Monday, February 20, 2017

"လောကအလင်း သားသားမီးမီးလေးတွေနဲ့အတူ"

"လောကအလင်း သားသားမီးမီးလေးတွေနဲ့အတူ"
============================

19.2.2017 . ည 7:00
ခြံစည်းရိုးခတ်တာကို စောင့်ကြည့်ရင်း ညဂိုက်တန်းနှင့် ကြုံပါတယ်။
ဆရာဦးစိုးထက်ဦး (Eng) မလာခင် ဘုရားဝတ်တက်တာ တွေ့ရပါတယ်။
ညဂိုက်တန်းဆိုတော့ မိဘအုပ်ထိန်းသူကိုယ်တိုင် ကြိုပို့နိုင်သူတွေကိုသာ လက်ခံတာပါ။
အစမ်းစာမေးပွဲမှာ အောင်မြင်သူတွေ ဂုဏ်ထူးမှတ်ရသူတွေကို ချီးကျူးပြီး ကျန်သူတွေကို အားပေးစကား ပြောခဲ့ပါတယ်။

ဘုရားရှိခိုးပြီးရင် ဆုတောင်းဖို့ပါ တိုက်တွန်းခဲ့ပါတယ်။ အရင်က လောကအလင်းမှာ ခြံစည်းရိုးမရှိ တံခါးမရှိလို့ ညအချိန်တွေမှာ လူရမ်းကားတွေ ဝင်လာတတ်ပြီး အိမ်သာသော့တွေ ရိုက်ချိုးတာမျိုးတွေ လုပ်တတ်ကြပါတယ်။
အခုတော့ ခြံစည်းရိုးခတ်ပြီးပါပြီ။ တံခါးလည်း လုပ်ပါတော့မယ်။

ပရဟိတအမည်ခံ လူရမ်းကားဘေးမှ လွတ်မြောက်ပါတော့မယ်။









No comments:

Post a Comment