Sunday, March 19, 2017

``မူစတာဖာနီတိ လှိုင်းဂယက်ကြောင့် တိုင်းပြည်မပွက်စေချင်ဘူး``


``မူစတာဖာနီတိ လှိုင်းဂယက်ကြောင့် တိုင်းပြည်မပွက်စေချင်ဘူး``
@@@@@@@@@@@@@@@@@@@@@@@@@@@@@


(၁)
ဒီမိုကရေစီ၊ လူ့အခွင့်အရေးအော်သံများနဲ့အပြိုင်'မြန်မာနိုင်ငံမှာ
အစ္စလာမ်ဘာသာဝင် မွတ်ဆလင်တွေ ခွဲ ခြားဆက်ဆံခံနေရတယ်'ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း မကြာခဏဆိုသလို ကြားသိနေခဲ့ရပါတယ်။ တကယ်တမ်း ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ တည်ဆောက်ထားတဲ့ ဒီနိုင်ငံမှာ အစ္စလာမ်အစရှိတဲ့တခြားဘာ
သာဝင်တွေကို ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေက ခွဲခြားဆက်ဆံနေကြ
တယ်ဆိုတဲ့ စွပ်စွဲချက်ထက် ဘာသာခြားတွေ ကိုယ်တိုင်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကာဗာယူပြီး ဗုဒ္ဓဘာသာတွေကို ကြေးတန်းတိုက်၊ တန်းညှိ တောင်းဆို လာကြတာတွေပဲ လက်တွေ့အား ဖြင့် တွေ့မြင်လာရပါတယ်။
သွားလေသူကြီး ဦးကိုနီအပါအဝင် မွတ်ဆလင်ခေါင်းဆောင်တချို့က သူ တို့ဘာသာဝင်တွေကို မဲပေး၊ ရွေးချယ် ကြဖို့ စည်းရုံး၊ တိုက်တွန်းခဲ့သံတွေ မကြာခဏ ကြားခဲ့ရတယ်။ သိပ်မကြာသေးတဲ့ ၂ဝ၁၆၊ သြဂုတ်လထဲမှာ
ငြိမ်းချမ်းလုလင်လို့ နာမည်လှလှလေးပေးထားတဲ့ အစ္စလာမ်ဘာသာဝင် ဒေါက် တာမြင့်သိန်းက'ပြည်ထောင်စုသား မွတ်စလင်မ်များ'ဆိုတဲ့ စာအုပ်နဲ့ သမိုင်းတု၊ သမိုင်းလိမ်၊ သမိုင်းထိမ်ချန်မှုတွေ လုပ်ကြံရေးသားခဲ့လို့ ဆရာမောင်သွေးချွန် တုံ့ပြန်ချေပခဲ့ရတယ်။
ခုရက်ပိုင်းလေးမှာပဲ၈၈ က ကိုမြအေးရဲ့ အငြင်း ပွားဖွယ်ရာ
သင်္ကြန်သီချင်းကြောင့် လူ မှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန် သံတွေ ကြားခဲ့ရတယ်။
ဒီရက်ပိုင်းအတွင်း စိုးရိမ်စရာအ ကောင်းဆုံးနဲ့ လှုပ်ခတ်ပဲ့တင် အဖြစ်ဆုံးကတော့ 'ပြည်သူ့နီတိ'ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ပါဝင်လာတဲ့ အစ္စလာမ် ဘာသာရေးမိတ်ဆက် သင်ကြားချက်တွေအကြောင်း
ပဲ ဖြစ်ပါတယ်။

(၂)
၂ဝ၁၇ ခု၊ မတ်လ ၃ ရက်နေ့ လောက်ကစပြီး ပြည်သူ့နီတိ၊ စတုတ္ထ တန်းနဲ့ ပဉ္စမတန်းထဲမှာ ပါဝင်တဲ့အစ္စလာမ်ဘာသာအကြောင်း သင်ကြားချက်
သင်ခန်းစာတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး အငြင်းပွား၊ ဝေဖန်စရာများစွာ ပါဝင်နေတဲ့ ဘာသာရေးသင် ကြားချက်တွေကို ဗုဒ္ဓဘာသာဝင်တွေဘက်က လုံးဝ လက်မခံနိုင်ကြောင်း အသံတွေလည်း ပွက်လောရိုက်သွားခဲ့ပါ တယ်။
ပြည်သူ့နီတီ စာအုပ်တွေကို ငြိမ်းချမ်းရေးပံ့ပိုးမှုဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Peace Support Fund-PSF)ရဲ့ ရန်ပုံငွေအထောက်အပံ့နဲ့ ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့(Center for Diversity and National Harmony-CDNH)က ထုတ်ဝေပြီး မူလတန်းကနေ အထက်တန်းအထိ(သူငယ်တန်းက ဒသမတန်းအထိ)ကျောင်းသားကိုင် ၁၁ အုပ်၊ သူငယ်တန်း ဆရာလမ်းညွှန် ၁ အုပ်၊ မူလတန်းဆရာ လမ်းညွှန် ၁ အုပ်၊ မူလတန်း ဆရာ လက်စွဲ ၁ အုပ်၊ အလယ်တန်း ဆရာ လမ်းညွှန် ၁ အုပ်၊ အထက်တန်းဆရာလမ်းညွှန်
၁ အုပ်၊ ပြည်သူ့နီတိ ဘာသာရပ်သင်ကြားမှုကိုလေ့လာသုံးသပ်
ခြင်း စာအုပ် ၁ အုပ် စုစုပေါင်း ၁၇ အုပ်ကို ထုတ်ဝေထားကြောင်း သိရပါတယ်။
အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ပြည်သူ့ နီတိသင်ရိုးစာအုပ်တွေနဲ့ ပတ်သက်ပြီး သတိထားဖို့ကောင်းတာက ပြည်သူ့နီတိ တတိယတန်းနဲ့ စတုတ္ထတန်းတွေမှာ ဘာသာတရားများ မိတ်ဆက်ကဏ္ဍကို ထည့်သွင်းထားပြီး အစ္စလာမ်ဘာသာနဲ့
ကုရ်အာန်ကျမ်းမှာ ပါဝင်တယ်ဆိုတဲ့ အစ္စလာမ်ဘာသာ အဆုံးအမ ကောက် နုတ်ချက်တွေကိုပါ ထည့်သွင်းထားတာပါပဲ။

အထူးသဖြင့် ပြည်သူ့နီတိ ပဉ္စမတန်း၊ ကွဲပြားခြားနားမှုများကို နားလည် လက်ခံ အသိအမှတ်ပြုခြင်းအခန်းအောက်က
'ပြန်လည်သင့်မြတ်ခြင်း' မှာပါဝင်တဲ့ အေမိုနဲ့ မူစတာဖာတို့ရဲ့ ဇာတ်လမ်းထဲမှာ-
'ဒါပေမဲ့ကွာ၊ ငါကတော့ ငါတို့ဘာ သာရဲ့ ထုံးစံအတိုင်း ဝတ်ပြုရမှာပဲ။ ကောင်းတာတွေ မှန်သမျှက လုပ်ကောင်းတဲ့ အရာတွေပဲ မဟုတ်လား။
အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်တာကလည်း ကောင်းမှုတစ်ခုပဲလေ'
ဆိုတဲ့ မူစတာဖာရဲ့ ပြောဆိုချက်ကို တွေ့ရှိ နိုင်ပါတယ်။

ဒါ့အပြင် 'အေမိုသည် အမှတ်များ ကျဆင်းရသည့် အကြောင်းရင်းကို စဉ်းစားနေမိသည်။
နောက်ဆုံးတွင် အားလုံး၏ အရင်းခံမှာ သူက မူစတာဖာ၏ ဘာသာရေးကိုးကွယ်မှုအပေါ် စော်ကားမိလိုက်ခြင်းဖြစ်သည်ကို သိရှိသွားသည်' ဆိုတဲ့ ဖော်ပြချက်ကလည်း အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ မူစတာဖာရဲ့ကိုး ကွယ်မှုကို စော်ကားလို့ စာမေးပွဲအမှတ် တွေ ကျဆင်းသွားတဲ့ ပုံစံမျိုး သဘောသက်ရောက်နေပါတယ်။
တကယ်တမ်းကတော့ ဘာသာတစ်ခုကို စော်ကား ပုတ်ခတ်တာနဲ့ သက်ဆိုင်ရာဘာသာတ ရားရဲ့ သင်ကြားချက်တွေကို ပိုင်းခြား ဝေဖန်တာ မတူပါဘူး။
အိုင်အက်စ်လို အစွန်းရောက်အကြမ်းဖက်တွေ ပေါ်လာတာကြောင့် အစ္စလာမ်ဘာသာနဲ့ ကုရ်အာန်ကျမ်းစာထဲက သင်ကြားချက်တချို့ကို တစ်ကမ္ဘာလုံးက ဝေဖန်ထောက် ပြလာတဲ့ ဒီနေ့လိုအချိန်မျိုးမှာ မြန်မာနိုင်ငံမှာလည်း ဝေဖန်ထောက်ပြမှုတွေလုပ်သင့်ရင်
လုပ်ရမှာပါ။
နောက်ပြီး တစ်ဘက်မှာ OIC နဲ့ နိုင်ငံတကာထောက်ပံ့ရေးအဖွဲ့ အစည်းတွေ မြန်မာနိုင်ငံဆီက ပြန်ပြီးတော့ လိုချင်တာက ဘယ်အရာလဲ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုလို့ ဆိုတဲ့ CDNHနဲ့ မန္တလေးမြို့က ဖောင်တော်ဦး ဘက ကျောင်းတို့ရဲ့ အချိတ်အဆက်၊ အပေးအယူက ဘယ်လောက်ထိလဲ၊ ပြည်သူ့နီတိ ပြဋ္ဌာန်းချက်စာအုပ်တွေနဲ့ပတ်သက်ပြီး
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်ခြင်းခံနေရတဲ့ ဟာဂျီဦးအေးလွင်ရဲ့ ပါဝင်ပတ်သက်မှုဆိုတာကရော ဘယ်လိုလဲ .. စတဲ့ သို့လောသို့လော နောက်ကျောဓား ထိုး အခြေအနေများစွာမှာ ဗုဒ္ဓဘာသာ ဝင်တွေဘက်က မခံမရပ်နိုင်ဖြစ်ပြီးဆန့် ကျင်ဝေဖန်လာတာဟာလည်း သဘာဝ ကျလွန်းတဲ့ကိစ္စတစ်ခုပါ။

(၃)
ပြည်သူ့နီတိ လှိုင်းဂယက်ထွက် လာပြီးတဲ့နောက် 'ပြည်သူ့နီတိကို CDNHအဖွဲ့က အစိုးရသင်ရိုးသဏ္ဌာန် ပုံစံတူပြုလုပ်ကာ ဖြန့်ချိနေမှုနှင့် ပတ်သက်၍ ရှမ်း/မြောက် မဘသ၏သဘော ထားထုတ်ပြန်ချက်'ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂ဝ၁၇ ခု၊ မတ်လ ၅ ရက်နေ့မှာ ရှမ်း ပြည်နယ်မြောက်ပိုင်း မဘသအဖွဲ့အနေနဲ့ စတင်ထုတ်ပြန်ခဲ့တာ တွေ့ရပါ တယ်။
ကွဲပြားခြားနားမှုနဲ့ အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင် ရာလေ့လာရေး CDNH အဖွဲ့အနေနဲ့ နိုင်ငံတော်အဆင့် ပြဋ္ဌာန်းသတ်မှတ် သင်ရိုးသဏ္ဌာန်၊ နိုင်ငံတော်အစိုးရတန်းကျောင်းအသုံးအနှုန်းများကို ပုံစံတူလုပ်ပြီး ပြည်သူ့နီတိ သင်ရိုးညွှန်းတမ်းကို ဖြန့်ချိလာကြောင်း၊ ၂ဝ၁၅ ခု၊ ဒီဇင်ဘာလက စပြီး ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးတို့အတွင်း ဘာသာရေးအဖွဲ့ အစည်းတစ်ခုက သူတို့ရဲ့ ဘာသာရေး အကျိုးအမြတ်အတွက် ဘာသာရေးမှိုင်း တိုက်ဖို့အကြံအစည်နဲ့ ထုတ်ဝေဖြန့်ချိ ခဲ့ခြင်းဖြစ်ကြောင်း၊ လောလောဆယ် အနေအထားအရ၂ဝ၁၇ ခုနှစ်မှာ ပြည် သူ့နီတိစာအုပ်တွေကို တစ်နိုင်ငံလုံးဖြန့် ချိနိုင်ဖို့အထိ ဦးတည်ကြိုးပမ်းလာတာကို တွေ့ရကြောင်း ရှမ်းမြောက် မဘသ အဖွဲ့က ဖော်ပြထားပြီး CDNHရဲ့ အခုလုပ်ရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ-၃၆၄ ပါ'နိုင်ငံရေးကိစ္စအလို့ ငှာ ဘာသာ သာသနာကိုအလွဲသုံးစား မပြုရ'ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ကျူးလွန် ရာရောက်ကြောင်းလည်း သတိပေး ပြောဆိုထားပါတယ်။
ပြည်သူ့နီတိစာအုပ်တွေကို ပြန်လည်ရုပ်သိမ်းဖို့အတွက်လည်း ရှမ်းမြောက် မဘသအနေနဲ့ ပြင်းပြင်းထန်ထန်တောင်းဆိုထားပြီး -'သက်ဆိုင်ရာ
ပညာရေးဝန်ကြီး ဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကပြန်လည်ရုပ်
သိမ်းစေရန် တားမြစ်ပိတ်ပင်သည့် ညွှန်ကြားလွှာ/အမိန့် ထုတ် ပြန်ပေးခြင်းမရှိပါက ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၅၄၊ ငြိမ်း/စု/စီ ဥပဒေများနှင့်အညီ စီစဉ်၍ Center for Diversity and National Harmony(ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေး) CDNH ဆိုသော NGO အဖွဲ့၏ နိုင်ငံတော်အဆင့် ပြဋ္ဌာန်းသတ်မှတ် သင်ရိုးသဏ္ဌာန်၊ နိုင်ငံတော်အစိုး ရကျောင်းအသုံး
အနှုန်းများကို ပုံစံတူ ပြုလုပ်၍ ပြည်သူ့နီတိသင်ရိုးညွှန်းတမ်း စတုတ္ထတန်း၊ ပဉ္စမတန်းစသည်ဖြင့် ထုတ်ဝေဖြန့်ချိနေမှုများ၊ သင်ကြားနေမှုများ မရပ်မချင်း စဉ်ဆက်မပြတ်ဆန္ဒဖော်ထုတ် ကန့်ကွက်သွားမည်ဖြစ် ကြောင်း
ရှမ်းပြည်နယ်မြောက်ပိုင်း ၁၈ မြို့နယ် မဘသအဖွဲ့ကတညီတညွတ်
တည်း သဘောထား ကြေညာထုတ် ပြန်လိုက်သည်'လို့ အတိအလင်း ထုတ် ပြန်ပြောဆိုခဲ့တာ တွေ့ရပါတယ်။
မတ်လ ၅ ရက်နေ့မှာပဲ မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)
အနေနဲ့လည်း 'ပြည်သူ့နီတိသင်ရိုး ညွှန်းတမ်းကိစ္စနှင့်စပ်လျဉ်း၍ သဘော ထားကြေညာချက်'တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး ပြည်သူ့နီတိဆိုတာ
ပြည်သူများလိုက်နာကျင့်သုံးရမယ့် လမ်းညွှန်ချက်သာဖြစ်ပြီး ဘာသာရေးဆိုင်ရာ အဓိပ္ပာယ်ဖော်ပြချက်တစ်ခု မဖြစ်သင့် ကြောင်း၊ CDNH အဖွဲ့အနေနဲ့ ပြည်သူ့နီတိစာအုပ်တွေနဲ့ ဘာသာရေးမိတ် ဆက်သင်ခန်းစာတွေ သင်ကြားပေးဖို့ လုပ်နေတာဟာ ပညာရေးနယ်ပယ်မှာ ဘာသာရေး
အမြတ်ထုတ်နေခြင်းသာဖြစ်တဲ့အကြောင်း ထည့်သွင်းဖော်ပြခဲ့ပါ တယ်။
ခြေလှမ်းသွက်နေတဲ့ ပြည်သူ့နီတိ ပြဋ္ဌာန်းချက်တွေကို
တခြား ဗုဒ္ဓဘာသာ နဲ့ အမျိုးသားရေးအင်အားစုတွေကလည်း ဆန့်ကျင်ကန့်ကွက်သွားဖို့ အ ဆင်သင့်ရှိနေပြီး အမျိုး ဘာသာ သာ သနာစောင့်ရှောက်ရေးအဖွဲ့၊ မဘသ (ဗဟို)ကတော့ မတ်လ ၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ သဘောထားတစ်ရပ် ထုတ်ပြန် သတိပေးလာခဲ့ပါတယ်။
မဘသအဖွဲ့ကြီးရဲ့ ကြေညာချက် ထဲမှာ ပြည်သူ့နီတိကို ဘကကျောင်း တွေမှာ သင်ကြားပေးနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို CDNH နဲ့ ဖောင်တော် ဦးဆရာတော်တို့ ဦးဆောင်ပြီး မန္တလေး မြို့၊ဖောင်တော်ဦး ဘကကျောင်း
မှာ မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေက မိတ်ဆက်ရှင်းလင်းခဲ့တာကို တွေ့ရကြောင်း၊ မြန်မာ့ရှေးရိုးစဉ်လာပြည်သူ့ နီတိတွေကို
ဖျက်ဆီးပြီး ဘာသာတိုင်းနဲ့ တန်းညှိ၊ တစ်တန်းတစ်စားတည်း ထားလာတဲ့၊ ယခုပြည်သူ့နီတိကျောင်း သုံးစာအုပ်ကို လုံးဝလက်မခံကြောင်း၊ ပြည်သူ့နီတိစာအုပ်တွေကိုဘကကျောင်းအပါအဝင် အတန်းကျောင်းများ
မှာ သင်ကြားနိုင်အောင် ဦးဆောင် စီစဉ်သူတွေကိုလည်း လုံးဝ ကန့်ကွက် ရှုတ်ချကြောင်းစတဲ့ အချက်တွေ ပါဝင် ခဲ့တာတွေ့ရပါတယ်။

(၄)
တစ်နိုင်ငံလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာ ဝင်တွေဆီက မေးခွန်းထုတ်၊ ပွက်လော ရိုက်မှုများစွာ ထွက်ပေါ်လာခဲ့တဲ့နောက် မှာ 'ဘာသာကြီးလေးခုအကြောင်းကို လာမည့်ပညာသင်နှစ်တွင် သင်မည့် ကိစ္စ မဟုတ်မှန်ဟု ပညာရေးဝန်ကြီးဌာန ငြင်းဆို'ဆိုတဲ့ သတင်းတစ်ပုဒ် ထွက် ပေါ်လာခဲ့သလို မတ်လ ၅ ရက်နေ့၊ Eleven သတင်းမှာလည်း 'တတိယတန်းနှင့် စတုတ္ထတန်း၏ ပြည်သူ့နီတိ သင်ခန်းစာ၌ ဘာသာရေး ကိုးကွယ်မှု အဖြစ် အဓိကဘာသာလေးခု
ထည့်သွင်းထားပြီး ယင်းစာအုပ်များအား သက်ဆိုင်ရာသို့ တင်ပြထားဆဲသာဖြစ်ကြောင်း သိရ'ဆိုတဲ့ခေါင်းစဉ်နဲ့
ဖော်ပြခဲ့ပါတယ်။
ပြည်သူ့နီတိစာအုပ်တွေကို ပြည်သူ့လွှတ်တော်၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်၊ သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီ၊ ဘက်စုံလွှမ်းခြုံနိုင်သောပညာရေးကဏ္ဍ
လေ့လာသုံးသပ် ရေးလုပ်ငန်း(CESR)စတဲ့ ဌာနတွေကို တင်ပြထားပြီး စာအုပ်မိတ်ဆက်ခြင်းနဲ့ အကြောင်းအရာ ရှင်းလင်းပွဲတွေကို ပညာရှင်တွေနဲ့ အကြိမ်ကြိမ် ဆန်းစစ်ဝေဖန် အကြံပြုဆွေးနွေးမှုတွေ ပြုလုပ် ပြီးဖြစ်ကြောင်းလည်းသတင်းမှာဖော် ပြထားပါတယ်။
ဒါ့အပြင် ပြန်ကြားရေးသတင်း ဝက်ဘ်ဆိုက်မှာလည်းပြည်သူ့နီတိစာ
အုပ်တွေဟာ အစိုးရအဖွဲ့အစည်းများနဲ့ လုံးဝသက်ဆိုင်မှုမရှိကြောင်း သတင်းဖော်ပြခဲ့ပြီးမတ်လ ၇ ရက်နေ့ရက်စွဲ နဲ့ ပညာရေးဝန်ကြီးဌာနက
သတင်းထုတ်ပြန်ခဲ့ရာမှာ ပြည်သူ့နီတိစာအုပ်တွေဟာ အမျိုးသား
သင်ရိုးညွှန်းတမ်း ကော်မတီက အတည်ပြုထားတဲ့ပြဋ္ဌာန်းစာ
အုပ်တွေ မဟုတ်ကြောင်းရှင်းလင်းဖော်ပြခဲ့တာဖြစ်ပါတယ်။
ဝေဖန်ဆန့်ကျင်မှုတွေ ထွက်ပေါ် လာတဲ့နောက်CDNH အနေနဲ့လည်း
ပြည်သူ့နီတိစာအုပ်တွေဟာ အစိုးရအဖွဲ့ အစည်းတွေနဲ့ သက်ဆိုင်မှု
မရှိကြောင်း၊ သူတို့ထုတ်ဝေတဲ့ စာအုပ်တွေကို မဖြစ်မနေ အသုံးပြုဖို့အတွက် မည်သည့် ကျောင်း၊ မည်သည့်အဖွဲ့အစည်းကိုမျှ တိုက်တွန်းခြင်း
မရှိခဲ့ကြောင်းသတင်း ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
သေချာတာတစ်ခုကတော့ ပညာရေးအကြောင်းပြပြီးဘာသာရေးအ
မြတ်ထုတ်လာမယ်၊ဝိဘဇ္ဇဝါဒထွန်းကားတဲ့ ဗုဒ္ဓဘာသာနိုင်ငံမှာ ဘာသာ
တရားကို အကြောက်တရားနဲ့ ခြိမ်းခြောက်လာပြီး မျက်ကန်းယုံကြည်မှုကို
တင်သွင်းလာမယ်၊ ပြည်သူ့နီတိလို့ပြောပြီး မူစတာဖာနီတိ သင်ခန်းစာတွေနဲ့ ဘာ သာရေးတန်းညှိလာမယ်ဆိုရင်တော့မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေ
အသေအချာ ထွက်ပေါ်လာလိမ့်မယ်ဆိုတာပါပဲ။

မိုးအောင်လင်းနိုင်


No comments:

Post a Comment