Saturday, March 11, 2017

ကျေးဇူးပါ ကိုခိုင်ဇော်


ကျေးဇူးပါ ကိုခိုင်ဇော်
စကားပြောချိန်မရလိုက်တာ
ခွင့်လွှတ်ပါနော်
ပါဝင်ခဲ့သည့် ဆရာတော် သံဃာတော်များ
မျိုးချစ်ညီအစ်ကိုမောင်နှမများကျေးဇူးကို
အစဉ်အောက်မေ့လျက်ပါ။
-------------------------------------------------------------

FB ကို
(၂၀၁၀) နှစ်စကတည်းက
စပြီးသုံးခဲ့တယ် ..

ဒါတောင် ..
အချစ်ဆုံးသူငယ်ချင်းက ..
အကောင့်ဖွင့်ပြီး အတင်းသုံးခိုင်းလို့ သုံးဖြစ်တာပါ ။

သုံးစက ..
တစ်ပတ်နေလို့တောင် ..
တစ်ခါမသုံးဖြစ်ဘူး။

ဒီလိုနဲ့ ...
(၂၀၁၃) မှာ ...
TIME မဂ္ဂဇင်းက ...
ဆရာတော်ဦးဝီရသူပုံနဲ့ ...
The Face Of Buddhist Terror ဆိုပြီး မျက်နှာဖုံးထုတ်တယ် ။

အဲဒီအချိန်က ..
တော်တော်စိတ်မကောင်းဖြစ်ခဲ့တယ် ။

စိတ်မကောင်းဖြစ်တယ်...
ဆိုတာထက် ...

စိတ်ဆိုးတယ်လို့ပြောရင်...
ပိုပြီးမှန်ပါလိမ့်မယ်။

အဲဒီအချိန်မှာ ...
သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်။

TIME မဂ္ဂဇင်းရဲ့ ...
ရုံးချုပ်ရှိတဲ့ တည်နေရာမှာ ...
အမျိုးသမီးတစ်ယောက်ဦးဆောင်ပြီး ..
ဆန္ဒပြကြမယ်တဲ့ ။

ရုံးချုပ်ရဲ့တည်နေရာက ...
NY မှာ ဖြစ်ပါတယ်။

ဒါနဲ့ ...
အဲဒီဆန္ဒပြပွဲသတင်းကို ...
စောင့်ပြီး အားပေးနေပါမိတယ် ။

ရက်တွေသာကြာသွားခဲ့ပါတယ်..
အဲဒီဆန္ဒပြပွဲ ဖြစ်မလာခဲ့ပါဘူး။

ဒါနဲ့ ...
ဘာကြောင့်မဖြစ်တာလဲဆိုတာကို ...
အရမ်းသိချင်တာနဲ့ အဲဒီအမျိုးသမီးဆီကို တိုက်ရိုက်မေးလိုက်ပါတယ်။

NY မြို့မှာ အခြေစိုက်တဲ့ ..
နိုင်ငံရေးသမားတစ်ချို့က မလုပ်သင့်ဘူးဆိုပြီး ...
ကန့်ကွက်ကြလို့ ပွဲပျက်သွားတာလို့ သိခဲ့ရပါတယ်..။

အဲဒီခေတ်က ...
အမေရိကားမှာ ဆန္ဒပြပွဲဆိုတာ ...
အတိုက်အခံနိုင်ငံရေးသမားတွေဘဲ လုပ်ကြတဲ့ခေတ်ပါ ။

အဲဒီအမျိုးသမီးက ...
နိုင်ငံရေးအတွေးအမြင်မရှိရှာတော့ ...

ဆန္ဒပြပွဲအတွေ့အကြုံရှိတဲ့ ...
ဂုရုတွေကို တိုင်ပင်ရင်း ဟိုလူတွေရဲ့ လှည့်ကွက်အောက်မှာ ...
ဆွဲအစားခံလိုက်ရတာပါ ..။

ဟုတ်တယ်လေ ...
အမေရိကားမှာရှိတဲ့ Time မဂ္ဂဇင်းရုံးချုပ်ရှေ့မှာ ..
ဆန္ဒပြမယ်ဆိုရင် ...

ဘယ်သူတွေ ...
နိုင်ငံရေး Image ကောင်းလာပြီး ...

ဘယ်သူတွေ ...
နိုင်ငံရေး Image ကျသွားမယ်ဆိုတာ ...
အဲဒီဂုရုကြီးတွေကသိတယ် ..

သူတို့သိနေသလို...
ကျနော်ကလည်း သိပ်သိတာပေါ့ ။

ဒါပေမဲ့ ...
အဲဒီအမျိုးသမီးက..
လုံးဝဆို (လုံးဝ) မသိခဲ့ရှာပါဘူး ။

ဒါနဲ့ ...
အဲဒီအစ်မကြီးကို စည်းရုံးပြီ ...
ခွင့်ပြုမိန့်တွေပြန်တင်ခိုင်းလိုက်တယ် ။

ပြီးတော့ ...
အစ်မဘက်ကနေ ခွင့်ပြုမိန့်သာတင်ထား ..
ကျန်တာ ကျနော့်တာဝန်ဆိုပြီး ဂတိပေးလိုက်တယ်။

ပြောရမယ်ဆိုရင်တော့ ...
ကျားသေကို အသက်ပြန်သွင်းလိုက်တာပေါ့ဗျာ ..။

အဲဒီနောက်မှာ ...
ကွန်ပျူတာဆိုင်မှာ လက်ကိုင်ကာလာပိုစတာအခု(၇၀) ...

(၆)ပေအရှည် ဗီနိုင်း (၃)ခု ...
ဆန္ဒပြပွဲမှာ ဝတ်ဖို့ T Shirt တွေ စီစဉ်ပါတယ် ။

ပြီးတော့ ...
ကိုယ်နဲ့ အနီးကပ်လိုက်မဲ့ လူရှာပါတယ်။

တခြားပြည်နယ်မှာနေနေတဲ့ ...
ရခိုင်လူမျိုး သူငယ်ချင်းနှစ်ယောက်က ...
သူတို့လဲလိုက်မယ်ဆိုပြီး လာပူးပေါင်းပါတယ် ..။

ဒါနဲ့ ...
မိုင်ထောင်ချီဝေးတဲ့ ကျနော့သူငယ်ချင်းတွေဆီကို ..
လေယာဉ်နဲ့ထွက်ခဲ့တယ် ...။

လေယာဉ်ပေါ်ကဆင်းတာနဲ့ ...
လေဆိပ်ထဲက Car Rental မှာ ကားတစ်စီးငှားပြီး ...
အဲဒီသူငယ်ချင်းတွေနဲ့ နောက်ထပ် မိုင်(၅၀၀)လောက်ဝေးတဲ့ ...
Time မဂ္ဂဇင်းရုံးချုပ်ရှိတဲ့ဆီကို ထွက်လာခဲ့ကြပါတယ် ...။

D Day မတိုင်ခင်တစ်ရက် ...
ည ၁၂ နာရီလောက်ရောက်သွားပါတယ်။

အဲဒီည ...
ဟော်တယ်မှာ အိပ်ကြပြီး ...

နောက်တစ်နေ့မနက်မှာ ...
ဦးဆောင်ဆရာတော်တွေရဲ့ကျောင်းကို သတင်းပို့ကြပါတယ်..။

ရောက်တော့ ...
ဆရာတော်က ပိုစတာတွေ ဗီနိုင်းတွေ အင်္ကျီတွေမှာ ...
အစွန်းရောက်စေတဲ့ အသုံးနုံးတွေပါ မပါ စစ်ဆေးပါတယ်။

ဒါနဲ့ ...
နေ့လည် (၁)နာရီမှာ ...

စုရပ်ဖြစ်တဲ့ ...
Time မဂ္ဂဇင်းရုံးချုပ်တည်ရှိရာကို ...
လူစုခွဲပြီး ချီတက်ခဲ့ပါတယ်။

အားလုံးလူစုံပြီး ...
ဟိုကိုရောက်တော့ ...
Time ရုံးချုပ်က ဒါရိုက်တာတွေ ...
မျက်ကလဲဆန်ပြာဖြစ်နေပြီ ..။

ရုံးပေါ်ကဆင်းလာပြီး ...
ကိုယ့်ကို အားလုံးရဲ့ခေါင်းဆောင်ထင်ပြီး ...
ဆက်မလုပ်ဖို့ လာညှိတယ် ..။

ညှိတယ်ဆိုတာထက် ...
တောင်းပန်တဲ့သဘောကို ဆောင်နေတယ်လို့ ပြောရင်ပိုမှန်လိမ့်မယ်။

ဒါနဲ့ ...
ဆရာတော်ဆီကိုခေါ်ပြီး တည်ပေးလိုက်တယ် ..။

ဆရာတော်ရယ် ...
ကိုယ်ရယ် အဲဒီဒါရိုက်တာရယ် ...
သုံးယောက်ခေါင်းခြင်းဆိုင်ပြီးပြောကြတယ် ..။

ဆရာတော်ရဲ့အဖြေက ....
NO ...

ရှေ့ဆက်တိုးမယ် ...
လုပ်စရာကို ဆက်လုပ်မယ်ပေါ့ ...

ဒါနဲ့ အဲဒီလူမျက်စိမျက်နှာပျက်ပြီး ...
ရုံးပေါ်ပြန်တက်သွားပါတယ် ..!!

Sorry ပါ Time မဂ္ဂဇင်း ...
ကျနော်တို့ ဆန္ဒပြပွဲစတင်ပါပြီ ။

ပထမဦးဆုံး ကျနော်တို့ ...
Time မဂ္ဂဇင်းရုံးချုပ်ရှေ့မှာ (ပစောက်) ပုံစံနဲ့ ..
နေရာယူလိုက်ပါတယ် ...။

သံဃာတော်တွေက ..
အရပ်(၁၀)မျက်နှာကို မေတ္တာပို့ရွတ်ဆိုပြီး ...
လူတွေက ဘေးနှစ်ဘက်က ဝန်းရံထားပါတယ် ..။

NYPD ကားနှစ်စီးက ..
ချက်ချင်းရောက်လာပြီး နှစ်ဘက်မလိုလားအပ်တာတွေ ဖြစ်ရအောင် လုံခြုံရေးယူပေးပါတယ်။

နယူးယောက်မြို့က ...
လမ်းသွားလမ်းလာ တွေဟာ အံသြနေပြီး ...
တစ်ချို့တွေက ကျနော်တို့ကို အလွတ်သဘော အင်တာဗျူးကြပါတယ်..။

ကျနော်တို့ရဲ့ ...
ရှင်းလင်းပြောကြားမှုတွေကြောင့် ..
လူတော်တော်များများဟာ Time မဂ္ဂဇင်းရဲ့ Professional မဆန်စွာ တစ်ဘက်သတ်ရေးသားမှုကို သိခဲ့သွားပါတော့တယ်။

ခြုံပြီးပြောရမယ်ဆိုရင်တော့ ...
NY မှာ ကျနော်တို့ဟာ TIME မဂ္ဂဇင်းကို အရှက်ရစေခဲ့ပြီး နောက်နောင် ဒီလိုမလုပ်ရဲစေအောင်အထိ တုန်လှုပ်စေခဲ့ပါတယ် ။

ဆန္ဒပြပွဲပြီးတာနဲ့ ...
ချက်ချင်း NY ကနေ ပြန်ထွက်လာခဲ့ကြပါတယ်။

NY မြို့ကြီးရဲ့ ....
ရုံးဆင်းချိန် Traffic မှာ နာရီပေါင်းများစွာပိတ်မိပြီးမှ မြို့ပြင်ဘက်ကို ရောက်ခဲ့ရပါတယ်။

ကျနော်တို့သုံးယောက်ဟာ ဒေါ်လာသုံးထောင်ကျော်နဲ့ အချိန်အား လူအား အကုန်ခံပြီး လုပ်ခဲ့ကြပေမဲ့ ကျေနပ်မှုအပြည့်အဝ ရရှိခဲ့ပါတယ် ။
အဲဒီနောက်မှာကျနော်ဟာ ...
အခုသုံးနေတဲ့အကောင့်ကို ဖွင့်ပြီး ဒီလောကထဲကို ရောက်လာခဲ့တော့ပါတယ်။

ဒါပေမဲ့ ..
ကျနော် စစ်လော်ဘီဘွဲ့မခံပါ ...

အဲဒီလိုဘဲ ...
အမျိုးသားရေးဘွဲ့လည်းမခံပါ ။ (အဲဒီအချိန်က အခုချိန်လောက် အမျိုးသားရေးသမား မများသေးပါ)

ဘာကြောင့်လဲဆိုတော့ ...
တာဝနကြီးပြီး ကျနော့်မှာ အဲဒီလိုခံယူဖို့ အရည်အချင်းရှိတယ်လို့ မထင်လို့ပါ ( ယနေ့အထိလည်း မရှိသေးပါ)

ဒါပေမဲ့ ...
NLD ကို အပြင်းအထန် ဆန့်ကျင်တဲ့ ဘွဲ့တော့ မိမိဖါသာ ခံယူခဲ့ပါတယ်။

ဒီလိုနဲ့ ...
(၂၀၁၄) မှာ မြန်မာပြည်ပြန်လာတော့ ...
ဆရာတော်ဦးဝီရသူရှိတဲ့နေရာကို စုံစမ်းပြီး အမေရိကားကနေ အလေးခံပြီး သယ်လာတဲ့ ဗီနိုင်းကြီးတွေကို အမှတ်တရ ပေးခဲ့ပါတယ်။

ကျနော့်အမြင်အရဆိုရင်တော့ ...
စစ်လော်ဘီတွေ အမျိုးသားရေးတွေဆိုနေတာထက် လူတစ်ယောက်ဟာ တိုင်းပြည်ရဲ့ အမှန်တရားအတွက် အရေးအကြောင်းဆိုရင် ရောက်တဲ့နေရာကနေအမှန်တရားကိုဖေါက်ခွဲနိုင်ရမယ်လို့ဘဲထင်ပါတယ်။

သေချာနေတာကတော့ ...
အခုအချိန်မှာ တိုင်းပြည်အတွက်ရော အမျိုးသားရေးအတွက်ရော ကျနော့်ထက် အများကြီး လုပ်နေတဲ့လူတွေ လုပ်နိုင်ကိုင်နိုင်နေတဲ့လူတွေ တွေ့နေရတဲ့အတွက် မကြာခင် သီတင်းပတ်အနည်းငယ်အတွင်းမှာဘဲ အားလုံးကို နုတ်ဆက်ပြီး ဒီလောကထဲကနေ ထွက်သွားနိုင်ပါလိမ့်မယ်ခင်ဗျာ။

ဟိုမရောက်ဒီမရောက်နဲ့ အဘဘောမခဲ့တဲ့
( ခိုင်ဇော် )







No comments:

Post a Comment