"တူညီသော
လောကဓံ"
လက်ညှိုးအထိုးခံရမှ
လောကဓံမဟုတ်ဘူး။
လက်ခုပ်အတီးခံရတာလည်း
လောကဓံပဲ။
လက်သီးအထိုးခံရမှ
လောကဓံမဟုတ်ဘူး
လက်အုပ်အချီခံရတာလည်း
လောကဓံပဲ။
ဒီသဘောတရားကို
နားလည်ရင်
လောကကြီးမှာ
နေပျော်သူတစ်ယောက် ဖြစ်ပါပြီ။
လက်သီးနှင့်လက်အုပ်၊
လက်ခုပ်နှင့်လက်ညှိုးကို
တူညီသောလောကဓံတရားအဖြစ်
ရှုမြင်ခံစားသူ။
ဝီရသူ(မစိုးရိမ်)
11.3.2017
PM
12:40

No comments:
Post a Comment