Sunday, March 5, 2017

"ပျော်စရာကောင်းတဲ့ မသာအလောင်း"

"ပျော်စရာကောင်းတဲ့ မသာအလောင်း"
ဒီအဖိုးကြီး အစက ရိုးတယ်ထင်ခဲ့တာ။
နိုင်ငံရေးသမားတွေထဲမှာ ဒီအဖိုးကြီးက မဆိုးဘူးဟ။ လူရိုးကြီးဗျ။
ဒီလိုပဲ မကြာမကြာ မှတ်ချက်ချမိတယ်။
ဖြိုးမင်းသိန်းစကားကြောင့် မ.ဘ.သ အဖွဲ့က သူ့ဆီစာရေးမယ်လုပ်မှ သူ့အကြောင်းသိရတော့တယ်။
မ.ဘ.သ အဖွဲ့ထံ လာတုန်းကတော့ အချိန်မရွေးခေါ်ပြောနိုင်သလေး ဘာလေးနဲ့ နောက်ကျ မ.ဘ.သ မို့သွားတာမဟုတ်ပါဘူး။ သံဃာတော်တွေမို့ သွားတာဖြစ်သွားရော။
အဲဒီတော့မှ တော်ဟ နိုင်ငံရေးသမား ထွီ....ဖြစ်သွားတော့တာ။
2012 ရခိုင်အရေးအခင်းဖြစ်တုန်းက ရိုဟင်ဂျာဆိုတာ မရှိဘူး။ ဘင်္ဂလီပဲရှိတယ် ပြောခဲ့လို့ အထင်ကြီးလေးစားခဲ့မိသေးတယ်။
သူတို့လည်း အာဏာရသွားရော ဥက္ကဋ္ဌသဘောက ဘယ်လိုမှန်း မသိဘူးဖြစ်သွားရော။
ဘင်္ဂလီ/ရိုဟင်ဂျာ အဆုံးအဖြတ်တောင် စိတ်ထဲရှိတဲ့အတိုင်း မပြောရဲတော့ဘဲ မိန်းမသားတစ်ဦးကိုကြောက်နေရ တဲ့ အဖိုးကြီးကို ထွီ.....ပါပဲ။
အရေခြုံပဲဖြစ်ဖြစ် သင်္ကန်းဝတ်ပဲဖြစ်ဖြစ် ပရိသတ်ရှေ့မှာတောင် ထည့်ဟောရတယ်ဆိုနေမှတော့ ခင်ဗျားတို့ရင်ထဲ ကျုပ်ရှိနေလို့ပေါ့ဗျာ။
ကျုပ်ဟာ ခင်ဗျားတို့သတ်မှတ်သလို အရေခြုံအဆင့်သာဆိုရင် ပရိသတ်ရှေ့မပြောနဲ့ နှစ်ကိုယ်ကြား စကားတောင်ထည့်ပြောစရာ မလိုဘူး။
မသာတိုင်း ဝမ်းနည်းစရာကောင်းတာမဟုတ်ဘူး။
ဝမ်းသာစရာကောင်းတဲ့ မသာတွေလည်း ရှိတယ်ဆိုတာ မှတ်ထားကြ။
ဝီရသူ(မစိုးရိမ်)
5.3.2017                        
PM 8:30
==========================================================

မြတ်စွာဘုရား၏အရေတော်ဝတ်ထားသည့် ပုဂ္ဂိုလ်တဦး၏ပြောစကားကြောင့် ဝမ်းနည်းမိကြောင်း ဦးတင်ဦးပြောကြား 
======================
 မြတ်စွာဘုရား၏ အရေတော်ဝတ်ထားသည့်ပုဂ္ဂိုလ်တဦး၏ ပြောစကားကြောင့် ဝမ်းနည်းမိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြောကြားလိုက်သည်။ ကြားဖြတ်ရွေးကောက်ပွဲ NLD အောင်နိုင်ရေးအတွက် လူထုဟောပြောပွဲကို ယနေ့(မတ် ၄ရက်) နံနက်ပိုင်းတွင် လှိုင်မြို့နယ် (၁၃) ရပ်ကွက် စည်ပင်သာယာအားကစကားကွင်း၌ကျင်းပရာ ဦးတင်ဦးက "တခါတလေ ကျွန်တော်က ဝမ်းနည်းတယ်ဗျ။ ဘာဝမ်းနည်းလဲဆိုတော့ မြတ်စွာဘုရားရဲ့ အရေတော်ဝတ်ထားတဲ့ ပုဂ္ဂိုလ်တဦးက ပြောချလိုက်တဲ့ဟာတွေ ဟာဖြင့်ရင်တော့ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ စကားတွေ ခင်ဗျားတို့လည်း ကြားမှာပဲ။ ဒါကြောင့် ကျွန်တော်က ပြောရဟောရတဲ့သူဆိုတော့ ဘယ်ပုဂ္ဂိုလ် ဘယ်သူ့ကိုမှ ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး''ဟု ဦးတင်ဦးက ပြောသည်။
ထို့ပြင် မြတ်စွာဘုရားရဲ့ ဟောကြားတော်မူခဲ့သည့် သာမညသုတ်ပါတရားတော်နှင့်ပတ်သက်၍ ''ဟိုဘက်နဲ့ ဒီဘက် ရေလုရင်းတိုက်ကြဖြတ်ကြ ခုတ်ကြထစ်ကြတဲ့နေရာကို မြတ်စွာဘုရားကြွရောက် လာပြီးတဲ့နောက် ရေကိုမျှဝေပြီး အပေးအယူလုပ်ခြင်းဖြင့် ချမ်းသာတဲ့ တရားဟောပြီးတော့ ငြိမ်းချမ်းစေခဲ့တယ်။ ဒါတွေလည်း သူသိတာပါပဲ။ မသိဘဲမနေပါဘူး''ဟု ဦးတင်ဦးကပြောသည်။
မြတ်စွာဘုရား၏အဆုံးအမများတွင် အမျက်ဒေါသထွက်နေသူကို သီးခံခြင်းဖြင့်တုံ့ပြန်သောနည်းသည် အောင်မြင်ရာ၏၊ စိတ်ယုတ်စိတ်ပုတ်၊ စိတ်ညံ့ရှိသူကို စိတ်ကောင်းစိတ်မြတ် စိတ်သန့်ထားခြင်း လည်းကောင်း၊ တွန့်တိုသူကို ပေးကမ်းစွန့်ကြဲမှု ရက်ရောခြင်းဖြင့် အောင်မြင်ရာ၏ဟု ဟောကြား ထားကြောင်း ဦးတင်ဦးက ဆက်လက်ပြောသည်။ "ဒါ ကျွန်တော် ပြောတာ မဟုတ်ဘူးနော်။ မြတ်စွာ ဘုရားဟောတာ။ မဟုတ်လို့ရှိရင် တဖက်က စွပ်စွဲပြီးတော့ ဘာညာဘာညာနဲ့ လုပ်မှာလဲ စိုးရသေးတယ်''ဟု ၄င်းကပြောသည်။
ယင်းလူထုဟောပြောပွဲတွင် NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်နှင့် ပြည်သူ့ လွှတ်ဥက္ကဌ ဦးဝင်းမြင့်က NLD ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်ဟောပြော ခဲ့သည်။ အဆိုပါမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အမှတ် (၆) မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာမောင်မောင်က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
လင်းလင်းအောင်




No comments:

Post a Comment