"အနောက်တံခါး
လုံခြုံရေးခရီးစဉ်(၇)"
=====================
ဇူလိုင်လ
၁၂ ရက် ညနေ ၄း၀၀ နာရီကျော်မှာ မောင်တောမြို့နယ် မြောက်ပိုင်း သုခမြိုင်(ပြားသား) ကျေးရွာကို
ရောက်ရှိပါတယ်။
ဒီတစ်ကြိမ်နဲ့ဆိုရင်
သုံးခေါက်ရှိပါပြီ။
ခါတိုင်းလို
သစ်ပင်အောက်မှာမဟုတ်ဘဲ ဓမ္မာရုံသေးသေးလေးထဲမှာ တွေ့ကြပါတယ်။
ကလေးတွေကတော့
ခါတိုင်းလိုပဲ မုန့်ဝေမယ်ထင်ပြီး စုပြုံတိုးဝှေ့ ကြည့်ရှုနေကြတာပါ။
ဒီတစ်ခေါက်တော့
ကစားစရာတွေပဲ ပါပါတယ်။
ကစားစရာတွေဟာလည်း
အထုပ်နဲ့ထည့်ပြီး အိမ်စေ့ဝေမှာဖြစ်လို့ ကလေးတွေလက်ထဲကို ချက်ချင်း မထည့်နိုင်ခဲ့ပါဘူး။
ဒါကြောင့်
ကလေးတွေပျော်မြူးနေတာကို ကြည့်ခွင့်မရခဲ့ပါဘူး။
ငပလီကမ်းခြေ
ဂျိတ္တောကျေးရွာ ပုလဲရတနာဆရာတော်ကြီးကတော့ မောင်တောကိုရောက်မှ အဝေးကနေတွေးပူရတာထက် ပိုပြီးခံစားရကြောင်းနှင့်
အန္တရာယ်ကြားထဲကနေ အနောက်တံခါးကို အကာအကွယ်ပေးနေတဲ့ မောင်တောသူ မောင်တောသားတွေကို ကျေးဇူးတင်ကြောင်း
မိန့်ကြားပါတယ်။
နေရပ်ကို
စွန့်ခွါမသွားဖို့လည်း တိုက်တွန်းပါတယ်။
ဦးဝီရသူပေါင်းများစွာရှိတယ်။
ငါတို့ကိုစောင့်ရှောက်လိမ့်မယ်။
နေရပ်ကိုလုံးဝ
မစွန့်ခွါပါနဲ့ဟု မိန့်ကြားတော်မူပါတယ်။
ဒေါပုံမဘသ
ဒေါက်တာဥတ္တမသီရိကတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး အလကားရတဲ့ သဘာဝသယံဇာတ ကျောက်ဆစ်ခဲလေးတွေရဲ့
တန်ဖိုးကို မိန့်ကြားသွားပါတယ်။
တစ်ခြားရွာတွေလိုပဲ
ကစားစရာ စားစရာ မိန်းကလေးအလှဆင် ကလစ်လေးတွေအပါအဝင် အားဆေး မိုးကာအင်္ကျီ ယောဂီဝတ်စုံ တစ်ထုပ်စီ လှူဒါန်းခဲ့ပါတယ်။
ကုသိုလ်ရှင်ကတော့
ရမည်းသင်း မိုးထိမိုးမိ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးအဖွဲ့ပါ။
No comments:
Post a Comment