Wednesday, March 8, 2017

ဝီရသူ ဆွမ်းမစားရတဲ့နေ့


ဝီရသူ ဆွမ်းမစားရတဲ့နေ့

ဒီနေ့ 8.3.2017 MNA လေယာဉ်နဲ့ ရန်ကုန်လာပါတယ်။

လေယာဉ်ပေါ်မှာ မုန့်၂ခု စားခဲ့ရပါတယ်။
လေယာဉ်ထွက်ချိန်က ၉း၂၀ ပါ။
ရန်ကုန်မှာ မြူ တွေပိတ်နေလို့ လေယာဉ်အဆင်း နောက်ကျ တာကြောင့်
၁၀း၄၅ မှ ထွက်နိုင်ပါတယ်။
ရန်ကုန်ရောက်တော့ ၁၂း၀၈ ပါ။

လေယာဉ်နောက်ကျတာ တောင်းပန်ရုံကလွဲလို့ ဘာမှ လုပ်မပေးကြပါဘူး။
မုန့်ကလေး ၂ချပ် ရေနွေးကြမ်းလေးတစ်ခွက်သောက်ပြီး
ဘဝင်္ဂသမာပတ္တိနဲ့ လောကကြီးကို မေ့ပစ်လိုက်ပါတယ်။

ဆွမ်းစားခဲ့ရလား
ဘာလုပ်ပေးရမလဲတောင် မေးဖော်မရတဲ့
လေယာဉ်မယ်လေးတွေက
ကျေးဇူးတင်စကားပြောလာတော့
အမျိုးချစ်လို့ ထမင်းငတ်တာပဲလို့
တွေးမိသွားတာပါ။

လေကြောင်းလိုင်းအမည်က mna မြန်မာအမျိုးသား
လေကြောင်းလိုင်းဖြစ်နေလို့ပါ။

ညနေကောင်ကြီးနဲ့ဆို
တရားပွဲမမီမှားစိုးတယ်။
မနက် ၁၀း၃၀ ကောင်နဲ့ဆို ဆွမ်းချိန်မမီမှာစိုးတယ်။
ဒါနဲ့
၉း၂၀ ကောင်ရွေးလိုက်တာ
ဆွမ်းငတ်ပါလေရော။

စာနာမှုကင်းမဲ့တဲ့ လေယာဉ်မယ်တွေရယ်
ဝန်ဆောင်မှုညံ့ဖျင်းတဲ့ mnaရယ်။
ထောင်ထဲမှာ ဆွမ်းမစားခဲ့ရတဲ့နေ့ရက်တွေရယ်
သတိရနေဦးမှာပါလေ။

အမြဲတန်းဆဲဆိုနေကြသူတွေ ပျော်ပါစေတော့ရယ်လို့ ဒီပို့စ်ကလေး တင်ပေးလိုက်တာပါနော်။
အခုတော့ ငှက်ပျောဖျော်ရည် အဝသောက်ပြီးပြီခမျ။


No comments:

Post a Comment