"ကျေးဇူးတင်ထိုက်သူတစ်ဦး"
ကြည်လင်းဆိုတာ
ဘယ်သူဘယ်ဝါမှန်း မသိရပေမဲ့ ကြည်လင်းကို ကျေးဇူးတင်ခဲ့ဖူးပါတယ်။
ကြည်လင်းကို
ကျေးဇူးတင်တာကတော့ ရဲဘော်သုံးကျိပ်ကို ကျေးဇူးတင်သလိုမျိုးပါ။
အခု
ကျေးဇူးတင်စရာ နောက်တစ်ဦး ထွက်ပေါ်လာပြန်ပါပြီ။
သူလည်းချောင်ကြိုချောင်ကြားထဲက
ထွက်ပေါ်လာတာပါပဲ။
အဆက်အသွယ်လည်းမရှိ၊
လူလည်းမမြင်ဖူး၊ နာမည်လည်း မကြားဖူးခဲ့ပါ။
အောင်မျိုးမင်းကို
ကျေးဇူးတင်တာကတော့ သူ့အား သူ့အင်လေးနဲ့ သူ့ဆန္ဒကို လူသိအောင် ထုတ်ဖော်ရကောင်းမှန်းသိတဲ့
အိုင်ဒီယာလေးနဲ့ ရဲရင့်စိတ်ကလေးပါ။
ဒကာတော်အောင်မျိုးမင်းကို
ကျေးဇူးတင်ပါတယ်။
ဝန်းရံပေးသူကို
ကျေးဇူးတင်ပါတယ်။
လိုင်းပေါ်တင်ပေးသူကို
ကျေးဇူးတင်ပါတယ်။
ကူညီသူကို
ကျေးဇူးတင်ပါတယ်။
ခွင့်ပြုပေးသူကို
ကျေးဇူးတင်ပါတယ်။
အားလုံးကို
ကျေးဇူးတင်နေမိပါတယ်။
ဒါပေမဲ့
လက်မှတ်မထိုးတဲ့ ဗန်မော်ဆရာတော်ကြီးပုံပါတာတော့ စိတ်မကောင်းဘူး။
ကိုအောင်မျိုးမင်း
ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်ဝလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်........။







No comments:
Post a Comment