" လူအဆင့်မရှိဘူး
ဦးဝီရသူက ...
ကျွန်တော်
တရားဝင်ပြောလိုက်တယ် ဦးဝီရသူက ဒုစရိုက်သမားပဲ ...
ကျွန်တော်တို့
အပြစ်ပေးရမယ် ...
အရေးယူရမယ်
ပြင်းပြင်းထန်ထန်..
လူ့အဖွဲ့အစည်းမှာ
ဂျပိုးပဲ ...
ဒါ လူဝတ်ကြောင်မဟုတ်ဘူး
... ရာဇဝတ်သား ... "
ဆွေဝင်း
x x x
ဒီလိုတွေ
ပြောဖို့အတွက်က သက်သေအထောက်အထားလိုပါတယ် ...
ဂုဏ်သိက္ခာနဲ့ရပ်တည်ခဲ့တဲ့မစိုးရိမ်ကျောင်းတိုက်က
တရားဝင်တည်ရှိနေတဲ့နာယကဆရာတော်တစ်ပါးကို မဆိုထားနဲ့ လူတစ်ယောက်ကိုတောင် ဒီလိုလက်လွတ်စပယ်ပြောလို့မရပါဘူး
...
ပြောဖို့မသင့်ပါဘူး
...
ဟိုဆရာဝန်စိုးမင်းဆိုတဲ့လူရဲ့လေသံနဲ့ပြောရမယ်ဆိုရင်တော့
ဦးဝီရသူဟာ အပြစ်ရှိနိုင်တယ်ယူဆလို့ တရားရုံးရောက်တောင် တရားသူကြီးမဆုံးဖြတ်ရသေးခင်မှာ
" ဒုစရိုက်သမား " အဖြစ် သတ်မှတ်လို့မရပါဘူး ...
" ဒုစရိုက်သမား
"လို့ သုံးနှုံးလို့မရပါဘူး ...
ဥပဒေပညာကို
နကန်းတစ်လုံးမှ မသိပေမဲ့ သက်သေအထောက်အထားမရှိဘဲ မခိုင်လုံဘဲ လူတစ်ယောက်ကို ဒုစရိုက်သမားလို့ပြောတဲ့အတွက်
အသရေဖျက်မှုမြောက်မယ်ထင်ပါတယ် ...
နောက်တစ်ခါ
သာသနာအတွင်းကတရားဝင်တည်ရှိနေတဲ့သံဃာတစ်ပါးကို အထောက်အထားခိုင်ခိုင်လုံလုံမရှိဘဲ
" ဒုစရိုက်သမား " လို့ သုံးနှုံးလိုက်ခြင်းဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးကိုညှိုးချုံးစေတဲ့အတွက်
သာ/ညှိုးနဲ့ရော မငြိနိုင်ဘူးလား ...
ဦးဝီရသူရဲ့
ဒကာ ဒကာမတွေ ငြိမ်နေနိုင်တာ အံ့သြတယ်ဗျာ ...
တိုက်သစ်အနေနဲ့လည်း
ကိုယ့်ကျောင်းတိုက်က နာယကဆရာတော်တစ်ပါးကို " ဒုစရိုက်သမား " လို့ စွပ်စွဲတာ
ကျောင်းတိုက်ရဲ့ဂုဏ်သိက္ခာအတွက် ငြိမ်မခံသင့်ဘူးထင်ပါတယ် ...
ကျွန်တော်တို့
သဘောထားကတော့ ရှင်းပါတယ် ...
ဥပဒေအထက်မှာ
မည်သူမျှမရှိ ဆိုတဲ့စကားကို လက်ခံသလို ယုံလည်းယုံပါတယ် ...
ဦးဝီရသူ
က ဆွေဝင်း ပြောသလို " ဒုစရိုက်သမား " ဖြစ်ခဲ့လို့ ပြစ်မှုထင်ရှားလို့ အရေးယူခံရရင်လည်း
သာသနာတော်သန့်စင်သွားတဲ့အတွက် ဝမ်းနည်းစရာမရှိပါဘူး ...
ဒီလိုမဟုတ်ရင်တော့
ရဟန်းတစ်ပါးကို ဒီလောက်ထိ ပြောရဲတဲ့ ဆွေဝင်းကို ထိထိရောက်ရောက်အရေးယူပေးစေချင်တာပါပဲ
...
ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရလက်ထက်မှာ
တရားဥပဒေစိုးမိုးမှုရှိတယ် ရှိမယ် လို့ မျှော်လင့်ယုံကြည်ထားကြောင်းပါခင်ဗျား ...
ထပ်ပြောရရင်
*** တရားဥပဒေအထက်၌
မည်သူမျှ မရှိစေချင်ပါ ... ***
Credit
ThanHtut


No comments:
Post a Comment