“လွတ်လပ်မှုနဲ့
စည်းကမ်းပျက်မှု”
=================
လုပ်သင့်တာတော့
ကြာပါပြီ။
အခုမှ
လုပ်မယ်ဆိုရင်လည်း နောက်မကျသေးပါဘူး။
အဲဒီအလိမ်ဗွီးရှင်းသာမက
အကောင့်တုတွေကိုပါ အရေးယူသင့်ပါတယ်။
မြန်မာပြည်သူတွေ
RP ထုမှုအားနည်းတယ်ဆိုတာ အမှန်ပါ။
ဒါပေမဲ့
အနီနဲ့အနက်က အဲဒီအထဲမပါပါဘူး။
ဘာကြောင့်လဲဆိုရင်
လိုင်းပေါ်မှာ RP အထုခံရလို့ အကောင့်ကျတာတွေကိုကြည့်လိုက်ရင် အမျိုးသားရေး အကောင့်တွေနဲ့
နိုင်ငံရေးဝေဖန်တဲ့အကောင့်တွေဖြစ်နေလို့ပါပဲ။
သူတို့တွေဘက်ကကြည့်ရင်တော့
အွန်လိုင်းအမှိုက်ရှင်းတယ်ပေါ့။
ကိုယ်တို့ဘက်ကကြည့်ရင်တော့
ဖေးဘုတ်ကြီးက ဒီမိုကရေစီမဆန်ဘူးပေါ့။
အနီတွေက
လွတ်လပ်စွာသဘောထားကွဲလွဲခွင့်မပေးဘူးဆိုတဲ့သဘောပေါ့။
အစိုးရကို
ပြန်ဝေဖန်တာမကြိုက်ဘူးဆိုတဲ့ သဘောပေါ့။
တစ်ဖက်သတ်
RP သမားတွေပါ။
အွန်လိုင်းပေါ်မှာ
လူ့အခွင့်အရေး အပြည့်အဝရချင်ပါသည်။
အမုန်းတရားနဲ့
အမှန်တရား ခွဲခြားပြချင်ပါသည်။
သို့သော်
ရိုင်းစိုင်း ကြမ်းတမ်း ယုတ်မာ ပက်စက် ကောက်ကျစ် ကြမ်းကြုတ် ညစ်ညမ်း စတာတွေကိုတော့
Facebook ကုမ္ပဏီနှင့် အစိုးရက အရေးယူသင့်ပါတယ်။
ဒါမှ
လွတ်လပ်မှုနှင့် စည်းကမ်းပျက်မှု ကွဲပြားကြမှာပါ။
အခုဟာက
လွတ်လပ်မှုကို အကြောင်းပြုပြီး ပြောင်ကျကျ စော်ကားနေကြတာပါ။
လွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်။
ဒါပေမဲ့
လွတ်လပ်စွာပြစ်မှားခွင့်မရှိပါဘူး။
ဝီရသူ(မစိုးရိမ်)
28.7.2017
PM
6:12
==========================================================
“သတင်းမှားများဖြန့်ဝေနေသည့်
ရိုဟင်ဂျာဗွီးရှင်းမြန်မာအပါအဝင် တရားမဝင်အွန်လိုင်းမီဒီယာများကို ထိရောက်စွာကိုင်တွယ်နိုင်ရန်
မြန်မာအစိုးရနှင့် Facebook ကုမ္ပဏီ ဆွေးနွေးနေဟုဆို”
ရန်ကုန်၊
ဇူလိုင် ၂၆
ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင်
သတင်းမှားများ ဖြန့်ဝေလျက်ရှိသည့် ရိုဟင်ဂျာဗွီးရှင်းမြန်မာအွန်လိုင်းမီဒီယာ အပါအဝင်
တရားမဝင်အွန်လိုင်းမီဒီယာများကို ထိရောက်စွာကိုင်တွယ်နိုင်ရေးအတွက် Facebook ကုမ္ပဏီနှင့်
တရားဝင်ဆွေးနွေးနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက
ပြောသည်။
လက်ရှိအချိန်တွင်
ရိုဟင်ဂျာဗွီးရှင်းမြန်မာဟူသော Facebook Page တစ်ခုမှာ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး
မဟုတ်မမှန်သတင်းများကို ဆက်တိုက်ထုတ်လွှင့်လျက်ရှိရာ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့်
အရေးယူဆောင်ရွက်သွားရန် ရှိ မရှိကို ဦးဇော်ဌေးအား ဇူလိုင် ၂၆ ရက်က မေးမြန်းရာ အထက်ပါအတိုင်း
ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့
အမေရိကန်မှာရှိတဲ့ Facebook ရုံးချုပ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ နှစ်ဦးနှစ်ဖက်ညှိနှိုင်း
ပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့စနစ်တစ်ခုကို လုပ်ဖို့အတွက်ပါ” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ယင်းကဲ့သို့
Facebook Page များမှတစ်ဆင့် မမှန်သတင်းတင်နေမှုများနှင့်ပတ်သက်ပြီး ပြည်သူလူထုအနေဖြင့်
Facebook Report ပိုင်းတွင် အားနည်းနေသေးကြောင်း၊ ယင်းအတွက်ကြောင့် Facebook နှင့်
တရားဝင်ဆွေးနွေးနေကြောင်း ၄င်းကပြောသည်။
“ကျွန်တော်တို့လုပ်လို့ရတာကတော့
Facebook ကိုပြောရမှာပေါ့နော်။ ဒါပေမဲ့ Facebook စနစ်ကလည်း ကိုယ်ပိုင်တဲ့ဟာမဟုတ်ဘူး။
နောက်ပြီးတော့ Report စနစ်ကလည်း ပြည်သူလူထုအကြား အဆင်သင့်မဖြစ်သေးဘူး” ဟု ဦးဇော်ဌေးက
ပြောသည်။
စီစဉ်နေဆဲဖြစ်သည့်အတွက်
ဆွေးနွေးမည့်အချိန်ကိုမူ အတိအကျမသိသေးကြောင်း
၎င်းကဆက်လက် ပြောသည်။
HWA
No comments:
Post a Comment