"လောကအလင်းသားသားမီးမီးတွေ
စားရကံကြုံ"
============================
ဒီနေ့ တော်သလင်းလပြည့်ကျော်(၁၄)ရက်
19.9.2017 မနက် ၁၀း၀၀ နာရီ လောကအလင်း ပညာဒါနကျူရှင်ကျောင်း ကျောင်းသူကျောင်းသားများအား
ခေါက်ဆွဲကြော်တစ်ဗူးစီ လှူဒါန်းပါတယ်။
Fresher တန်းတွေက
ကျောင်းသွားတက်နေလို့ Repeater တန်းကျောင်းသူကျောင်းသားတွေပဲ ရှိပါတယ်။
ဆရာ ဆရာမတွေနှင့်
ကျောင်းသူကျောင်းသားတွေအားလုံးပေါင်း ဗူး ၈၀ လှူဒါန်းခဲ့ပါတယ်။
အပြန်မှာတော့
သဟာယကျောင်းမှ သံဃာအားလုံးကို တစ်ဗူးစီ လှူဒါန်းပါတယ်။
ကျန်တာတွေတော့
အမျိုးသားရေးဝိုင်းတော်သားများ နဂါးနီမိသားစုများ ဝေမျှစားသုံးကြပါတယ်။
ခေါက်ဆွဲဗူးပေါင်း
၃၀၀ ဒါနပြုတာပါ။
ပွဲမိန့်အခွေခံရတဲ့ပွဲကြီးမှာ
သံဃာတော်များ သီလရှင်များ ကြွလာလျှင် နေ့ဆွမ်းအခက်အခဲမရှိအောင် ခေါက်ဆွဲကြော်တစ်ဗူးစီလှူဒါန်းဖို့ရည်ရွယ်ပြီး
ခေါက်ဆွဲကြော်ဗူးပေါင်း ၃၀၀ ခန့်မှန်းစီစဉ်ထားတာပါ။
ပွဲမဖြစ်လိုက်တော့
မနော်ရမံဥယျာဉ်မှာ LED မိန့်ခွန်း နားထောင်ကြမည့် သံဃာတော်များ သီလရှင်များကို လှူဒါန်းခိုင်းလိုက်ပါတယ်။
ကိုရင်သေးသေးလေးတွေအများစုပါဝင်ပြီး
ရဟန်းတွေကတော့ တစ်ပါးစ နှစ်ပါးစပဲလာတယ်လို့ ပြောပါတယ်။
အားလုံးပေါင်း
ဗူး ၂၀ ပဲ လှူဒါန်းခွင့်ရခဲ့ပါတယ်။
ပိုတာတွေကို
အပြန်မှာ လောကအလင်းဝင်လှူပြီး ကျောင်းသို့ပြန်လာကြတာပါ။
ဘာပဲပြောပြော
လောကအလင်းသားသားမီးမီးတွေနှင့် သဟာယကျောင်းသံဃာတော်တွေကတော့ စားရကံကြုံတယ်လို့ပြောရမှာပေါ့နော်။
ဝီရသူ(မစိုးရိမ်)
19.9.2017
PM 9:44






No comments:
Post a Comment