Sunday, March 19, 2017

"ကျေးဇူးပါ ဖောင်းတော်ဦးဆရာတော်ဘုရား"

"ကျေးဇူးပါ ဖောင်းတော်ဦးဆရာတော်ဘုရား"
=======================
စာရေးသူဟာ ဖောင်းတော်ဦးဆရာတော်ကြီးကို ကြည်ညိုလေးစားပြီးသားပါ။
လေဆိပ်မှာတွေ့သည်ဖြစ်စေ၊ အခမ်းအနားတွေမှာတွေ့သည်ဖြစ်စေ ဆရာတော်ကြီးအား သွားရောက်ဖူးမြှော်၍ သြဝါဒနာယူတတ်ပါတယ်။
ဘကကျောင်းများနှင့်ပတ်သက်၍ အကူအညီတောင်းလျှင်လည်း ဖောင်းတော်ဦးဆရာတော်ကြီးထံ အကြံအဥာဏ်တောင်းပြီး ကူညီခဲ့ရပါတယ်။
ပြည်သူ့နီတိအရေးမှာတော့ NGO တွေကိုမလွန်ဆန်နိုင်လို့ အခုလို လိုက်လျောလိုက်ရတယ်လို့ ထင်နေပါတယ်။
ဆရာတော်ကြီးက ဘာသာရေးနှင့်ပတ်သက်တဲ့ ပြည်သူ့နီတိတွေ သင်ပေးမှာမဟုတ်ဘူးလို့ ဆိုတာကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပါတယ်။
ဝမ်းနည်းတာကတော့ ဘာသာရေးနဲ့ပတ်သက်တဲ့ ပြည်သူ့နီတိတွေ သင်မပေးပေမယ့် ၄င်းအဖွဲ့ကထုတ်တဲ့ ပဌာန်းစာတွေ အားနာပါးနာနဲ့ ကလေးတွေထံ ဖြန့်ဝေမှာကို စိုးရိမ်လို့ ဝမ်းနည်းတာပါ။
ဝမ်းသာတာကတော့ နုနယ်သေးတဲ့ကလေးငယ်တွေကို ဘာသာရေးမှိုင်းတိုက်ပေးမဲ့သူတွေကြောင့် ကလေးတွေ မှိုင်းမမိတော့မှာကို တွေးမိပြီး ဝမ်းသာတာပါ။
NGO ဆိုသူတွေကိုပြောချင်ပါတယ် ကမ္ဘာကြီးကို ဖျက်ဆီးနေတဲ့အကြမ်းဖက်သမားတွေဟာ မူဆလင်တွေဖြစ် ကြပါတယ်။
အကြမ်းဖက်ဇစ်မြစ်ဟာ ကလေးငယ်တွေကို မှိုင်းတိုက်ခြင်းက စတာပါ။
ဒါကြောင့် ဘာသာပေါင်းစုံအကြောင်း သင်ချင်သပဆိုရင် နိုင်ငံတကာမှာရှိတဲ့ မူဆလင်ကလေးငယ်တွေမှ စပြီး သုတေသနနည်းဖြင့် သင်ကြားပေးစေချင်ပါတယ်။
ဒါဆိုရင် လေးငါးဆယ်နှစ်အတွင်းမှာပဲ ကမ္ဘာကြီး သိသိသာသာ ငြိမ်းချမ်းလာပါလိမ့်မယ်။
ဝီရသူ(မစိုးရိမ်)
19.3.2017
5:46
==========================================================


"ဘာသာရေးနှင့်ပတ်သက်သည့် ပြည်သူ့နီတိ သင်ပေးမည်မဟုတ်ဟု ဖောင်တော်ဦးကျောင်းဆရာတော်ပြော"
န္တလေး၊ မတ် ၁၈
ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့(CDNH)ကထုတ်ဝေထားသော ပြည်သူ့နီတိစာအုပ်များတွင် ပါဝင်သည့် ဘာသာရေးဆိုင်ရာများကို သင်ကြားပေးမည်မဟုတ်ကြောင်း ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေး တွဲဖက်အထက်တန်းကျောင်းဆရာတော် နာယက က မိန့်ကြားသည်။
CDNH ကထုတ်ဝေခဲ့သည့် ပြည်သူ့နီတိစာအုပ်များတွင် ကမ္ဘာပေါ်ရှိ လူအများစု ကိုးကွယ်လျက်ရှိသော ဘာသာကြီးလေးခု(ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာ) တို့နှင့်သက်ဆိုင် သော အခြေခံအကြောင်းအရာများကို တတိယတန်းနှင့် စတုတ္ထတန်း ပြည်သူ့နီတိစာအုပ် များတွင် ထည့်သွင်းဖော်ပြထားခြင်းနှင့်ပတ်သက်၍ ဖောင်တော်ဦးကျောင်း၏ ကျောင်းအုပ်ဆရာတော်က ယင်းသို့မိန့်ကြားလိုက်ခြင်းဖြစ်သည်။
"ဘာသာကြီးလေးမျိုးကို ဖယ်ထားပြီး ကျန်တာတွေတော့ သင်လို့ရတယ်။ ဖောင်တော်ဦးကျောင်းအနေနဲ့ အရင်တုန်းက CDNH ကထုတ်တဲ့ ပြည်သူ့နီတိကို စမ်းသပ်ပြီးတော့ သင်ကြားပေးခဲ့တာတွေရှိတယ်" ဟု ၄င်းက ဆက်လက်မိန့်ဆိုသည်။
ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာလေ့လာရေးအဖွဲ့(CDNH) ထုတ်ဝေခဲ့သည့် တတိယတန်းနှင့် စတုတ္ထတန်းပြည်သူ့နီတိစာအုပ်များတွင် ဘာသာရေးဆိုင်ရာများပါဝင်ခဲ့မှုကြောင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများထွက်ပေါ်ခဲ့ရာ CDNH ကထုတ်ဝေသည့် ပြည်သူ့နီတိစာအုပ်များသည် အစိုးရအဖွဲ့အစည်းများနှင့် သက်ဆိုင်မှုမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ပညာရေးဝန်ကြီးဌာနနှင့် ပညာရှင်များအနေနှင့် ပြည်သူ့နီတိသင်ကြားရေးတွင် ကိုးကားနိုင်ရန် ဝေငှခဲ့ခြင်းသာ ဖြစ်ကြောင်း၊ CDNH ကထုတ်ဝေသော ပြည်သူ့နီတိစာအုပ်များကို မဖြစ်မနေ အသုံးပြုရမည်ဟု တိုက်တွန်းထားခြင်း မရှိကြောင်း CDNH ကငြင်းဆိုထားသည်။
ဖောင်တော်ဦး ဘုန်းးတော်ကြီးသင်ပညာရေးတွဲဖက်အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ ၇၀၀၀ ကျော်ရှိပြီး ဆရာ၊ ဆရာမ ၄၀၀ ကျော်နှင့် ရဟန်းသာမဏေ ၇၀၀ ကျော်ရှိကာ ပြည်တွင်းပြည်ပအလှူရှင်များ၊ အစိုးရထောက်ပံ့ငွေများဖြင့် လည်ပတ်နေသည့်ကျောင်းဖြစ်သည်။

M-05

No comments:

Post a Comment