"ဦးသိန်းစိန်ရွာ
တရားပွဲ"
===============
ဧရာဝတီတိုင်း၊
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးရွာ တရားပွဲပါ။ (9.2.2017 ည 8:00)
ပုသိမ်ကနေ
အတော်သွားရပါတယ်။
ပုသိမ် မဘသ
ညီနောင်များ၊ ဧရာညွန့် မျိုးချစ်မောင်မယ်များ လိုက်ပို့ကြပါတယ်။
ကျုံကူးတိုက်နယ်ကြီးပါ။
စိတ္တသုခကျောင်းမှာ
တည်းပါတယ်။
ဦးသိန်းစိန်ဇာတိရွာဖြစ်ပေမယ့်
ဆွေမျိုးရင်းချာတွေတော့ မရှိတော့ပါဘူး။
နီးစပ်ရာရွာတွေတင်မကဘဲ
အတော်ဝေးလံတဲ့ ရွာတွေကလည်း စက်လှေတွေနဲ့ လာကြပါတယ်။
အချို့ဆို
မြစ်နှစင်း သုံးစင်း ဖြတ်ကျော်ခဲ့ရတာပါ။
တောသူတောင်သား
ရွာသူရွာသားတွေဆိုတော့ ဟောလို့ကောင်းတာပေါ့ဗျာ။
ပထမအကြိမ်တရားပွဲဖြစ်လို့
စီစဉ်သူတွေ အတော်ပင်ပန်းပုံရပါတယ်။ အချို့ ည ၁၂း၀၀ ကျော်မှ ထမင်းစားနေကြတာ တွေ့ရလို့ပါ။
ဓမ္မပူဇာ တစ်ဦးချစ်ကပ်လှူကြလို့
ပလ္လင်ပေါ်မှာ ပူထူနေအောင် ထိုင်ခဲ့ရတာ အမှတ်တရပေါ့ဗျာ။
သုံးနာရီကျော်
ပလ္လင်ပေါ်ထိုင်ခဲ့ရတဲ့ပွဲပေါ့။ ၁၁း၃၀ မှ အားလုံးပြီးပါတယ်။
ကျုံကူးသူတွေကတော့
အီတဲ့သူကအီ လီတဲ့သူက လီပေါ့။ ကြိုက်တဲ့သူတွေက ဝအီသွားကြတဲ့ မကြိုက်တဲ့သူတွေက လီဆယ်ပြီး
ဖွကြတာကို ဆိုလိုတာပါ။











No comments:
Post a Comment