"ရခိုင်ခံတပ်
အကျခံနိုင်မလား"
=================
ရခိုင်ပြည်ဆိုတာ
မြန်မာပြည်ရဲ့ အနောက်တံခါး အနောက်ဘက်ခံတပ်ကြီးလို့လည်း ဆိုလို့ရပါတယ်။
ဒီခံတပ်ကြီးကျသွားပြီဆိုရင်တော့
နိုင်ငံနှင့်လူဦးရေ လုံးဝမညီမျှတဲ့ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီတွေ တံခါးမရှိ ဓားမရှိ ဝင်ရောက်လို့
ရသွားတော့မှာပါ။
ဒါဆိုရင်
မောင်တောနှင့် ဘူးသီးတောင်ကျဆုံးမယ်။
ရသေ့တောင်နှင့်
စစ်တွေကျဆုံးမယ်။
ပြီးရင် ဧရာဝတီတို့
ရန်ကုန်တို့ ချင်းပြည်နယ်တို့ မကွေးတိုင်းတို့ စပ်ဆက်နယ်မြေတွေမှန်သမျှ ဘင်္ဂလီတွေပဲ
လွှမ်းမိုးသွားမှာသေချာတယ်။
အခုဆိုရင်
မောင်တောမှာ ဘင်္ဂလီတွေက စင်ပြိုင်တရားရုံးတွေထောင်နေပါပြီ။
ဘင်္ဂလီအချင်းချင်းဖြစ်တဲ့အမှုတွေမှာ
အစိုးရတရားရုံးသို့ တိုင်ခွင့်မရှိတော့ပါဘူး။
ဘင်္ဂလီရုံးကိုပဲ
တိုင်ရပါတော့တယ်။
ဘင်္ဂလီရုံးကလည်း
ရှရီယာလောနဲ့ပဲ ဆုံးဖြတ်တာပါ။
နောက်တစ်ခုကတော့
မူဆလင်လူဦးရေ ထူထပ်များပြားတဲ့ မြို့ရွာတွေမှာ တရားဥပဒေမစိုးမိုးတော့ပါဘူး။
မင်းမဲ့စရိုက်ဆန်ဆန်
လူအုပ်နှင့်ဝိုင်းပြီး အနိုင်ကျင့်တာတွေပဲ တွေ့ရတတ်ပါတယ်။
အခုဆိုရင်ကြည့်လေ
တရားခံကိုလာဖမ်းတဲ့ရဲတပ်ဖွဲ့ကို ဘင်္ဂလီ၆၀၀က ဝိုင်းထားပြီး တရားခံကိုလုတယ်၊ ဂျင်ကလိနဲ့ပစ်တယ်၊
ဓားနဲ့ထိုးတယ် ခုတ်တယ်၊ မင်္ဂလာတောင်ညွန့်ကိုကြည့်ဦးမလား၊ ကျောက်ဆည် လက်ပံရွာကိုကြည့်ဦးမလား၊
မန္တလေး လက်နက်တွေဖမ်းဆီးရမိမှုကိုကြည့်ဦးမလား။
၂၀၁၄ ဇန်နဝါရီလတုန်းက
တရားခံကိုသွားဖမ်းတဲ့ရဲတွေကို သိုးခြံကကုလားတွေ ဝိုင်းပြီးရန်ရှာလို့ ရဲတွေက မောင်းတင်ပြီး
အသင့်အနေအထားနှင့် လုံခြုံရေးယူရတဲ့အဆင့်ထိ ရောက်ခဲ့ပါတယ်။
စဉ်းစားပေါ့ဗျာ။
ဘာသာပေါင်းစုံငြိမ်းချမ်းချင်ပါတယ်ဆိုရင်
ဒီစရိုက် ဒီအပြုအမူ ဒီအကျင့်ညင်တွေကို ပြုပြင်ဖို့ အရင်ဆုံး လုပ်ကြပါဦး။
ဝီရသူ(မစိုးရိမ်)
16.8.2017
PM 11:15
==========================================================
"ရသေ့တောင်မြို့နယ်အတွင်း
နယ်ခြားစောင့်တပ်ဖွဲ့အား ဘင်္ဂါလီ ၆၀၀ ခန့်က အုပ်စုဖွဲ့တိုက်ခိုက်ရန်ပြုခဲ့သည့် အောက်နန်းရာကျေးရွာအုပ်စုအပါအဝင်
ကျေးရွာအုပ်စု ၁၁ စုတွင် ညမထွက်ရအမိန့် ပုဒ်မ(၁၄၄)ထုတ်ပြန်"
ရခိုင်ပြည်နယ်
ရသေ့တောင်မြို့နယ်အတွင်း နယ်ခြားစောင့်တပ်ဖွဲ့အား ဘင်္ဂါလီ ၆၀၀ ခန့်က အုပ်စုဖွဲ့ တိုက်ခိုက်ရန်ပြုခဲ့သည့်
အောက်နန်းရွာကျေးရွာအုပ်စုအပါအဝင် ကျေးရွာအုပ်စု ၁၁စုတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄
ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါညမထွက်ရအမိန့်ကို
ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက လက်မှတ်ရေးထိုးပြီး သြဂုတ်လ ၁၁ ရက်နေ့စွဲဖြင့်
ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
လက်ရှိ ညမထွက်ရအမိန့်ပုဒ်မ
(၁၄၄)ထုတ်ပြန်လိုက်သည့် ကျေးရွာအုပ်စုများမှာ မယူကမ်းဒေသရှိ ဖက်လိပ်ကျေးရွာအုပ်စု၊
သိမ်တောင်ကျေးရွာအုပ်စု၊ ချွတ်ပြင်ကျေးရွာအုပ်စု၊ အောက်နန်းရာကျေးရွာ အုပ်စု၊ အထက်နန်းရာကျေးရွာအုပ်စု၊
စေတီပြင်ကျေးရွာအုပ်စု၊ အောက်ကျောင်းတောင်ကျေးရွာအုပ်စု၊ ပေါက်ပင်ရင်းကျေးရွာအုပ်စု၊
ခွဆုံကျေးရွာအုပ်စု၊ ပန်းဖော်ပြင်ကျေးရွာအုပ်စုနှင့် ကိုးတန်ကောက်ကျေးရွာ အုပ်စုတို့ဖြစ်ကြပြီး
ညမထွက်ရအချိန်ကို ည ၉ နာရီမှ နံနက် ၅ နာရီအထိဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၁၄၄
ထုတ်ပြန်ထာသည့် ကျေးရွာအုပ်စုများတွင် တည်ငြိမ်အေးချမ်းရေးအတွက် အများပြည်သူ သွားလာအသုံးပြုနေသည့်
လမ်းများ၊ လမ်းမကြီး၊ လမ်းဆုံလမ်းသွယ်၊ လမ်းကြိုလမ်းကြား အများပြုသူသွားရာလမ်း သို့မဟုတ်
အများပြည်သူနှင့်ဆိုင်သော စာသင်ကျောင်း၊ ဆေးရုံး၊ ဆေးခန်း၊ ဘုရားကျောင်း၊ ဗလီစသည့်နေရာများတွင်
ငါးဦး သို့မဟုတ် ငါးဦးထက်ပိုသော လူများစုဝေးခြင်းကြောင့် ရုန်းရင်းဆန်ခတ်မှုများ၊
အဓိကရုဏ်းများ ထပ်မံဖြစ်ပွားရန်အကြောင်းရှိမည်ဟု ယုံကြည်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး၏
ထုတ်ပြန်သော အမိန့်စာတွင်ပါဝင်သည်။
၂၀၁၇ ခုနှစ်
သြဂုတ်လ ၄ ရက်တွင် ဖြစ်ပွားခဲ့သော စေတီပြင်နယ်ခြားစောင့်တပ်ဖွဲ့က ကျေးရွာအတွင်း တရားခံဝင်ရောက်ဖမ်းဆီးစဉ်
ဖမ်းဆီးတရားခံခြောက်ဦးအား အင်အား ၆၀၀ ကျော်ဖြင့် အုပ်စုဖွဲ့ ဝင်ရောက်လုယက်ခြင်း၊ လုံခြုံရေးအဖွဲ့များအား
တုတ်၊ ဓား၊ လှံ၊ ဂျင်ကလိများ ကိုင်ဆောင်ပစ်ခတ်ခြင်းကြောင့် ဖမ်းဆီးတရားခံခြောက်ဦးအနက်
နှစ်ဦးပြန်လည်လွတ်မြောက်သွားပြီး နယ်မြေမတည်မငြိမ်ဖြစ်ကာ နှစ်ဖက်အုပ်စုအကြား အဓိကရုဏ်းဖြစ်မည့်
အခြေအနေရောက်ရှိခဲ့သည်။
ယင်းဖြစ်စဉ်နောက်ပိုင်း
ကျေးရွာသုံးရွာ ရွာလုံးကျွတ် နေရပ်စွန့်ခွာမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးဖြင့် နေရပ်ပြန်ပို့
ဆောင်ခဲ့ရကာ ကျေးရွာများတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲအင်အားတိုးမြှင့်ချထားကြောင်း
သိရသည်။
စေတီပြင်ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးမောင်အေးတင်က "မနေ့ကစပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။ လောလောဆယ်
ဒေသတည်ငြိမ်နေပါတယ်။ လုံခြုံရေးရဲတပ်ရင်းနဲ့ တပ်မတော်က လုံခြုံရေးတိုးချထားတာရှိပါတယ်။
နောက်ပြီး တပ်မတော် ဆေးကုအဖွဲ့တစ်ဖွဲ့လည်း ရောက်ရှိနေပြီးတော့ ကျေးရွာတွေကို ကွင်းဆင်းဆေးကုသနေပါတယ်"
ဟု ပြောကြားသည်။
၎င်းအမိန့်မှာ
သြဂုတ် ၁၁ ရက်မှစ၍ နှစ်လအတွင်း အတည်ဖြစ်ကြောင်း ယခုထုတ်ပြန်ချက်အမိန့်တွင် ဖော်ပြထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့်
ဒေသတွင်းတိုးမြင့်လာသည့် အကြမ်းဖက်မှုဖြစ်စဉ်များ ရပ်တန့်ချုပ်ငြိမ်းရေးနှင့် လုံခြုံတည်ငြိမ်အေးချမ်းရေးအတွက်
တပ်မတော်တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိပြီး
လိုအပ်သည့်ဒေသများတွင် ညမထွက်ရအမိန့်ပုဒ်မ(၁၄၄)ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သြဂုတ် ၁၁ ရက်တွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် မောင်တောဒေသ
တည်ငြိမ်အေးချမ်းရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
သားရွှေဦး(ကစ္ဆပ)

No comments:
Post a Comment