြန်ခြင်းတို့သည် အကြမ်းဖက်ခြင်းပင်ဖြစ်ပါသည်။
အကြမ်းဖက်မှုမှန်သမျှကို
ရှုတ်ချပါသည်။
အကြမ်းဖက်ခြင်း
ဥပဒေမဲ့တုန့်ပြန်ခြင်းတို့သည် အဖြေမှန်မဟုတ်ပါ။
ထို့အတူ ဗုဒ္ဓဘာသာ၏ပုံရိပ်၊
မြန်မာလူမျိုး၏ပုံရိပ်၊ မြန်မာနိုင်ငံ၏ပုံရိပ်တို့ကို ထိခိုက်စေပါသည်။
အမျိုးဘာသာ
သာသနာကို ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်နိုင်အောင် ၉၆၉ နည်းလမ်းများ အစဉ်တစိုက်
ပို့ချခဲ့ပါသည်။
၎င်း၉၆၉နည်းလမ်းကို
လိုက်နာသောအားဖြင့် မိမိလည်းအန္တရာယ်ကင်းပါသည်။ အမျိုးဘာသာ သာသနာလည်း ထာဝရလုံခြုံနိုင်ပါသည်။
ထို့ကြောင့်
ရုံးရောက်ဂတ်ရောက် အနိဋ္ဌာရုံမျိုး ထိပ်ပေါက်ခေါင်းကွဲ သွေးထွက်သံယို အနိဋ္ဌာရုံမျိုး ထောင်ဒဏ်
အသတ်ဖြတ်ခံရခြင်းစသော အနိဋ္ဌာရုံတို့ လုံးဝ မတွေ့ကြုံရနိုင်သလို မိမိတန်ဖိုးထားလေးစားသော
နိုင်ငံ၏အချုပ်အခြာနှင့် အမျိုးဘာသာ သာသနာလည်း ထာဝရလုံခြုံနိုင်မှာ ဖြစ်ပါသည်။
ပြည်သူများသည်
အနောက်တံခါးမှ အမျိုးများ၏ ဒဏ်ရာဒဏ်ချက်များကို ခံစားချက်ဖြင့် လက်တုန့်မပြန်ဖို့
လိုပါသည်။
ခံစားမှုကိုရှေ့တန်းတင်က
ယခုလို အနိဋ္ဌာရုံတို့နှင့်သာ တွေ့ကြုံနိုင်ပါသည်။ မိမိလိုလားသော အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများလည်း
ရေရှည်လုပ်ဆောင်နိုင်တော့မည် မဟုတ်ပါ။
မျိုးချစ်ဦးဆောင်ပုဂ္ဂိုလ်များသည်
မိမိတို့နယ်ပယ်ရှိ ပြည်သူများအား ဦးဆောင်လမ်းပြကာ ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်နိုင်သောနည်းလမ်းကောင်းကို
ဟောကြားပို့ချ နည်းပြ ညွှန်ကြားခြင်းဖြင့် မြန်မာ့ပုံရိပ်ကို အထိအခိုက်အငြိအစွန်းမရှိအောင်
ကာကွယ်စောင့်ရှောက်စေလိုပါသည်။
မြန်မာပြည်အတွင်းရှိ
မူဆလင်များသည် အနောက်တံခါးမှ မီးပွားများကို ပြည်တွင်းသို့ မသယ်ဆောင်ကြစေလိုပါ။
အနောက်တံခါးမှ
မီးပွားများသည် ဘင်္ဂလီအကြမ်းဖက်သမားများကပေးသော မီးပွားများသာ ဖြစ်ပါသည်။ ပြည်တွင်းနေမူဆလင်များနှင့်
မဆိုင်ပါ။
သို့ဖြစ်ပါလျက်
ဘင်္ဂလီဖြစ်စေ အကြမ်းဖက်သမားဖြစ်စေ မူဆလင်ဟာ မူဆလင်ပဲဆိုသည့် ပုံစံမျိုးဖြင့် ခံယူထားလျှင်
ဝေဒနာတွေသာတိုးပွားလာမည်သာ ဖြစ်ပါသည်။ ထိုဝေဒနာများကြောင့် ပြည်တွင်းနေမူဆလင်များလည်း
အနောက်တံခါးမီးပွား ကူးစက်သွားနိုင်ပါသည်။
ခံစားမှုကိုရှေ့တန်းတင်ပြီး
မြင်မြင်သမျှ ကာဖီရ်(ဘာသာခြား)များကို စော်ကားခြင်း ရန်စခြင်း ကျူးကျော်ခြင်း တိုက်ခိုက်ခြင်း
စသည်တို့ကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ ၄င်းစော်ကားခြင်း စသည်တို့သည် ငြိမ်းချမ်းစွာအတူ
ယှဉ်တွဲနေထိုင်လိုသော မွတ်စလင်ကောင်းများ၏ အမူအရာများမဟုတ်ကြပါ။
ထို့ကြောင့်
မူဆလင်များကလည်း ပြဿနာရှာရန်စခြင်း ဥပဒေမဲ့တုန့်ပြန်ခြင်းများ လုံးဝမပြုလုပ်စေလိုပါ။
ပြဿနာရှာရန်စခြင်းဥပဒေမဲ့တုန့်ပြန်ခြင်းများသည်
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အဖြေမဟုတ်ပါ။
ဤသည်ကို အလေးအနက်
သတိချပ်အပ်စေလိုပါသည်။
ဝီရသူ(မစိုးရိမ်)
11.9.2017
========================================================
"ဟတောင်တွင်းကြီးမြို့
ဖြစ်စဉ်အသေးစိတ် - ၂"
တောင်တွင်းကြီးမြို့
ဆူပူမှုတွင် ပါဝင်သူများအား ဖမ်းဆီးရမိ ၊ ကျန်ရှိသူများ ဆက်လက်ဖော်ထုတ်၊ ဥပဒေနှင့်အညီ
အရေးယူမည်
နေပြည်တော်၊
စက်တင်ဘာ ၁၁
တောင်တွင်းကြီးမြို့
အုန်းတော ၁ ရပ်ကွက် တောင်တွင်းကြီး - မကွေး ကားလမ်းမပေါ်ရှိ နေအိမ်အား ယမန်နေ့ ညပိုင်းက
မျက်နှာတွင် နှာခေါင်းစည်းပါ လူငယ် ၅၀ ခန့် (စိစစ်ဆဲ) မှ ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး
နိုင်ငံတော်သီချင်း သီဆိုကြွေးကြော်ကာ ရွှေကြာအင်း (၁) ရပ်ကွက်ရှိ ဗလီဘက်သို့ ထွက်ခွာသွားခဲ့
ကြောင်း။
အဆိုပါအဖွဲ့သည်
ည ၈ နာရီခန့်တွင် မကွေး-တောင်တွင်းကြီး ကားလမ်း ရွှေကြာပင် (၂) ရပ်ကွက်ရှိ ဗလီတံခါးကို
လည်းကောင်း၊ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ၄င်းကားလမ်းဘေးရှိ သမာအာဇီဝ စတိုးဆိုင် ကိုလည်းကောင်း၊
ခဲများဖြင့် ပစ်ပေါက်ခဲ့ ကြောင်း။
ဖြစ်စဉ်များကြောင့်
ည ၉ နာရီခန့်တွင် ဗလီ၏ မြောက်ဘက် မကွေး-တောင်တွင်းကြီး ကားလမ်းမပေါ်၌ လေးခွများ၊ ကျောက်ခဲများကိုင်ဆောင်ထားသည့်
လူ(၇၀) ခန့် ဗလီ၏ အရှေ့တောင်ဘက် လမ်းမပေါ်၌ လာရောက်ကြည့်ရှုသည့် လူ (၄၀၀) ခန့် စုဝေးလာသဖြင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲရန် အသံချဲ့ စက်ဖြင့် အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း။
သို့သော်
လူစုမခွဲသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ညာသံပေးပြီး ဒိုင်များဖြင့် တွန်းထုတ်ခဲ့ရာ
၉ နာရီ မိနစ် ၃၀ ခန့်တွင် လူစုခွဲ ထွက်ပြေးသွားခဲ့ကြောင်း။ ခဲဖြင့်ပစ်ပေါက်သည့် အဖွဲ့မှ
မောင်းတိုင် (၂) ရပ်ကွက် တောင်တွင်းကြီးမြို့နေ နှင်းကိုကိုလင်း (ခ) နှင်းကိုကိုအား
လေးခွ (၁)လက်၊ အုတ်နီခဲ(၁) လုံးတို့နှင့်အတူ ဖမ်းဆီးရမိပြီး စစ်ဆေးချက်အရ ခဲဖြင့်ပစ်ပေါက်သည့်
ရည်ရွယ်ချက်မှာ မောင်တော ဒေသရှိ ဗျွှဗ အစွန်းရောက်အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုနှင့်ပတ်သက်၍
ကျေနပ်မှု မရှိသောကြောင့် ပစ်ပေါက်ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့်
ဦးစိုးမြင့်လေး၏ လိုင်းသစ်မိုဘိုင်းဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင်၊ ကိုဟာနစ်
(စိစစ်ဆဲ) ၏ လက်ဘက်ရည်ဆိုင်၊ ဒေါ်မျိုးမျိုးဝင်း ( စိစစ် ဆဲ)၏ ကုန်စုံဆိုင်၊ ကိုအောင်ဝင်း
(စိစစ်ဆဲ)၏ အိရတနာဖြိုး ထမင်းဆိုင်၊ ဦးမြင့်စိုး (စိစစ်ဆဲ)၏ ကွမ်းယာခုံ၊ ဦးသန်းလှိုင်(စိစစ်ဆဲ)၏
နေအိမ်၊ ဦးအေးလွင် (စိစစ်ဆဲ)၏ နေအိမ်နှင့် ဦးမွတ်တား (စိစစ်ဆဲ) နေအိမ်တို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း
သိရသည်။
ဖြစ်စဉ်တွင်
ပါဝင်ပတ်သက်သည့် နှင်းကိုကိုလင်း (ခေါ်) နှင်းကိုကို အား ယမန်နေ့ ညက ဖမ်းဆီးရမိ ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်း၌ တောင်တွင်းကြီးမြို့ ရွှေအိုး ၂ ရပ်ကွက်နေ အဖ ဦးမာ၏
သား စိုးသူ (၃၃) နှစ် နှင့် အဖ ဦးလှအောင်၏ သား သိန်းဇံဌေး (၂၂) နှစ် ၊ ရွှေကြာအင်း
(၁) ရပ်ကွက်နေ အဖ ဦးတင်မောင်လင်း၏သား နိုင်အောင်ထက် (၂၇) နှစ် နှင့် အဖ ဦးအောင်ကျော်မိုး၏
သား စည်သူအောင် (၁၈) နှစ်တို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ၅ ဦးကို ထိန်းသိမ်း၍
စိစစ်မေးမြန်းလျက်ရှိသည်။
ဖြစ်စဉ်တွင်
ပါဝင်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း၊ လူအုပ်စုဖြင့် မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခဲ့သူများအားလုံးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
၊ ဤဖြစ်စဉ်ကို ဥပမာထား၍ ပြည်သူများအနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက်
သတိရှိရှိ ဆင်ခြင်သုံးသပ်၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းထားကြောင်း သိရှိရသည်။
( သတင်းထုတ်ပြန်ရေးကော်မတီ)
No comments:
Post a Comment