"သစ္စဝေဒဂူ
ယဉ်ကျေးလိမ္မာသင်တန်း"
တပေါင်းလဆုတ်(၀)ရက်
21.3.2017 ည 7:00 နာရီမှာ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင် သစ္စဝေဒဂူမိုးကုတ်ဝိပဿနာရိပ်သာသို့ရောက်ရှိခဲ့ပါတယ်။
ဖွင့်ပွဲတုန်းက
ခရီးထွက်နေလို့ မလာဖြစ်ခဲ့ပါဘူး။
အခု
ရောက်လာပြန်တော့လည်း နှုတ်ဆက်စကားပြောရုံလောက်ပါပဲ။
တရားလည်းမဟောခဲ့ရ၊
သြဝါဒလည်း မပေးခဲ့ရပါဘူး။
ပထမအဆင့်မှ
ဂုဏ်ထူးတန်းအထိ သာမဏေ၊ သီလရှင်၊ ကျောင်းသား၊ ကျောင်းသူ (၁၅၀၀)ကျော်ကို အဆောင်တိုင်း
လိုက်ပြီး နှုတ်ဆက်စကားပြောပါတယ်။
(မဟောမပြောဘဲနဲ့တောင်
သစ္စဝေဒဂူဆရာတော်က ဝတ္ထုငွေ ငါးသိန်းကျပ် လှူဒါန်းလိုက်ပါသေးတယ်။)
သစ္စဝေဒဂူဆရာတော်က
သြဝါဒပေးစေချင်ပေမဲ့ မပေးဖြစ်ခဲ့ပါဘူး။
မဟန
အမိန့်စာကိုင်ပြီး အာဏာစက်ဆိုတာကြီးတွေနဲ့ မပတ်သက်ချင်လို့ပါ။
ကလေးတွေကို
သြဝါဒပေးတာကို စ.မ.က ပုဒ်မတပ်ပြီး မ.ဟ.န ဆရာတော်ကြီးတွေကို ကတုံးကတိုက် သွားလုပ်လိုက်ရင်
ဆရာတော်ကြီးတွေလည်း ကိုင်တွယ်ရခက်ကာ စိတ်မသက်မသာ ဖြစ်မှာစိုးလို့ပါ။
အရပ်သားစစ်စစ်
ဒီမိုကရေစီအစိုးရလက်ထက်မှာ ယဉ်ကျေးလိမ္မာသင်တန်းသူ သင်တန်းသားများအား သြဝါဒပေးခွင့်တောင်မရတဲ့
အခြေအနေမျိုး လော်ဘီတွေသိကြရင် သိပ်ကောင်းမှာပဲဗျာ.........။
No comments:
Post a Comment