"စာဖြေသံဃာများအား
ဆွမ်းကပ်ပွဲ(၂)"
ဒီနေ့
တပေါင်းလဆုတ်(၁၁) 23.3.2017 မနက် 5:00 မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်
စာဖြေသံဃာတော်များအား ဓမ္မသဟာယကျောင်းမှာ မနက်မုန့်တီသုပ် ဆက်ကပ်ပါတယ်။
ဒီကနေ့ဖြေဆိုမည့်
ဓမ္မာစရိယ(စာချ) တန်း သံဃာတော်များ ကြွရောက်ဘုဉ်းပေးကြပါတယ်။
ဒီကနေ့
ဖြေဆိုရမည့် ဘာသာရပ်ကတော့ ဝိနည်းပိဋကတ်တော်လာ ပါရာဇိကဏ်ကျမ်း(ဒုတိယနေ့) ဖြစ်ပါတယ်။
မနက်ဖြန်
သီလက္ခန်(ပထမနေ့) ဆက်လက်ဖြေဆိုကြပါမယ်။
ဓမ္မာစရိယတန်း
(၆)ရက်၊ ပထမပြန်တန်း(၇)ရက်၊ စုစုပေါင်း (၁၃)ရက် ဆက်ကပ်မှာပါ။
ဒီကနေ့ကုသိုလ်ရှင်ကတော့
ဦးလှိုင်+ဒေါ်ငွေရင် ကြို့ပင်ကောက် မိသားစုဖြစ်ပါတယ်။ ကြို့ပင်ကောက်မြို့မှ ဘုရားဖူးလာရင်း
ဆွမ်းတစ်နပ်စာလှူဖို့ စာရင်းပေးသွားတာပါ။
အခုလည်း
မနက်ဆွမ်းကပ်ပြီး ဘုရားဖူးခရီး ဆက်လက်ကုသိုလ်သွားယူကြပါတယ်။
၉၆၉
အဖွဲ့ နဂါးနီအဖွဲ့နှင့် ကိုသန်းဇော်မိသားစုတို့ ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။
ဝမ်းမြောက်နုမော်
သာဓုခေါ်နိုင်ပါစေသတည်း.......။
စာဖြေသံဃာ
မနက်စာ အလှူရှင်များ
၁။
ကိုအောင်+မမြင့်မြင့်သန်း မန္တလေး ၁၅၀၀၀၀
ကျပ်
၂။
ဦးလှိုင်+ဒေါ်ငွေရင် ကြို့ပင်ကောက် ၃၅၀၀၀၀
ကျပ်
၃။
ဦးကောဝိဒ စစ်ကိုင်း၊ သဒ္ဓမ္မပါလကျောင်း ၃၀၀၀၀၀ ကျပ်
၎။
ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ ရွှေမန်းမေမိသားစု မန္တလေး ၁၀၀၀၀၀ ကျပ်
၅။
ဦးမြင့်+ဒေါ်တင်လှ စံရတနာမိသားစု၊ မန္တလေး ၁၀၀၀၀၀
ကျပ်
၆။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းရွာ ဆွမ်းတစ်နှပ်စာ ကိုယ်တိုင်လှူဒါန်းမည်
၇။
ဒေါ်ခင်နွဲ့ဝေ မန္တလေး ကိုယ်တိုင်လာရောက်လှူဒါန်းမည်။
၈။
ဦးကြီးရွှေ+ဒေါ်ကျင်မြိုင်အားရည်စူး၍ ကိုသန်းဇော်မြင့်+မဝင်းဝင်းမာ သမီး မေမြတ်နိုး
မိသားစု မန္တလေး ၂၀၀၀၀၀ ကျပ်
တို့ဖြစ်ပါတယ်.................။
No comments:
Post a Comment