"မဘသ(ဗဟို)ဥက္ကဋ္ဌဆရာတော်ကြီးထံ
မန်း မဘသ သြဝါဒခံ"
==================================
တပို့တွဲလပြည့်ကျော်
၅ ရက်၊ 16.2.2017 ည ၆း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ကင်းဝန်မင်းကြီးကျောင်းတိုက်၊
သာသနပါလကျောင်း အပေါ်ထပ်မှာ ကျင်းပပါတယ်။
ရွာမဆရာတော်ကြီးနှင့်အတူ
မော်ကျွန်း တိပိဋကဆရာတော်၊ မဇ္ဈိမဂုဏ်ရည်ဆရာတော်တို့လည်း ကြွရောက်တော်မူပါတယ်။
ဝါဆိုဆရာတော်ဘုရားကြီးဈာပနပွဲ
ကြွလာရင်း တစ်ပါတည်း လာရောက်ချီးမြှောက်တာပါ။
ရွာမဆရာတော်ကြီးအား
မန်း မဘသ မိသားစုများ သြကာသကန်တော့ချိုးဖြင့် ရှိခိုးပြီးနောက် ရွာမဆရာတော်ကြီးက သြဝါဒ
မြွက်ကြားပါတယ်။
၎င်းနောက် ရွှေရတု
တိပိဋကမော်ကျွန်းဆရာတော်က ဆက်လက်၍ သြဝါဒ မြွက်ကြားပါတယ်။
မန်း မဘသ
မိသားစု ရွာမဆရာတော်ကြီးထံ ပထမဦးဆုံး သြဝါဒခံယူခြင်းပဲ ဖြစ်ပါတယ်။
သြဝါဒက အနှစ်သာရရှိသလို
ဆရာတော်ကြီးအား ဖူးမြော်ရတာလည်း အင်မတန်ကြည်နူးစရာကောင်းပါတယ်။


No comments:
Post a Comment