“သဟာယကျောင်း
ဆွမ်းကပ်အလှူ”
====================
ဝါခေါင်လဆန်း
၇ ရက် 29.7.2017 မန္တလေး မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နေ့ဆွမ်းကပ်ပွဲပါ။
ဆွမ်းဒကာ
ဆွမ်းဒကာမတွေကတော့ ကသာမြို့ A-1 အထည်ရောင်းဝယ်ရေး ဦးသန့်ဇင်+ဒေါ်ခင်ညိုညိုနှင့် ညီမ
ဒေါ်ခင်မာထွေး ယောဂီတစ်စု ဖြစ်ပါတယ်။
သံဃာတော်များအား
ဆွမ်းဘောစဉ် ခဲဖွယ်များ ဆက်ကပ်ခြင်းအပြင် စာရေးသူအား သင်္ကန်းဆက်ကပ် လှူဒါန်းခြင်း နဝကမ္မ
ဝတ္ထုငွေများလှူဒါန်းခြင်း အခြားလှူဖွယ်ဝတ္ထုများလှူဒါန်းခြင်း ကုသိုလ်တွေလဲ ပါဝင်ပါတယ်။
သံဃာတော်များပရိတ်ရွတ်အပြီးမှာ
အနုမောဒနာတရား ဟောကြားပါတယ်။
ဗုဒ္ဓသရဏဂုံ
ဓမ္မသရဏဂုံ သံဃသရဏဂုံ ဂါထာသုံးခုပါ။
ဦးသန့်ဇင်+ဒေါ်ခင်ညိုညို
ကသာမြို့ A-1 အထည်ရောင်းဝယ်ရေး မိသားစုက နဝကမ္မ သုံးသိန်းကျပ်နှင့် မန်း မဟော်သဓာအတွက်
နှစ်သိန်းကျပ်
ဦးမင်းကျော်နိုင်+ဒေါ်ခင်မာထွေး
မိုးညှင်းမြို့ K-3 အထည်ရောင်းဝယ်ရေး မိသားစုမှ
နဝကမ္မ သုံးသိန်းကျပ် နှင့် မန်းမဟော်သဓာအတွက် နှစ်သိန်းကျပ်
ပြင်ဦးလွင်မြို့နေ
ဦးမျိုးနိုင်+ဒေါ်အေးအေးနှင်း Ok ဆွယ်တာမိသားစုက နဝကမ္မငါးသောင်းကျပ် လှူဒါန်းပါတယ်။
အလှူရှင်မိသားစုများနှင့်အတူ
ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။
No comments:
Post a Comment