"ဘဝစံချိန်"
========
သာသနာကို
ဦးထိပ်ထားမှ လူကောင်းတစ်ယောက်ဖြစ်မည်။
ပညာရေးကို
ဦးစားပေးမှ လူတော်တစ်ယောက်ဖြစ်မည်။
ယဉ်ကျေးမှုကို
တန်ဖိုးထားမှ လူယဉ်ကျေးတစ်ယောက်ဖြစ်မည်။
ကောင်းခြင်း
တော်ခြင်း ယဉ်ကျေးခြင်းသည်
ဘဝတစ်ခု၏
အနှစ်သာရဖြစ်သည်။
ထို့ကြောင့်
အဆုံးအမကို
လိုက်နာခြင်းဖြင့်
လူကောင်းဖြစ်အောင်
ပြုပြင်ပါ။
ပညာကို
လိုလားစွာ ဆည်းပူးခြင်းဖြင့်
လူတော်ဖြစ်အောင်
ကြိုးစားပါ။
ယဉ်ကျေးမှုကို
တန်ဖိုးထားခြင်းဖြင့်
ကကိုယ်၊
နှုတ် အမူအရာ ထိန်းသိမ်းပါ။
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)
ဓမ္မသဟာယကျောင်းနာယက၊
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊
မန္တလေး။
(လောကအလင်းကျူရှင်ကျောင်းတွင် ချိတ်ဆွဲထားမည့် သြဝါဒကထာဖြစ်ပါသည်။)
(လောကအလင်းကျူရှင်ကျောင်းတွင် ချိတ်ဆွဲထားမည့် သြဝါဒကထာဖြစ်ပါသည်။)

No comments:
Post a Comment