နှလုံးသားဆိုတာရှိပါတယ်။
လူကြမ်းကြီးရဲ့ နှလုံးသားကို
နားလည်ပေးသူတွေရှိလို့လည်း
လူကြမ်းကြီး ရှင်သန်နိုင်တာပါ။
ကျေးဇူးပါ ဒကာတော်
************************--*--*****
အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူများ ကျနော့်ကို ခွင့်လွှတ်ပေးပါ ။
" အမေကိုချစ်သော်လည်း သူမတူသောသား "
ဆရာတော်ဦးဝီရသူကို မန္တလေးကိုသွားပြီး တရားပွဲဖိတ်ဖြစ်ခဲ့ပါတယ်။ ဒီမတိုင်ခင်ကလည်း ဆရာတော်နဲ့ ဖုန်းအဆက်အသွယ် ရခဲ့ပြီး
အရှင်ဘုရား
" တပည့်တော်ကတော့ လာမည့် ၂၈.၃.၂၀၁၇ ရက်နေ့မှာ ဆရာတော်ကို ပင့်ဖိတ်ချင်ပါတယ် ဘုရား " လို့ လျှောက်ထားလိုက်ပါတယ် "
ဒီတော့ ဆရာတော်ဟာ
ပင့်လျှောက်ထားတဲ့ တရားပွဲရက်တွေကို ရေတွက်ပြီး
" ဖြစ်ပါတယ် ဒကာတော်လို့ " ပြန်လည် မိန့်ကြားခဲ့ပါတယ်။
သတ်မှတ်ထားတဲ့ရက်ကို ရနိုင်ခဲ့လို့ ကျနော်အရမ်း ပျော်ရွှင်ခဲ့ရပါတယ်။
အဲဒီနောက် ဆရာတော်ထံသို့ ဖူးမျှော်ရင်း ကိုယ်တိုင်ပင့်လျှောက်လွှာ ဆက်ကပ်ကာ အခြေအနေ အရပ်ရပ်ကိုလည်း လျှောက်ထားပြီး သြဝါဒ ခံယူခဲ့တာကို အားလုံးလည်း အသိဖြစ်ပါလိမ့်မယ်။
ကျနော် ဒီရက်ပိုင်းအတွင်းက ညီငယ်တစ်ဦးရဲ့ ပေးပို့လာတဲ့ message ကြောင့် အင်မတန် တုန်လှုပ်ခဲ့ရပါတယ်။
အဲဒါကတော့ ဆရာတော် ဦးဝီရသူ၏ မယ်တော်ကြီး ကွယ်လွန်တဲ့ ၂ နှစ်ပြည့်နေ့ဟာ ကျနော် တရားပွဲ ဖိတ်ကြားလိုက်ခဲ့မိတဲ့ ၂၈ . ၃ . ၂၀၁၇ ရက်နေ့ ဖြစ်နေလို့ပါပဲ ။
ဆရာတော်ဟာ မိမိ၏ မယ်တော်ကြီး ကွယ်လွန်ခဲ့တဲ့ ရက်ကို သိရုံမက နှစ်ပတ်လည် ဆွမ်းကပ်အလျှု မင်္ဂလာပွဲကို ကျောက်ဆည်မှာ ကျင်းပမှာကို စီစဉ်ထားပြီးဖြစ်ပါတယ်။
အဓိက ဘာကိုပြောချင်သလဲဆိုတော့ မိမိ၏ မယ်တော်ကြီး အောက်မေ့ဖွယ် ၂ နှစ်ပြည့်ပွဲကို ပစ်ထားခဲ့ပြီး အများပြည်သူတို့ ဆန္ဒအလိုငှာ ပင့်လျှောက်ရာကို ငြင်းဆန်မှုမပြုပဲ တပည့် ဒါယကာ ဒါယိကာမတွေရဲ့ ပင့်လျှောက်မှုကို မငြင်းဆန်ခဲ့လို့
" အမေကိုချစ်သော်လည်း သူမတူသောသား " လို့ ထပ်မံဂုဏ်ပုဒ် တပ်ဆင်ချီးမွမ်းမိပါတယ်။
ဆရာတော်ဘုရား၏ 28.3.2015 ခုနှစ်မှာ ရေးဖွဲ့ခဲ့တဲ့
“အမေ ခွင့်လွှတ်နိုင်ပါစေ အမေ”
======================
28.3.2015 ည 8:00 မှာ အမေဆုံးခဲ့။
သားဖြစ်သူ ပလ္လင်တက်ချိန်မှာ
အမေဖြစ်သူ အသက်ထွက်။
မှတ်မှတ်ရရ တရားပွဲပါအမေ။
သားလူဆိုး အဖမ်းခံရတော့
သားဆိုးအမေလည်း အချုပ်ခံရ။
အမှတ်(၁၄)စစ်တပ်ရဲ့
ကျဉ်းကြပ်တဲ့အချုပ်ခန်းထဲ
(၁၇)ရက်တိတိ အမေနေရ။
သီလရှင်ဘဝနှင့်
တရားဓမ္မပျော်မွေ့နေချိန်မှာတောင်
အာဏာရှင်စစ်ဘီလူးတွေက
လုံးဝ ချမ်းသာမပေးခဲ့။
အကြောင်းပြချက်ကတော့
အမေဟာ ဘာအပြစ်မှ မကျူးလွန်ခဲ့သော်လည်း
အမေဟာ သားဆိုးကို
မွေးထုတ်ပေးခဲ့လို့တဲ့လေ.......။
ရှစ်နှစ်နဲ့သုံးလသော ထောင်သက်ရယ်
အမေ့အတွက် အားသစ်မွေး
လက်စားချေရေး
ကလောင်သွေးခဲ့ပါတယ်အမေ။
မော်စကိုမှ ပြန်အရောက်
သားနောက်ကျလို့ အမေဆူ
သားအတွက် အမေ
ဘာမှလုပ်မပေးနိုင်ခဲ့ပေမယ့်
မွေး-ထွေး-နွေး ခဲ့တာတွေနဲ့တင်
ကျေးဇူးတင်လှပါပြီအမေ။
ထောင်ထွက် လူဆိုးနဲ့
စစ်ထွက်လူမိုက်
တပ်ထွက်မိန့်ခွန်းခြွေပြီးကာမှ
ရိုဟင်ဂျာဆိုတဲ့ အလိမ်အငြာ
ဂျီဟဒ်ဝါဒီတွေရဲ့ စစ်တလင်း
လည်စင်းခံရတဲ့ ရခိုင်အရေး
စေ့စေ့တွေးလို့ ရေးရေးပေါ်
တော်ပါပြီ အမေ
သားအတ္တတွေ.......။
တစ်လွဲဆံပင် မကောင်းချင်တော့ပါဘူး။
မောင်နှမချင်း ရန်ဖြစ်တာ
ကုလားချစ်တာထက်တော့ သာတယ်အမေ။
ဒီမိုကရေစီဆိုတာ အသာထား
ကမ္ဘာမှာ မြန်မာမပျောက်စေဖို့
ကမ္ဘာမှာ ဘာသာမပျောက်စေဖို့
ကမ္ဘာမှာ သာသနာမပျောက်စေဖို့
လူမိုက်တွေနှင့် ရင်ချင်းအပ်
လက်ချင်းဆွဲလို့ တိုက်ပွဲဝင်
ကလောင်လက်နက်တစ်ချောင်းဟာလည်း
ကောင်းကောင်းကြီး ကာကွယ်နိုင်ပါတယ်အမေ။
လက်စားချေမှ သင်ပုန်းချေ
အတွေးအမြင်တွေ ဘဝင်ဟပ်
ဒီအတွက်တစ်ခုတည်းနဲ့တော့
အမေတစ်သက် ခွင့်လွှတ်နိုင်မှာပါအမေ.......။
သားမောင်ပဉ္စင်း
ဝီရသူ(မစိုးရိမ်)
28.3.2015
တပည့်တော် ပင့်ဖိတ်ခဲ့မိတဲ့တရားပွဲကြောင့် အရှင်ဘုရားဟာ မယ်တော်ကြီးကို ဒုတိယမ္ပိ တောင်းပန်ရအုံးမှာလား ???
မယ်တော်ကြီးဟာလည်း သားမောင်ပဉ္စင်းအတွက် တမလွန်ကနေ ဂုဏ်ယူဝမ်းသာနေမယ်လို့ ယုံကြည်မိပါတယ် အရှင်ဘုရား ။
တပည့်တော်ဟာ အမေနဲ့ သားအကြား ဝေးကွာအောင် ခွဲခွာခဲ့မိလို့ ဝဋ်ကြွေးတော်များရှိပါကလည်း အများပြည်သူအတွက် အမျိုးဘာသာ သာသနာစိတ်ဓါတ်တွေ ကိန်းဝပ်သွားအောင် တစ်ဖက်တစ်လမ်းက ဆောင်ရွက်ခဲ့ရတာဖြစ်လို့ ဝဋ်ကြွေးတင်က ပြုံးပြုံးကြီး ခံယူသွားပါမယ် ဘုရား
ဦးခိုက်ရှိခိုး ကန်တော့ပါ၏ ဘုရား
အညတြ ကပ္ပိယ

No comments:
Post a Comment