"စိတ်နဲ့တောင်
မပြစ်မှားမိပါဘုရား"
ထောင်ချချင်လို့
ဥပဒေကြောင်းအရ အပြစ်ရှာတယ်။
မတွေ့တဲ့အခါ
သင်္ကန်းဆွဲချွတ်ချင်လို့
ဝိနည်းကြောင်းအရ အပြစ်ရှာပြန်တယ်။
မတွေ့တဲ့အခါ
တရားပွဲပိတ်ဖို့
အကြောင်းရှာကြတယ်။
ဓမ္မဝိနယနှင့်
မညီဘူးလို့ မထုတ်ပြန်ရဲဘူး။
ကောက်ချက်ချရရင်
သူတို့ကို
ဝေဖန်ရေးတရားမဟောစေချင်တာ။
အဝေဖန်
မခံနိုင်တာ ပေါ်လွင်တယ်။
သူတို့
ကိုင်ဆွဲတဲ့ ဥပဒေက သူတို့ရှုတ်ချခဲ့တဲ့ညွှန်ကြားလွှာကြီး။
သူတို့
ကျင့်သုံးတဲ့နည်းဗျူဟာက သူတို့ဆန့်ကျင်ခဲ့တဲ့ စနစ်ဆိုးကြီး။
အရင်
အစိုးရတွေကမှ သြဝါဒခေါ်ပေးခြင်း၊ ထပ်မံသတိပေးခြင်း၊ လက်မှတ်ခေါ်ထိုးခိုင်းခြင်း၊ လုပ်ထုံးလုပ်နည်း
အဆင့်ဆင့်ကို နည်းလမ်းတကျ ဆောင်ရွက်ဖော်ရသေးတယ်။
အခုဟာက
အဆင့်တွေ အများကြီးကျော်သွားခဲ့ပြီ။
ဆရာတော်ကြီးတွေကို
စိတ်နဲ့တောင် မပြစ်မှားမိကြပါစေနဲ့။


No comments:
Post a Comment