"လူကြီး
လူကောင်း"
လူကောင်းတိုင်း
လူကြီးနေရာရသင့်သလို
လူကြီးတိုင်း
လူကောင်းဖြစ်အောင် ကြိုးစားသင့်တယ်။
လူကြီးလူကောင်းဆိုတာ
အမှန်နဲ့
အမှားမှာ အမှားဘက်မှ ရပ်တည်ခွင့်မရှိသလို
ဓမ္မနဲ့
အဓမ္မမှာ အဓမ္မဘက်မှ မရပ်တည်ရပါဘူး။
စော်ကားသူနဲ့
နစ်နာသူမှာလည်း လူမိုက်အားပေးသဘောမျိုး ပရိသတ်ရှေ့ မပြောဆိုသင့်ပါဘူး။
စော်ကားသူက
ကိုယ့်တပည့်သားမြေး ဖြစ်နေရင်တောင်မှ ဒါမျိုးကို စောင့်ထိန်းရပါတယ်။
ကိုယ့်နေရာနှင့်
ကိုယ်တာဝန်ကိုလည်း ပြန်ကြည့်ဖို့ လိုတယ်။
ကိုယ်က
သာသနာရေးနှင့် ယဉ်ကျေးမှုဌာနကို ကိုင်တွယ်နေရသူဖြစ်ပါလျက် ပြည်ထဲရေး၊ တရားစီရင်ရေးတို့နှင့်
သက်ဆိုင်တဲ့အဆုံးအဖြတ်မျိုး မှတ်ချက်ပြုတာဟာ ဝင်ရောက်စွက်ဖက်ရာရောက်ပါတယ်။
အဂတိလိုက်တယ်ဆိုတာကိုလည်း
ပြသရာရောက်သွားတယ်။
ဒါ့အပြင်
ကိုယ့်အလုပ်က သာသနာရေးနှင့် ယဉ်ကျေးမှုဖြစ်နေတော့ သာသနာ့ဝန်ထမ်းတွေအပေါ်မှာ မှဲ့တစ်ပေါက်မစွန်းအောင်
စောင့်ရှောက်ရမည့် တာဝန်တွေ အပြည့်အဝရှိနေတာပါ။
သာသနာ့ဝန်ထမ်း
ဆရာတော်တစ်ပါးကို ပါရာဇိကနှင့်စွပ်စွဲပြီး လိုင်းပေါ်တင်တဲ့သူကို အကာအကွယ် ပေးနေတယ်ဆိုတော့
မတရားလွန်းရာ မရောက်ဘူးလား။
အဲဒီလို
လူသိရှင်ကြား စွပ်စွဲစော်ကားတာမျိုးကတော့ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီပါသလား?
ဝန်ကြီးအနေနဲ့
ဝန်ကြီးကိုယ်တိုင် ဦးခိုက်ခဲ့ဖူးတဲ့ ဆရာတော်တစ်ပါးအပေါ် ပြစ်မှာစော်ကားတဲ့သူအတွက် လူမိုက်အားပေးလုပ်နေမယ်ဆိုရင်
လူကြီး လူကောင်း ပီသပါဦးမလား.....?။
လူကြီးတိုင်း
လူကောင်း ပီသကြပါစေ။ ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
12.3.2017
PM
8:39


No comments:
Post a Comment