"ကလေးမြို့
အင်ဒိုင်းလေးကျေးရွာ အလှူအကြို တရားပွဲ"
===============================
တပို့တွဲလပြည့်ကျော်
၂ ရက်၊ 13.2.2017 ည ၈း၀၀ နာရီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်ဒိုင်းလေးကျေးရွာ၊
အလှူဒါယကာ ဦးဝင်းမောင်+အလှူဒါယိကာမ ဒေါ်စိန်ကြည် မိသားစုတို့၏ ရဟန်းခံ ရှင်ပြု နားသ
အလှူတော်မင်္ဂလာတရားပွဲပါ။
ကလေးလေဆိပ်သို့
မဘသ ညီနောင်များ လာရောက်ကြိုဆိုကြပါတယ်။
မျိုးချစ်မောင်မယ်များ
မဘသ မိသားစုများလည်း လာရောက်ကြိုဆိုကြပါတယ်။
အင်ဒိုင်းလေးကျေးရွာ
ဥက္ကဋ္ဌလည်းဖြစ်၊ အလှူဒါယကာလည်းဖြစ်၊ မှုခင်းသတင်းထောက်လည်း ဖြစ်၊ သိုင်းဆရာကြီးလည်း ဖြစ်၊
ဂိုဏ်းဆရာကြီးလည်းဖြစ်၊ မဘသလည်း ဖြစ်တဲ့ ဒကာကြီးဦးဝင်းမောင်ရဲ့ အလှူတော်မင်္ဂလာတရားပွဲပါ။
အင်းဒိုင်းကြီးကျေးရွာအပါအဝင်
ရွာနီးစပ်မှ ရွာသူရွာသားများ တရားနာလာကြပါတယ်။
နမောတဿ တန်ဖိုး
တရားတော်ဟောကြားခဲ့ပါတယ်။
(က) ဗုဒ္ဓတရားတော် ဆိုသည်မှာ ပြည့်စုံသူနှင့် တူလှစွာ။
အရသာကောင်းတွေ
ပြည့်သူမှာ ညံ့သောအရသာ မတောင့်တပါ။
(ခ) ဗုဒ္ဓတရားတော် ဆိုသည်မှာ မုန့်ချိုခဲနှင့် တူလှစွာ။
မုန့်ချိုခဲကို
စားသူမှာ စိတ်ရွှင်လန်းမှု ရရှိတာ။
(ဂ) ဗုဒ္ဓတရားတော် ဆိုသည်မှာ စန္ဒကူးနှင့်တူလှစွာ။
စန္ဒကူးနံ့သာ
ရသူမှာ ၀မ်းပန်းတသာ ဖြစ်လှစွာ။
(ဃ) ဗုဒ္ဓတရားတော် ဆိုသည်မှာ ဆေးဝါးကောင်းနှင့်တူလှစွာ။
ဆေးဝါးကောင်းနှင့်
တွေ့သူမှာ ရောဂါအားလုံးပျောက်ကင်းမှာ။
(င) ဗုဒ္ဓတရားတော် ဆိုသည်မှာ စမ်းရေအေးနှင့်တူလှစွာ။
စမ်းရေအေးကို
ချိုးသူမှာ ပူလောင်ခြင်းတွေ ပျောက်ကင်းတာ။
*နမော
တဿ ရွတ်ပွားပါ၊ ဘေးရန်ကင်းလို့ ချမ်းသာမှာ။
ဘေးကင်းလုံခြုံ
ပြည့်စုံရေး၊ နမော တဿ ရှိခိုးပေး။
No comments:
Post a Comment