Wednesday, March 22, 2017

“မုဒိတာရပ်ဝန်း” (လောကအလင်း ပညာရေးအလှူတော်)

“မုဒိတာရပ်ဝန်း”
(လောကအလင်း ပညာရေးအလှူတော်)
======================

ဆရာတော် ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန ကျူရှင်ကျောင်းအတွက် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်၊ သစ္စဝေဒဂူမိုးကုတ်ဝိပဿနာ ဆရာတော် ဘဒ္ဒန္တခေမာစာရက အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် လှူဒါန်းစဉ်။(21.3.2017)
အလှူရှင် သစ္စဝေဒဂူဆရာတော်နှင့်အတူ ဆင်းရဲသူ/သားတို့၏ ပညာရေးကို လိုလားကြကုန်ုသော  အနုမောဒနာပြုကြသူ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ…။

လောကအလင်း ပညာဒါန ကျူရှင်ကျောင်းသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃ လမ်းနှင့် ယုဇနလမ်းသွယ်ရှိ မဟာဣန္ဒကာရာမကျောင်းတိုက်အတွင်းမှာ တည်ရှိပါတယ်။
ဆရာတော် ဦးဝီရသူ ၂၀၁၂-ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ဆယ်တန်းကျောင်းသူ/သား တစ်ရာကျော် သင်ယူလျက်ရှိပြီး (၈၀)ဦး ဝင်ရောက် ဖြေဆိုကြပါတယ်။
ဆရာတော် (၄)ပါး၊ ဆရာ/မ (၁၇)ဦးနှင့် မနက် ၆း၀၀ နာရီမှ ည ၁၀း၀၀ နာရီအထိ သင်ကြားပေးခဲ့တာပါ။





No comments:

Post a Comment