“စာအောင်သံဃာများအား
ဆုချ”
မစိုးရိမ်တိုက်သစ်
ပထမလေးလပတ် တိုက်တွင်းစာမေးပွဲ(ဓမ္မာနုဂ္ဂဟစာမေးပွဲ)မှာ ဓမ္မသဟာယကျောင်းမှ တပည့်(၉)ပါး
အောင်မြင်ပါတယ်။
စာသင်တန်းတစ်ပါး၊
အလတ်တန်း တစ်ပါး၊ အငယ်တန်းတစ်ပါး၊ မူလတန်းနှစ်ပါး၊ မူကြိုလေးပါးပါ။
24.7.2017
ရက်နေ့ ည ၁၀း၃၀ နာရီမှာ
စာသင်တန်း၊
အလတ်တန်း၊ အငယ်တန်း၊ မူလတန်း အောင်မြင်သူတွေကို သင်္ကန်းတစ်စုံနှင့် ဖိနပ်တစ်ရံ ဆုချပါတယ်။
မူကြိုကိုရင်လေးပါးကို
ဖိနပ်တစ်ရံစီ ဆုချပါတယ်။
ဓမ္မာနုဂ္ဂဟစာမေးပွဲ
လေးလတစ်ကြိမ်ကျင်းပတိုင်း အောင်မြင်သူတွေကို ဆုချနေကြပါ။
အရင်တုန်းက
ကျောင်းတိုက်ကထောက်ပံ့တဲ့နှုံးအတိုင်း စာရေးသူကလည်း ထောက်ပံ့ပါတယ်။
အခုတစ်ခါတော့
နေပြည်တော်ပျဉ်းမနား ကန်လယ်ကျောင်းဆရာတော် ဦးပညာဝံသက သင်္ကန်းနှင့် ဖိနပ်များ သင့်တော်ရာမှာ
လှူဒါန်းပေးဖို့ ဆက်ကပ်လာတာကြောင့် စာအောင်သံဃာများ ကံထူးသွားကြတာပါ။
နေပြည်တော်
ပျဉ်းမနား ကန်လယ်ကျောင်းဆရာတော် ဦးပညာဝံသက ဒီနှစ် သကျသီဟ စာသင်တန်းအောင် နှစ်ပါးနှင့်
အဘိဝံသဘွဲ့ရ တစ်ပါးကိုလည်း မာတင်သင်္ကန်းများ လှူဒါန်းပါသေးတယ်။
နေပြည်တော်
ပျဉ်းမနား ကန်လယ်ကျောင်းဆရာတော်နှင့်အတူ စာအောင်သံဃာများအားလုံး အောင်မြင်မှု အဆင့်ဆင့်
ခူးဆွတ်နိုင်ပါစေသော်……ဝ်။
No comments:
Post a Comment