Thursday, August 3, 2017

“သုဒဿီဆရာတော် မွေးနေ့ပွဲ”



“သုဒဿီဆရာတော် မွေးနေ့ပွဲ”
==================

ဝါခေါင်လဆန်း(၈)ရက်၊ 31.7.2017 ရက်နေ့၊ မနက် ၇း၀၀ နာရီ၊ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ငွေတောင်ကျောင်းတိုက်၊ သုဒဿီကျောင်းမှာ ကျင်းပပါတယ်။

သုဒဿီဆရာတော် ဘဒ္ဒန္တမာဃိန္ဒ သက်တော်(၅၀)နှစ်ပြည့် ရွှေရတုမွေးနေ့ဖြစ်ပါတယ်။
တရားပွဲအပိတ်ခံထားရလို့ ဘယ်သူမှ မပင့်ရဲ မဖိတ်ရဲတဲ့အချိန်မှာ စာရေးသူကို ရွေးပင့်တာ အံ့သြတဲ့အကြောင်း လျှောက်မိပါတယ်။
သူက ဝီရသူသာလျှင် ကမ္ဘာ့အမှန်တရား လို့ သတ်မှတ်ထားကြောင်းနှင့် ပထမဦးဆုံးကျင်းပတဲ့ မွေးနေ့ပွဲကို စာရေးသူနဲ့ စဖွင့်သလို နောက်နှစ်တွေမှာလည်း စာရေးသူနဲ့ပဲ မွေးနေ့တွေကို ဖြတ်သန်းမယ်လို့ မိန့်တော်မူပါတယ်။

စာရေးသူနှင့် သုဒဿီဆရာတော် တစ်ခါမှ မတွေ့ဆုံဖူးခဲ့ပေမယ့် သူက စာရေးသူရဲ့ စာဖတ်ပရိသတ်ဖြစ်နေပါတယ်။
စာရေးသူထွက်သမျှစာအုပ်ကို အကုန်ရှိကြောင်း၊ အကုန်ဖတ်ကြောင်း ပြောပြပါတယ်။
ဆွမ်းစားအပြီးမှာ အနုမောဒနာတရား ဟောကြားပါတယ်။
တရားပွဲကြီး တစ်ပွဲလိုပဲ လှူဖွယ်ဝတ္ထုတွေ လှူဒါန်းဆက်ကပ်ပါတယ်။
ခမည်းတော်  ဦးထွန်းစီ+မယ်တော်ဒေါ်မြသောင်း၊ ဆရာတော်ဦးပါမောက္ခာဘိဝံသတို့အား ရည်စူး၍ ဘုတလင်မြို့နယ် စည်ပါရွာ ဘုရားကျောင်းဆောင်အတွက် သိန်း ၂၀ ကျပ်နှင့် မန်း မဟော်သဓာအတွက်လည်း နှစ်သိန်းကျပ် လှူဒါန်းပါတယ်။
ပရိသတ်များကို မနက် ၉ နာရီမှ စတင်ပြီး ဧည့်ခံကျွေးမွေးမယ်လို့ သိရပါတယ်။
တရားဟောချိန်မှာတော့ နယ်ပရိသတ်နှင့် ဝေယျာဝစ္စပရိသတ်လောက်ပဲ ရှိပါသေးတယ်။
ထာဝရအောင်မြင်ရေး တရားတော် ဟောကြားခဲ့ပါတယ်။

မွေးနေ့ရှင်ဆရာတော် ဦးမာဃိန္ဒနှင့် တပည့် ဒကာ ဒကာမများ ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ…။





















No comments:

Post a Comment