Tuesday, March 7, 2017

ဖောင်တော်ဦး သစ္စာဖောက်ပြီလော


ဖောင်တော်ဦး သစ္စာဖောက်ပြီလော
*********************************
N G O တို့ I N G O တို့ သဘောကောင်းနေတာ အကြောင်းမဲ့ မဟုတ်ဘူးဆိုတာ သိကြပါ။
တစ်ကမ္ဘာလုံးကို မွတ်စလင်ဇာတ်သွင်းဖို့အတွက် ငွေလမ်းခင်းနေတာပါ။
ထူးခြားတာက
ဒီစာတွေကို အာရဗီကျောင်းတက်နေတဲ့ မွတ်စလင်ကလေးတွေကို လုံးဝ ပေးမသင်တာပါပဲ။
အစည်းဝေးတက်တဲ့
ရဟန်းတော်တစ်ပါးရဲ့ ရင်တွင်းစကားကို
ပူးတွဲတင်ပြလိုက်ပါတယ်။

ဝီရသူ (မစိုးရိမ်)
7.3.2017
pm 10:47
======================================

ဆရာတော် မင်္ဂလာပါဘုရား
တပည့်တော် ( -- မြို့)
မ- ဘ-သ အတွင်းရေးမှူးပါဘုရား။
ဘ/က ပညာရေးကျောင်းလဲ 2004/2005 ပညာသင်နှစ်မှ
ယနေ့ထိ
ဖွင့်လှစ်သင်ကြားနေဆဲပါဘုရား။
နှစ်စဉ် ကျောင်းသား/သူများ ( ၁၀၀ )
ကျော်ပညာသင်ကြားပေးနေလျက်ပါဘုရား။
တပည့်တော်အထူးလျှောက်ထား
လိုတာက 2-3-2017 ရက်နေ့မှာ အစည်းဝေးပင့်ဖိတ်ခေါ်ယူပီး အဖွဲ့စည်းတစ်ခုက အသုံးချသွားခြင်းခံရတာကို စိတ်မကောင်းဖြစ်မိလို့ပါဘုရား။
အဖွဲ့စည်းအမည်က အတိုကောက် CDNH ပါဘုရား ။ဆရာတော်တို့ မန္တလေးမြို့
ဖောင်တော်ဦး ဘ/က ပညာရေးကျောင်းအဖွဲ့က ဦးဆောင်ပီးကျင်းပသွားခြင်း
ပါဘုရား။
ကျင်းပခြင်း၏ အကြောင်းအရာက Fb ပေါ်မှာပြန့်နှံ့နေသည့် *ပြည်သူ့နီတိသင်ကြားခြင်း၏ရည်ရွယ်ချက်*
ခေါင်းစဉ်ဖြင့်ပါဘုရား ။

နေရာဒေသက သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက်က
သီတဂူပညာရေး ဗုဒ္ဓကောလိပ်ကျောင်းမှာပါဘုရား
ဘုမသိ ဘမသိနဲ့တပည့်တော်တက်ရောက်ခဲ့တာပါဘုရား။
မနက်ပိုင်းမှာ စာရေးဆရာ ဆရာချစ်စံဝင်းဟောပြောပါသည်။
ပြဿ နာမရှိပါ။အဆင်ပြေပါသည်ဘုရား။ နေ့လည်ပိုင်းမှာဆရာ
ကျေးဇူးဆက်ပီးဟောပြောသည်။ သံဃာတော်တစ်ချို့နှင့်အခြေအတင်
အမေးအမြန်း အပြန်အလှန်ဖြစ်ခဲ့ပါသည်ဘုရား။

ညနေ (3:00)အစည်းဝေး 15 မိနစ်ခေတ္တနားသည်။ တပည့်တော်တို့အဖွဲ့
ဆက်လက်မနေတော့ပါ။ အစည်းဝေးမတက်တော့ပါ။ ပြန်လာခဲ့ပါသည်ဘုရား။

အစည်းဝေး ( 2 )ရက်ပါဘုရား။ မတ်လ 2/3 ရက်ပါဘုရား
တပည့်တော်၏ ဆရာဘုန်းကြီးက ပဲခူးတိုင်း ဘ/က အတွင်းရေးမှူးဆရာတော်ပါဘုရား။ ဆရာသမားခေါ်လို့လိုက်ပါခြင်းပါဘုရား
---------
လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်ရေးသားနေသော အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့မှ ရေးသားထားသည့် ပြည်သူ့နီတိ စာအုပ်များသည် အစိုးရ အဖွဲ့အစည်းများနှင့် လုံးဝသက်ဆိုင်မှုမရှိ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နေပြည်တော် မတ် ၇
လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန် ရေးသားနေသော ပြည်သူ့နီတိ စာအုပ်နှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက လက်ခံနိုင်ဖွယ်မရှိကြောင်း သဘောထားထုတ်ပြန်မှု အပေါ် ယင်းစာအုပ်များသည် အမျိုးသားသင်ရိုး ညွှန်းတမ်း ကော်မတီက အတည်ပြုထားသော ပြဋ္ဌာန်းစာအုပ်များ မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် သတင်း ထုတ်ပြန်ရှင်းလင်းထားသည်။
အဆိုပါ ပြည်သူ့နီတိ စာအုပ်များနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာ များတွင် ဝေဖန် ရေးသားနေမှုများအပေါ် ပြည်ခိုင်ဖြိုးပါတီက လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် အမျိုးသား အကျိုးစီးပွား အတွက် လိုအပ်သလို တုန့်ပြန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ သဘောထား ထုတ်ပြန်ချက်ကို မတ် ၇ ရက် ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် ဖော်ပြထားကြောင်း တွေ့ရှိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက မတ် ၇ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ရာတွင် ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှု ဆိုင်ရာ လေ့လာရေး အဖွဲ့မှ ရေးသားထားသည့် ပြည်သူ့နီတိ စာအုပ်များသည် အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီက အတည်ပြုထားသော ပြဋ္ဌာန်း စာအုပ်များ မဟုတ်ကြောင်း ရှင်းလင်းဖော်ပြထားသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကျောင်းများအတွက် စာရိတ္တနှင့် ပြည်သူ့နီတိပြဋ္ဌာန်း စာအုပ်များကို အခြေခံပညာအဆင့် သင်ရိုး ညွှန်းတမ်း အညွန်းဘောင်၊ ဘာသာရပ်သင်ရိုးညွှန်းတမ်း အညွန်းဘောင် တို့နှင့်အညီ စာရိတ္တနှင့် ပြည်သူ့နီတိ သင်ရိုး ညွှန်းတမ်းကော်မတီ က ရေး သားပြုစု၍ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီသို့ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှ တစ်ဆင့် တင်ပြပြီး ထိုကော်မတီ၏ ပြင်ဆင်တည်းဖြတ် အတည်ပြုသော ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များကိုသာ အသုံးပြုကြောင်း အသိပေး ကြေညာထားရှိသည်။
ယင်းဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်ပြီး ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (Center for Diversity and National Harmony –CDNG) ကလည်း ၎င်းတို့ ထုတ်ဝေထားသည့် ပြည်သူ့ နီတိစာအုပ်များသည် အစိုးရအဖွဲ့ အစည်းများနှင့် လုံးဝ သက်ဆိုင်မှု မရှိကြောင်း၊ သတင်းထုတ်ပြန်ချက် တစ်စောင် ကို မတ် ၅ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယင်းထုတ်ပြန်ချက်တွင် CDNH မှ ပြည်သူ့နီတိ စာအုပ်များကို မူလတန်းမှ အထက်တန်းအထိ (သူငယ်တန်းမှ ဒသမတန်းအထိ) ကျောင်းသားကိုင် ၁၁ အုပ်၊ သူငယ်တန်းဆရာလမ်းညွှန် ၁ အုပ်၊ မူလတန်းဆရာလမ်းညွှန် ၁ အုပ်၊ မူလတန်းဆရာ လက်စွဲ ၁ အုပ်၊ အလယ်တန်းဆရာ လမ်းညွှန် ၁ အုပ်၊ အထက်တန်း ဆရာလမ်းညွှန် ၁ အုပ်နှင့် ပြည်သူ့နီတိ ဘာသာရပ်သင်ကြား မှုကို လေ့လာသုံးသပ်ခြင်း စာအုပ် ၁ အုပ် စုစုပေါင်း ၁၇ အုပ်တို့ကို ထုတ်ဝေ ထားကြောင်း။
CDNH အနေဖြင့် မိမိတို့ထုတ်ဝေခဲ့သည့် ပြည်သူ့နီတိစာအုပ်များကို သက်ဆိုင်ရာ ပညာရေးဝန်ကြီး ဌာနနှင့် ပညာရှင်များအား ပြည်သူ့နီတိ သင်ကြားရေးတွင် ကိုးကားနိုင် သည့် စာအုပ်များအဖြစ်ဖြင့် လိုအပ်သလို အသုံးပြုနိုင်စေရန် တင်ပြဝေငှခဲ့ကြောင်း၊ CDNH မှ ထုတ်ဝေသော ပြည်သူ့နီတိ စာအုပ် များကို မဖြစ်မနေ အသုံးပြုရန် မည်သည့် ကျောင်း (သို့မဟုတ်) အဖွဲ့အစည်းကိုမျှ တိုက်တွန်းခြင်း မရှိခဲ့ကြောင်း။
ပြည်သူ့နီတိ သင်ကြားရေးနှင့် ပတ်သက်၍ သင်တန်း ရယူလိုသော အဖွဲ့အစည်း များကိုသာ သင်ကြားရေးနှင့် ပတ်သက်သည့် သင်တန်း များကို ပေးခဲ့ကြောင်း၊ ထိုသို့ သင်တန်းများ ပေးရာတွင် သင်တန်း တက်ရောက် လာကြသူများအား မိမိတို့ဒေသရှိ လူငယ်များသို့ ပြန်လည် သင်ကြားသည့်အခါ မိမိတို့ဒေသနှင့် သင့်လျော်မည့် အပိုင်းများ ကိုသာ သင်ကြားပို့ချပြီး မသင့်လျော် သည့် အပိုင်းများကို ချန်လှပ်ထားနိုင်ကြောင်း၊ စာအုပ်များတွင် ပါရှိသည့် အကြောင်းအရာများ အတိုင်းသာ သင်ကြားရမည် မဟုတ်ဘဲ မိမိတို့ဒေသနှင့် ကိုက်ညီမည့် ပုံဝတ္ထုများ၊ အကြောင်းအရာများ ရှိပါကလည်း အစားထိုး သင်ကြားပေးနိုင်ကြောင်းကို ရှင်းလင်း ထုတ်ပြန်ထားသည်။
ထို့ပြင် CDNH အဖွဲ့သည် ဘာသာရေး ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခုမဟုတ်ဘဲ လူမှုရေးသိပ္ပံ၊ သမိုင်းနှင့် ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်း ထားသည့် ပြည်တွင်း NGO တစ်ခုဖြစ်ကြောင်း၊ မည်သည့် ဘာသာရေး ခေါင်းဆောင် တစ်ဦးတစ်ယောက်မျှ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း မရှိကြောင်း၊ CDNH သည် တိုင်းပြည် အတွင်း နိုင်ငံရေး ပြောင်းလဲမှုနှင့် သဟဇာတဖြစ်မှု အခြေ အနေများ၊ ပဋိပက္ခ ကာကွယ် တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သုတေသနများ ပြုလုပ်ခြင်းနှင့် သင်တန်း များပေးခြင်း လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း ရှင်းလင်းထားသည်။
(သတင်းစဉ်











No comments:

Post a Comment