“ဒီနေ့ဟောခဲ့တဲ့
တရားလေးပါ”
=================
ဒီနေ့
ဝါခေါင်လဆန်း(၈)ရက် 31.7.2017 ရက်နေ့ မနက် ၇း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် ငွေတောင်ကျောင်းတိုက်
သုဒဿီကျောင်းမှာ ဟောကြားတာပါ။
သုဒဿီကျောင်းဆရာတော်
ဦးမာဃိန္ဒ၏ နှစ် ၅၀ ပြည့် ရွှေရတုမွေးနေ့ပွဲပါ။
ဆရာတော်ဦးမာဃိန္ဒ၏
တပည့် ဒကာ ဒကာမတွေကို ဟောကြားပါတယ်။
အဂုၤတၱရနိကာယ္လာ
ဒုတိယေသာဝစႆတာသုတၱန္ပါ။
အပရိဟာနိယတရား
၇ ပါးဖြစ်ပါတယ်။
အပရိဟာနိယဆိုတာ
မဆုတ်ယုတ်ကြောင်း မကျရှုံးကြောင်း တရား ၇ ပါးဖြစ်ပါတယ်။
၁။
သတ္ထုဂါရဝတာ-ဘုရားကိုရိုသေခြင်း
၂။
ဓမ္မဂါရဝတာ- တရားကိုရိုသေခြင်း
၃။
သံဃဂါရဝတာ- သံဃာကိုရိုသေခြင်း
၎။
သိက္ခာဂါရဝတာ- သိက္ခာကိုရိုသေခြင်း
၅။
သမာဓိဂါရဝတာ- သမာဓိကိုရိုသေခြင်း
၆။
ကလျာဏမိတ္တတာ-မိတ်ဆွေကောင်းရိခြင်း
၇။
သောဝစဿတာ- ဆိုဆုံးမလွယ်ခြင်း တို့ဖြစ်ပါတယ်။
နံပါတ်လေးအရ
သိက္ခာဂါရဝတာကို အကျယ်ဟောကြားခဲ့ပါတယ်။
ကိုယ့်သိက္ခာကိုယ်
ရိုသေပါ။
သူတစ်ပါးသိက္ခာကို
လေးစားပါ။
ဆင်းရဲသားမှာလည်း
ဆင်းရဲသားသိက္ခာရှိတယ်။
သူတောင်းစားမှာလည်း
သူတောင်းစားသိက္ခာရှိတယ်။
သူတို့သိက္ခာကို
သူတို့အထိပါးမခံနိုင်ဘူး။
ငယ်စဉ်ဘဝ
လေးတန်းကျောင်းသားအရွယ် အတွေ့အကြုံလေးကို ပြောကြားခဲ့ပါတယ်။
သီချင်းဆိုပြီး
ပိုက်ဆံတောင်းသူသားအဖနှစ်ယောက်ရှိပါတယ်။
လူတစ်ယောက်က
ပိုက်ဆံငါးကျပ်ပေးပြီး သီချင်းလေးငါးပုဒ်တောင်းပါတယ်။
လေးငါးပုဒ်ဆိုပြီးတဲ့အခါ
ထပ်တောင်းပါတယ်။
ခုနစ်ပုဒ်ထိ
သည်းခံဆိုပါတယ်။
အခြားသွားဖို့
ခွင့်တောင်းတိုင်း ပိုက်ဆံငါးကျပ်ထည့်ထားသူက ဒါပေးထားတာ ဒါဆိုဖို့ အကြောင်းပြပါတယ်။
ရှစ်ပုဒ်အထိ
ထပ်ဆိုပါတယ်။
ကိုးပုဒ်မြောက်
ထပ်ဆိုခိုင်းတဲ့အခါ ဖလားကို မှောက်ချပြီး ပိုက်ဆံပြန်ပေးသွားပါတယ်။
သူတောင်းစားမှာလဲ
သိက္ခာနဲ့ပါ သူတောင်းစားကိုလည်း သူတောင်းစားဆိုပြီး အနိုင်ကျင့်လို့မရပါဘူး။
သူတောင်းစားသိက္ခာကို
လေးစားဖို့လိုပါတယ်။
ဒါကြောင့်
လူသားတိုင်း မိမိသက္ခာကို မိမိရိုသေဖို့ သူတစ်ပါးသိက္ခာကို တန်ဖိုးထားလေးစားဖို့ လိုအပ်ကြောင်း
ဟောကြားခဲ့တာပါ။
လူသားတိုင်း
မိမိသိက္ခာကို မိမိရိုသေပြီး သူတစ်ပါးသိက္ခာကို တန်ဖိုးထားလေးစားနိုင်ကြပါစေ။
ဝီရသူ(မစိုးရိမ်)
31.7.2017
AM
8:46
No comments:
Post a Comment