Thursday, March 9, 2017

"ဒေတာမပါသည့် မီဒီညာ"

"ဒေတာမပါသည့် မီဒီညာ"
===============

ငါသည် မီဒီယာသမားများကို တလေးတစား ဆက်ဆံခဲ့၏။
သို့သော်
သူတို့က ငါ့ကို အကြည်ညိုပျက်အောင် လုပ်ကြ၏။

ငါသည် မီဒီယာသမားများကို
လူလို ဆက်ဆံခဲ့၏။
သို့သော်
သူတို့က ငါ့အပေါ်မှာ လူသားမဆန်ကြ၏။

ငါသည် မီဒီယာသမားများကို
မိတ်ဆွေလို ဆက်ဆံခဲ့၏။
သို့သော်
သူတို့က ငါ့ကို ရန်သူလို တိုက်ခိုက်ကြ၏။

ငါသည် မီဒီယာသမားများကို
မေတ္တာ ကရုဏာအပြည့်ဖြင့် သည်းခံဆက်ဆံခဲ့၏။
သို့သော်
သူတို့က ငါ့အပေါ် အမြဲတန်း ရန်လိုနေကြ၏။

ယနေ့မှ စ၍
မီဒီယာသမားမှန်သမျှ
ဝေဒနာမပါသည့် ဒေတာသက်သက်ဖြင့် စတုတ္ထမဏ္ဍိုင်ပီသစွာ
ပြည်သူလူထုကို အလုပ်အကျွေးပြု နိုင်သော သတင်းသမားကောင်းများ
ဖြစ်နိုင်ကြပါစေ။

ဝီရသူ ( မစိုးရိမ် )
9.3.2017

am 5:52


No comments:

Post a Comment