ရခိုင်ပြည်
လုံခြုံရေး အစိုးရ အမြန်
စီစဉ်ပေး
:-) :-)
:-) :-) :-) :-) :-) :-) :-) :-) :-) :-) :-)
:-O
၃ဦး အလောင်းတွေ့ပါပြီ။
၅ဦးပျောက်ဆုံးနေဆဲပါ။
တိုင်းရင်းသားတွေကို
ရင်အုပ်မကွာ
စောင့်ရှောက်ဖို့
အစိုးရမှာ
တာဝန်ရှိတယ်။
(စာရေးသူ
13.7.2017 ရက်နေ့ ကိုင်းကြီးရွာရောက်စဉ်က မြိုတိုင်းရင်းသား အပြစ်မဲ့ပြည်သူများနှင့်
တွေ့ဆုံခဲ့စဉ် မှတ်တမ်းပုံလေးများကို တွဲတင်ပြပေးထားပါတယ်။)
ဖြည့်စွက်သတင်း = ယခု နောက်ဆုံးသတင်းအရ ကျား ၃ ဦး၊ မ ၃ ဦး အလောင်းများ တွေ့ရှိပါပြီ။
ဖြည့်စွက်သတင်း = ယခု နောက်ဆုံးသတင်းအရ ကျား ၃ ဦး၊ မ ၃ ဦး အလောင်းများ တွေ့ရှိပါပြီ။
ဝီရသူ
< မစိုးရိမ် >
3.8.2017
pm 5း58
..................................................................................
နိရဉ္စရာ၊
သြဂုတ် ၃
ရခိုင်ပြည်နယ်
မောင်တောမြို့နယ် ကိုင်းကြီး မြိုရွာမှ ယာတောင်ကို သွားသူ မြိုမိသားစု ၈ ဦးအား မွတ်ဆလင်
အကြမ်းဖက်သမားများမှ ယနေ့နံနက်က သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဟု သတင်းရရှိသည်။
ကိုင်းကြီးမြိုကျေးရွာမှ
အရပ်လူကြီး တစ်ဦးဖြစ်သူ ဦးစိန်လှမောင်မှ သေဆုံးသူ ၈ ဦးဖြစ်ပြီး ထိုအထဲတွင် အမျိုးသမီး
၅ ဦးနှင့် အမျိုးသား ၃ ဦးပါဝင်သည်။
“ သူတို့က မနက်အစောကြီးက ယာတောင်ကို သွားပါတယ်။ ယာတောင်က
ယာဘောက်(ခင်း) မှာ တစ်ချို့ ယာတဲဆောက်ဖို့သွားတယ်။ တစ်ချို့က အပင်စိုက်ဖို့သွားတယ်။
အဲဒါကို ကုလားဆိုး အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်သတ်လိုက်တာ ပါဆရာ”
ဟု ဦးစိန်လှမောင်က ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က အတည်ပြု ပြောကြားသည်။
သေဆုံးသူများမှာ
မဒေါ်းဒွင်ရီ( ၂၇) နှစ်၊ ဒေါ်စိန်ရောင် (၃၀) ကျော်၊ မဒုံးမွေ (၂၀) နှစ်၊ မဒေါ်စံကော (၃၀)
နှစ်၊ မထောကော (၂၀)၊ ကိုမိုင်း (၂၀)၊ လင်းကြက် (၂၀) နှစ်နှင့် ကုန်ဝိုင် (၂၅) တို့
ဖြစ်ကြပါသည်။ သူတို့အား ယနေ့ နံနက် ၈ နာရီကျော်က ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်.
သေဆုံးသူများကို
စစ်တပ်၊ ကိုင်းကြီးရွာမှ အရပ်သားများမှ အလောင်းများကို သွားရောက်ယူဆောင်နေကြောင်း ပြောကြားသည်။
ကိုင်းကြီး
မြိုကျေးရွာတွင် အိမ်ခြေစုပေါင်း ၄၈ ဆောင်သာရှိကြောင်း သိရသည်။
(လုံခြုံရေး
တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်)
No comments:
Post a Comment