“အနောက်တံခါး
လုံခြုံရေးခရီးစဉ်(၃)”
12.7.2017
ရက်နေ့ လောင်းဒုံမှ ကြိမ်ချောင်းသို့ သွားပါတယ်။
ကြိမ်ချောင်း
ဘုန်းကြီးကျောင်းက လမ်းမကြီးရဲ့ဘယ်ဘက်ဘေးမှာပါ။
ကျောင်းဝန်ကြီးကလည်း
ကျယ်ပါတယ်။
အရင်တစ်ခေါက်တုန်းက
ကျောင်းထိုင်ဆရာတော်ကြီး မရှိပေမဲ့ ဒီတစ်ခေါက်မှာတော့ ဆရာတော်ကြီးကို ဖူးတွေ့ရပါတယ်။
ဆရာတော်ကြီးက
ဝါတော် လေးဆယ်ကျော်ပါပြီ။
ကျောင်းထိုင်သက်တမ်း
နှစ်သုံးဆယ်ကျော်ပါပြီ။
ကြိမ်ချောင်းရွာကြီးမှာ
အိမ်ခြေ ၁၀၀၀ ကျော်ရှိသော်လည်း တိုင်းရင်းသားရွာကတော့ ခြောက်ဆယ်ကျော်ပဲ ရှိပါတယ်။
ဘုန်းကြီးကျောင်းကလည်း
ဘုန်းမကြီးပါ။
တိုင်းရင်းသားတွေကလည်း
မချမ်းသာလှပါ။
အနီးနားက
မရမ္မာကြီးတွေ ဘုန်းကြီးကျောင်းထဲ လာရောက်ခိုလှုံနေတာ တွေ့ရပါတယ်။
ဘင်္ဂလီအင်အား
အဆမတန်များပေမဲ့ ဘင်္ဂလားဒေ့ရှ်သို့ ထုတ်ကုန်ပဲဖြစ်ဖြစ် ဘင်္ဂလားဒေ့ရှ်မှ သွင်းကုန်ပဲဖြစ်ဖြစ်
ဒီလမ်းကြောင်းကပဲ ဝင်ကြ ထွက်ကြတာဖြစ်လို့ အရေးအခင်းအဆက်ဆက်မှာ ကြိမ်ချောင်းတိုင်းရင်းသားတွေ
ပစ်မှတ်အထားမခံရဘူးလို့ သိရပါတယ်။
ဆွမ်းစားအပြီးမှာ
ဆရာမလေးတွေ လာရောက် နှုတ်ဆက်ကြပါတယ်။
သူတို့လေးတွေရဲ့
အခက်အခဲကိုကြည့်ပြီး စိတ်မကောင်းပါဘူး။
ကိုယ့်မြေ
ကိုယ့်ရေမှာ ကျောင်းသားကို ကြောက်လန့်နေရတဲ့ ဆရာမများရဲ့ ဘဝပါ။
ကိုယ့်မြေ
ကိုယ့်ရေမှာ ကျောင်းသားမိဘတွေကို ကြေက်လန့်နေရတဲ့ ဆရာမများရဲ့ ဘဝပါ။
ကြိမ်ချောင်းဆရာတော်ကြီးအား
ငွေတစ်သိန်းကျပ် ဆရာမများအား လက်ဆောင်ပစ္စည်းများကို ခရီးစဉ်အားလုံးပြီးမှ လူကြုံဖြင့်
လှူဒါန်း ပေးကမ်းလိုက်ရပါတယ်။
ကြိမ်ချောင်းဆရာတော်ကြီး
ဆရာ ဆရာမများနှင့်အတူ ကြိမ်ချောင်းသူ ကြိမ်ချောင်းသားများ ဘေးရန်အန္တရာယ် ကင်းဝေးကြပါစေ။
No comments:
Post a Comment