"သူခိုးဓားရိုးကမ်းနိုင်ဖို့အရေး
ဒို့အရေးအော်နေသူများ"
=============================
အစွန်းရောက်ဆိုတာ
ဘာကိုပြောတာလဲ?
ချဉ်ချဉ်တူးတူး
မူးရင်ပြီးရောဆိုတာမျိုးလား?
မိန်းမကြီးတစ်ယောက်
လုပ်သမျှအကောင်းဆိုပြီး လေလည်တာကအစ မွှေးတယ်လို့ ချီးကျူးနေကြတာကို ပြောတာလား?
အမျိုးသားရေးဝါဒကြောင့်တော့
အာဏာရှင်လက်အောက်မရောက်ပါဘူး။
ခင်ဗျားတို့
လုပ်ပုံကိုင်ပုံတွေကြောင့်သာ အာဏာရှင်လက်အောက် ပြန်ရောက်မှာပါ။
ဆန္ဒပြတဲ့ခေါင်းဆောင်တွေနဲ့
ခင်ဗျားတို့ ဘယ်နှစ်ခါဆွေးနွေးဖူးလဲ?
ဒီလောက်ဆန္ဒပြနေတာကို
ခင်ဗျားတို့ ဘယ်နှစ်ခါ အရေးတယူလုပ်ပြီး ဆုံးဖြတ်ခဲ့ဖူးသလဲ?
အလွှာအသီးသီး
နယ်ပယ်အသီးသီးကပြည်သူတွေ ဒီလောက်ဆန္ဒပြနေတာ ခင်ဗျားတို့ ပြည်သူဆန္ဒကို ဘယ်လောက်လိုက်လျောပေးဖူးလဲ?
ဒါတွေကနေစတင်ပြီး
အရေးတော်ပုံဆိုတာ ပေါ်ပေါက်လာတာပါဗျာ။
သာဝန်ရှုတ်ချပွဲတွေလုပ်တယ်
အရေးတယူမရှိဘူး၊ လုံးဝဂရုမစိုက်ဘူး။
ဒါကြောင့်
သပိတ်စခန်းတွေဆိုတာပေါ်လာတယ်။
အခုလည်း
နယ်ပယ်အသီးသီးက ပြည်သူတွေ ဆန္ဒပြနေတာကို အရေးတယူမလုပ်ခဲ့ရင်
နောင်ဆိုရင် သပိတ်အကြီးကြီးတွေပေါ်လာဦးမှာပဲ။
အထွေထွေသပိတ်ဆိုတာကြီးပေါ်လာရင်
အာဏာရှင်လက်အောက် ပြန်ရောက်သွားမှာပဲ။
ဒါကြောင့်
အမျိုးသားရေးဝါဒကြောင့် အာဏာရှင်လက်အောက် ပြန်မရောက်ဘူး။
ခင်ဗျားတို့အသုံးမကျလို့သာ
အာဏာရှင်လက်အောက်ပြန်ရောက်မှာပါ။
ကျုပ်တို့အမျိုးသားရေးသမားတွေကို
ခင်ဗျားတို့က အစွန်းရောက်လို့ပြောတယ်၊ ဘယ်လုပ်ဆောင်ချက်က အစွန်းရောက်တာလဲ?
ဘယ်ဟောပြောမှုက
အစွန်းရောက်တာလဲ?
ကျုပ်တို့အမျိုးသားရေးသမားတွေအစွန်းရောက်တာဟာ
ကုလားနဲ့လက်တွဲပြီး အဖြေရှာနိုင်တဲ့အဆင့်မျိုးရှိသေး တယ်၊ ကုလားနဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ကြသေးတယ်။
ခင်ဗျားတို့
စစ်သားမုန်းတီးရေးကမှ တကယ့်နိုင်ငံရေးအစွန်းရောက်ဗျ။
ခင်ဗျားတို့က
စစ်သားကလွဲရင် အကုန်ပေါင်းပြီး အကုန်ပေးတော့တာ။
စစ်သားကို
ကြည့်မရတာတစ်ခုတည်းနဲ့ နိုင်ငံရေးလုပ်နေကြတာ။
စစ်သားကအန္တရာယ်လား?
ကုလားက အန္တရာယ်လား? ဆိုတာ နိုင်ငံတကာကိုကြည့်လိုက်လေ။
ဥပမာ
ပူပူနွေးနွေး ဘာစီလိုနာအရေးကြည့်ဦးမလား?
ပြင်သစ်နိုင်ငံကိုကြည့်ဦးမလား?
အင်္ဂလန်ကိုကြည့်ဦးမလား?
ဥရောပတစ်ခွင်ကိုကြည့်ဦးမလား?
မောင်တောကိုကြည့်ဦးမလား?
ရသေ့တောင်ကိုကြည့်ဦးမလား?
ဘူးသီးတောင်ကိုကြည့်ဦးမလား?
ဘယ်သူက
တိုင်းပြည်ရဲ့အန္တရာယ်လဲ?
အဲဒီလိုအန္တရာယ်မျိုးမကျရောက်အောင်
ပြည်သူတွေ လည်လှီးအသတ်မခံရအောင် အကြမ်းဖက်မခံရအောင် ဂျီဟတ်အလုပ်မခံရအောင် တပ်လှန့်သတိပေး
နှိုးဆော်အသိပေးနေတာတွေကို အစွန်းရောက်ပုဒ်မတပ်ပြီး အန္တရာယ်လူသားအဖြစ်သတ်မှတ်တာဟာ တရားနည်းလမ်းကျပါသလား?
လက်တွေ့ရောကျပါသလား?
သဘာဝရောကျပါသလား?
ရိုးနေပါပြီဗျာ။
သူခိုးဓားရိုးကမ်းခွင့်မရလို့
မ.ဘ.သကိုငြှိုးနေတာ ကျုပ်တို့သိပါတယ်။
ပထမ
ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ NGO ဆိုသူတွေက မဘသ မကောင်းကြောင်း သင်တန်းတွေပေးတယ်။
မဘသနှင့်
ဆန့်ကျင်ဘက်အမြင်ရှိတဲ့ သံဃာတော်အနည်းအပါးကို ပြည်ပခေါ်ပြီး လက်သပ်မွေးတယ်၊ အဲဒီနောက်
မဘသမလိုဘူးဆိုတဲ့စကားလုံးတွေသုံးလာတယ်၊ အဲဒီနောက် မဘသတရားမဝင်ဘူးဆိုတာတွေ ပေါ်လာတယ်၊
အဲဒီနောက် မဘသဆိုင်းဘုတ်ဖြုတ်ရမယ်ဆိုတဲ့ အမိန့်တွေထွက်လာတယ်၊ မဘသကို ဥပဒေအရ ဘယ်လိုမှ
ဖြိုလို့မရလို့ အခုတစ်ဖန် အစွန်းရောက်ခေါင်းစဉ်တပ်ပြီး နှိပ်ကွပ်ဖို့ ကြံဆောင်လာတာတွေ
သိပြီးသားပါ။
ခင်ဗျားတို့
ဘယ်အတွက်ရပ်တည်တာလဲ?
ပြည်သူ့အတွက်လား?
တိုင်းပြည်အတွက်လား?
ခင်ဗျားတို့ရဲ့ရပ်တည်ချက်ကို
အာမမခံနိုင်ပေမဲ့ ကျုပ်တို့ကတော့ အမျိုးဘာသာ သာသနာအတွက် ရပ်တည်တယ်ဗျာ။
အချုပ်အခြာအာဏာအတွက်ရပ်တည်တယ်ဗျာ။
ဒီအတွက်
ဘယ်သူနဲ့ပေါင်းရပေါင်းရဗျာ။
ဘာတွေပဲပေးဆပ်ရ
ပေးဆပ်ရဗျာ။
ဝီရသူ(မစိုးရိမ်)
24.8.2017
PM
8:12
==========================================================
"အမျိုးသားရေးဝါဒအစွန်းရောက်မှုကို
မတားဆီးနိုင်ပါက အာဏာရှင်လက်အောက်ပြန်လည်ရောက်ရှိနိုင်ဟု သတိပေး"
ရန်ကုန်၊
သြဂုတ် ၂၀
အမျိုးသားရေးဝါဒအစွန်းရောက်မှုများကို
မတားဆီးနိုင်ပါက တိုင်းပြည်မှာအာဏာရှင်လက်အောက် ပြန်လည်ရောက်ရှိနိုင်ကြောင်း ပြည်ထောင်စုရှေ့နေများနှင့်
ဥပဒေအေထာက်အကူပြုသူများအဖွဲ့ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောသည်။
သြဂုတ်
၂၀ ရက် ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီးခန်းမတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကပြုလုပ်
သည့် အမျိုးသားရေးဝါဒ အစွန်းရောက်မှုအန္တရာယ်နှင့် နိုင်ငံတော်၏ရှေ့ခရီး ခေါင်းစဉ်ဖြင့်
ဆွေးနွေးပွဲတွင် ၄င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"အမျိုးသားရေးအစွန်းရောက်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး
ရှေ့ဆက်ပြီးတော့ မတားဆီးနိုင်ဘူးဆိုရင်တော့ တိုင်းပြည်က အာဏာရှင်အောက်ကိုပြန်ရောက်သွားနိုင်တယ်။
တတ်နိုင်သမျှ ထိန်းပြီးတော့ လုပ်ကိုင်တဲ့ အတွက်ကြောင့် အဲဒီအန္တရာယ်ကတော့ လျော့နိုင်တဲ့အနေအထားရှိပါတယ်။
သို့သော်လည်း ကျွန်တော်တို့က သတိရှိနေရမယ်" ဟု ဦးကြီးမြင့်က ဒီမိုကရေစီတူဒေးကို
သြဂုတ် ၂၀ ရက်ကပြောသည်။
အဆိုပါဆွေးနွေးပွဲကို
တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ ရန်ကုန်တက္ကသိုလ်မှ ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့က ဦးဆောင်ဆွေးနွေးခဲ့သည်။
"အနာလည်းသိပြီ။
ဆေးလည်းရှိပြီ။ အနာကဘာလဲဆိုတော့ ဒီအစွန်းရောက်မှုတွေက မကောင်းဘူး။ ဘာသာရေးကို နိုင်ငံရေးအတွက်သုံးတာတွေမကောင်းဘူး။
အစွန်းရောက်တာတွေရှိနေတယ်။ ဒါတွေက အန္တရာယ်လို့လည်း သိနေတယ်။ တရားဥပဒေစိုးမိုးမှလည်းဖြစ်မယ်။
တရားဥပဒေစိုးမိုးမှလည်း ဖြစ်မယ်။ တရားဥပဒေစိုးမိုးမှဆိုတာကဆေးပေါ့။ အဲဒါဘာကြောင့်မဖြေရှင်းနိုင်တာလဲဆိုတဲ့အခါကျတော့
ကျွန်တော်တို့ နိုင်ငံမှာ ၂၀၀၈ အခြေခံဥပဒေရဲ့ အားနည်းချက်ကြောင့် တရားဥပဒေစိုးမိုးမှုမရှိသေးပါဘူး"ဟု
၎င်းကပြောသည်။
အဓိကကတော့
ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေအားနည်းတဲ့အခါကျတော့ မလိုလားအပ်ဘဲနဲ့ရှိနေ တာပေါ့။ အမှန်က
ပြဿနာတစ်ခုဖြစ်ပြီဆိုကတည်းက တရားဥပဒေစိုးမိုးမှုရှိရှိနဲ့ အရေးယူဆောင်ရွက်မယ်ဆိုရင်
အဲဒီမှာတင်ပြီးသွားရမှာ။ နှောင့်နှေးမှုတွေရှိနေတဲ့အတွက်ကြောင့် အများကြီးပိုဆိုးလာတယ်လို့ပြောလို့
မရပေမယ့် အခုအချိန်ထိ အချိန်မရွေးထတောက်နိုင်တဲ့ မီးတောက်တစ်ခု အနေနဲ့ရှိနေတုန်းပဲ။
အဲဒါကတော့ တရားဥပဒေအားနည်းတဲ့အတွက် အစွန်းရောက်မှုတွေဖြစ်ပေါ်နေတယ်ဟု ဦးနေဘုန်းလတ်က
ပြောသည်။
ယင်းပြဿနာများကို
ထိထိရောက်ရောက် အရေးမယူခဲ့သည့်အတွက် ထိန့်လန့်ကြောက်ရွံ့ဖွယ် ကိစ္စတစ်ခုအနေဖြင့် ရှိနေဆဲဖြစ်ကြောင်း
၎င်းကပြောသည်။
"အမျိုးသားရေးစိတ်ဓာတ်က
တကယ်တမ်းကျတော့ အဓိပ္ပါယ်ဖွင့်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာ အတွက် စဉ်းစားပြီးတော့
လုပ်တဲ့အလုပ်လို့ခေါ်တာပါ။ ဒါပေမဲ့ အခုဒီစကားလုံးကို ကိုင်စွဲနေတဲ့သူတွေက အဓိပ္ပါယ်တစ်မျိုးဖွင့်ပြီးတော့
အစွန်းရောက်တဲ့ဘက်ကိုပါ တဖြည်းဖြည်းတွန်းပို့သွားတဲ့အခါကျတော့ ကြာလာရင် ဒီနိုင်ငံထဲမှာပဲနေနေတဲ့
ပြည်သူတွေအချင်းချင်း ကြားထဲမှာကို အရင်တုန်းကရှိတဲ့ လူမှုရေးအစေးကပ်မှုတွေက တဖြည်းဖြည်းလျော့လာတယ်။
ဘာသာရေးအရ၊ လူမျိုးရေးအရ ခွဲခြားမှုတွေကနေပြီးတော့ လူထုကြားမှာရှိတဲ့ အစေးကပ်မှုကလျော့နည်းပြီးတော့
တိုင်းပြည်က ဖရိုဖရဲတွေဖြစ်လာနိုင်တယ်" ဟု
ဦးနေဘုန်းလတ်က ပြောသည်။
ယင်းပြဿနာများကို
ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းမှုမရှိခဲ့ပါက ပြဿနာများကျယ်ပြန့်လာနိုင်သည့် အတွက်
လျှော့မတွက်သင့်ကြောင်း ၄င်းကပြောသည်။
"တိုင်းပြည်ရဲ့
ရှေ့အနာဂတ်ဆိုတာကလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုသွားချင်တာ။ တိုင်းပြည်ထဲမှာနေကြတဲ့
ဘာသာလူမျိုးအတူတကွ ပြည်ထောင်စုဆိုတဲ့စိတ်ဓာတ်နဲ့သွားကြမယ်လို့ တိုင်းပြည်ရဲ့ ရှေ့ခရီးကို
ရည်မှန်းထားတာ။ အဲဒါနဲ့လုံးလုံးဆန့်ကျင်တဲ့ ဘာသာမတူလို့ပဲဖြစ်ဖြစ်၊ လူမျိုးမတူလို့ပဲဖြစ်ဖြစ်
ခွဲခြားဆက်ဆံမှုတွေက သွားရမယ့်ခရီးနဲ့ ဆန့်ကျင်နေတယ်။ ဒါတွေကိုသာဆက်ပြီး လုပ်နေဦးမယ်ဆိုရင်
တိုင်းပြည်က ဘယ်လိုမှရှေ့ဆက်တိုးလို့ရမှာမဟုတ်ဘူး" ဟု ဦးနေဘုန်းလတ်ကပြောသည်။
AL

No comments:
Post a Comment