"အမျိုးသားတိုးတက်ရေးပါတီ
ကြေညာချက်"
"ပြည်သူ့နီတိ
သင်ရိုးညွှန်းတမ်းနှင့် စပ်လျဉ်းသည့် သဘောထားကြေညာချက်(၁/၂၀၁၇)"
ရက်စွဲ၊
၂၀၁၇ ခုနှစ်၊ မတ်လ ၅ရက်
ပြည်သူ့နီတိဆိုသည်မှာ
ပြည်သူအများလိုက်နာကျင့်သုံးရမည့် အခြေခံလူ့ကျင့်ဝတ်များဖြစ်ပြီး ထိုသင်ခန်းစာ အား
ငယ်ရွယ်စဉ်ကလေးဘဝမှအစပြု၍ လူမှုရေးနယ်ပယ်၌ အဆင်ပြေချောမွေ့စွာ ပေါင်းသင်းဆက်ဆံနိုင်ရေး၊
အခြေခံလူ့ယဉ်ကျေးမှုနှင့် ဂါရဝတရားအရ လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်များအား သိရှိနားလည်စေရန်
ပို့ချပေးသော ဘာသာရပ်တစ်ခုအဖြစ် ခံယူပါသည်။
ပြည်သူ့နီတိ၏
အခြေခံသင်ရိုးများဖြစ်သော မိဘဝတ်၊ ဆရာဝတ်၊ သားသမီးဝတ်၊ တပည့်ဝတ်တို့အား အခြေခံ မြန်မာစာတွင်
ထည့်သွင်းပြဋ္ဌာန်းခဲ့ပါသည်။ ထိုကျင့်ဝတ် နီတိအဆုံးအမများအရ ယနေ့ခေတ်တွင် ပြည်သူ့နီတိဖြင့်
လောကကြီးကို အလှဆင်သူများရှိခဲ့ပြီး ဖြစ်ပါသည်။ ထိုသင်ရိုးများတွင် မည်သည့်ဘာသာ အယူအဆလွှမ်းမိုးမှုများ
ပါဝင်ခြင်းမရှိဘဲ ပြဋ္ဌာန်းသင်ကြားခဲ့ပါသည်။
ပြည်သူ့နီတိ
(Moral Instruction) သည် ပြည်သူများ လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်သာဖြစ်၍ ဘာသာရေးဆိုင်ရာ
အဓိပ္ပါယ်ဖော်ပြချက်(Religious Instruction) မဖြစ်သင့်ပါ။ အဓိကအားဖြင့် (Nation
Building) တည်ဆောက်ရာတွင် ပါဝင်သင့်သည့် မိမိလူမျိုး၊ ဘာသာယဉ်ကျေးမှုကို အလေးထားသင်ကြား
ပေးရမည့်အစား မပါဝင်သင့်သည်များကို အစိုးရမှဖြစ်စေ၊ အခြားမည်သည့်အဖွဲ့အစည်းမှဖြစ်စေ
၂၀၁၇/၂၀၁၈ ပညာသင်နှစ် သင်ရိုးညွှန်းတမ်းများတွင် အလွန်တရာ မှားယွင်းစွာ ထည့်သွင်းပြဋ္ဌာန်း
ထုတ်ဝေမှု့အား အလေးအနက် ကန့်ကွက်ကြောင်း အမျိုးသားတိုးတက်ရေးပါတီ၏ သဘောထားအဖြစ် ထုတ်ပြန်ကြေညာအပ်
ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ

No comments:
Post a Comment