“အနောက်တံခါး
လုံခြုံရေးခရီးစဉ်(၄)”
12.7.2017
မွန်းလွဲပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းရွာလေးကို
ရောက်ရှိပါတယ်။
ဖားဝပ်ချောင်းရွာ
ဘုန်းတော်ကြီးကျောင်းမှာ ရွာသူ ရွာသားတွေနဲ့ တွေ့ပါတယ်။
အရင်တစ်ခေါက်က
ဖားဝပ်ချောင်းကျောင်းမှာ ကျောင်းထိုင်မရှိပေမဲ့ ဒီတစ်ခေါက်တော့ ကျောင်းထိုင်ဆရာ တော်နှင့်
ခန်းနေဆရာတော်နှစ်ပါးလုံးကို တွေ့ရပါတယ်။
ကျောင်းဝင်းထဲက
ဇရပ်ပေါ်မှာ စစ်သားတွေ ကင်းစောင့်နေတာ တွေ့ရပါတယ်။
ဓမ္မာရုံထဲမှာတော့
စစ်သားတွေ စခန်းချထားတာကို တွေ့ရပါတယ်။
ကော်ဖီမစ်တွေ
စစ်သားတွေထံ သွားလှူဖို့ တပည့်တွေကို တာဝန်ပေးလိုက်ပါတယ်။
ရွာသူ
ရွာသားတွေကို ငပလီမြို့ ပုလဲရတနာဆရာတော် ဘဒ္ဒန္တဣန္ဒာစာရက သြဝါဒပေးပါတယ်။
စာရေးသူက
နမောတဿ ဘုရားရှိခိုး သတိရတိုင်းရွတ်စေဖို့ တိုက်တွန်းပါတယ်။
ရန်ကုန်မဘသ
ဦးဇယန္တက ကလေးကစားစရာအရုပ်ကလေးတွေအကြောင်းနှင့် FM လေဒီယိုအကြောင်း ရှင်းပြပါတယ်။
ရန်ကုန်မဘသ
ဒေါက်တာဥတ္တမသီရိက စည်းလုံးညီညွတ်ရေးတရားကို ဟောကြားပါတယ်။
ဖားဝပ်ချောင်းကျေးရွာမှာ
အိမ်ထောင်စု ၁၀၄ စု ရှိပါတယ်။
၎င်းတို့အတွက်
ထောက်ပံ့ရေးပစ္စည်းတစ်ထုပ်စီ လှူဒါန်းခဲ့ပါတယ်။
ထောက်ပံ့ရေးပစ္စည်းတွေကတော့
FM လေဒီယို ကော်ဖီမစ် ကွေကာအုပ် ကလေးကစားစရာ မိန်းကလေး ဆံပင်အလှဆင်စရာ မိုးကာအင်္ကျီ ယောဂီဝတ်စုံ ခေါက်ဆွဲထုပ် အားဆေးတို့ဖြစ်ပါတယ်။
အားလုံးကို
ရမည်းသင်းမြို့ မိုးထိမိုးမိ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအဖွဲ့က လှူဒါန်းလိုက်တာပါ။
No comments:
Post a Comment