'' ပြည်ထောင်စုနှင့်မျိုးချစ်ခေါင်းဆောင်သမ္မတ
''
==အရှင်ပညာဒီပ(ဆိပ်ဖြူ-ယူအက်စ်အေ)==
=================================
သောကြာနေ့
နံနက်၊ ဇန်နဝါရီလ ၂ဝ ရက်၊ ၂ဝ၁၇ ခုနှစ်သည် ကမ္ဘာ့အနောက်ခြမ်း မှာ ကျောချမ်းစရာ၊ အတုယူစရာ၊
အားတက် စရာ အမျိုးသားရေး၊ ကြွေးကြော်သံတို့ဖြင့် တစ် ကမ္ဘာလုံးသို့ အသိပေးစိန်ခေါ်လိုက်သော
တစ် မူထူးခြားသည့်နေ့ တစ်နေ့ဖြစ်သည်။ ထိုနေ့သည် အမေရိကန်နိုင်ငံ၏(၄၅)ယောက်မြောက် သမ္မ
တကြီး ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာပြုပွဲပင် ဖြစ်သည်။
သောင်းဂဏန်းကျော်သောထောက်
ခံသူ၊ တချို့ကန့်ကွက်သူများဖြင့် စည်ကားခဲ့ သော သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် မြန်မာ
နိုင်ငံသားများအတွက်
မှတ်သားစရာ၊ အတု ယူစရာများ ပါဝင်ကာ၊ ပွဲစည်စုံလင်လှစွာဖြင့် အောင်မြင်စွာ ပြီးဆုံးသွားလေပြီ။
တခြားနိုင်ငံ
ခေါင်းဆောင်တစ်ယောက်သည် မြန်မာ့အကျိုး စီးပွားကို အစစ်အမှန် ဆောင်ကြဉ်းပေးမည် မဟုတ်ပါ။
ထိုသဘောထားအမြင်
ကြည်လင် ပြတ်သားစွာဖြင့်သာ ပြောသင့်
သည်ကိုပြော၍
ရေးသင့်သည်ကို ရေးသားလိုက်ခြင်းဖြစ်ပါ သည်။
မှတ်သားစရာသမ္မတကျမ်းသစ္စာနှင့်
ခရစ်ယာန်ကျမ်းစာအုပ်
အမေရိကန်နိုင်ငံတွင်
သမ္မတများသည် သမ္မာကျမ်းစာခေါ်(Bible)
ဖြင့်ကျမ်းသစ္စာဆို
ရမည်ဟု ဥပဒေမရှိပါ။
သို့သော်သမ္မတအများ
စုသည် သမ္မာကျမ်းစာအုပ်ပေါ်တွင် ဘယ်ဘက် လက်ကိုတင်ပြီး၊ ညာဘက်လက်ကိုမြှောက်ထား ၍၊ အမေရိကန်နိုင်ငံအပေါ်
သစ္စာရှိစွာဖြင့်၊ ပြည်သူလူထု အကျိုးစီးပွားကို အစွမ်းရှိသမျှ၊ ဆောင်ရွက်ပါမည်။
အမေရိကန်ပြည်ထောင်
စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပါမည်၊ ဖန်ဆင်းရှင် ဘုရားသခင်ကလည်း
ကူညီမစပါဟု အဓိပ္ပါယ် ရသော(၃၅)ခွန်းသော စကားတို့ဖြင့် အမေရိ ကန်လွှတ်တော်ရှိ၊ တရားသူကြီးရှေ့တွင်ကတိ
သစ္စာပြုခဲ့ကြပါသည်။ ၄၅ ယောက်မြောက် အမေရိကန် သမ္မတကြီးဒေါ်နယ်ထရမ့်သည် ခ ရစ်ယာန် သမ္မာကျမ်း
စာအုပ်၊ နှစ်အုပ်ဖြင့်
ကျမ်း သစ္စာဆိုခဲ့ပါသည်။
ကမ္ဘာကျော်သမ္မတကြီး
အေဘရာဟင်လင်ကွန်းအသုံးပြုပြီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့သော ခရစ်ယာန်သမ္မာကျမ်းစာအုပ် နှင့်
နောက်တစ်အုပ်ကား သမ္မတကြီးဒေါ်နယ် ထရန့်၏ မိခင်ကိုယ်တိုင် ၁၉၅၅ ခုနှစ်၊ ဂျွန်လ ၁၂ ရက်နေ့တွင်
မိခင်ကောင်း တစ်ယောက်၏ ခရစ်ယာန်ဘာသာရေး အမွေအဖြစ် ပေးအပ် ခဲ့ခြင်းဖြစ်သည်။
ထိုနှစ်တွင်
လူငယ်ဒေါ်နယ်ထ ရမ့်အတွက် တနင်္ဂနွေခရစ်ယာန် ဘာသာရေး ကျောင်းဆင်းပွဲ၌ အထိန်းအမှတ်အဖြစ်
မိခင် က သားအတွက် ပေးအပ်ခဲ့ခြင်းဖြစ်လေသည်။ ဒုတိယသမ္မတ မိုက်ပင့်စ်ကလည်း သမ္မာကျမ်း စာအုပ်အပေါ်လက်တင်၍ပင်
ကျမ်းသစ္စာ ကျိန်ဆိုခဲ့လေသည်။
အမေရိကန်
သမ္မတတင်မြှောက်ပွဲ မိန့်ခွန်းလွှာအမေရိကန်နိုင်ငံ
သည် ဒီမိုကရေစီနှင့်
လူ့ အခွင့်အရေး၊ ဘာသာရေးနှင့်နိုင်ငံရေး မရော ထွေးစေရေး၊ လွတ်လပ်စွာကိုးကွယ်ရေး၊ အမျိုး
သမီးအခွင့်အရေး၊ ကလေးများအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ တန်းတူရည်တူ အခွင့်အရေး၊
မိန်းမလျာ၊ ယောက်ျားလျာ၊ အ ခြောက် တို့၏အခွင့်အရေး စသည်ဖြင့် မနူးမ နပ် အထူးငတ်နေသူများအတွက်
နားဝင်ချို စရာ အရေးပေါင်းများစွာကြွေးကြော်ကာ နိုင်ငံ ရေး၊ လူမှုရေးလုပ်စားလာခဲ့သည်။
ယခုအခါ အမေရိကန်နိုင်ငံသည်
၂ဝ၁၇ ခုနှစ်မှစ၍ ယ ခင်စံနှုန်းတော်တော်
များများကို
အတိတ်မှာထား ခဲ့ပြီး တစ်မူထူးခြားလှသည့် သမ္မတအသစ်၊ စံ နှုန်းအသစ်များဖြင့် ဒီမိုကရေစီကို
အကောင် အထည်ဖော် ကျင့်သုံးတော့
မည်ဖြစ်သည်။
သမ္မ တကြီး
ဒေါ်နယ်ထရမ့်၏ အဖွင့်မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြား
သွားသည့်
အချက်အလက် များသည် မှတ်သားစရာကောင်းလှပေသည်။
အထူးသဖြင့်
ပြည်ထောင်စု မြန်မာနိုင်ငံသား တိုင်း၊ တို့ချစ်တဲ့ မြန်မာပြည်ထောင်စုကြီး၏ အ ကျိုးစီးပွားအတွက်လည်း
လေ့လာ မှတ်သားစ ရာကောင်းလှပေသည်။
မှတ်သားစရာ
နိုင်ငံတကာဆက်ဆံရေးနှင့် ကမ္ဘာ့အစွန်းရောက် အကြမ်းဖက်ဝါဒ
သမ္မတကြီးဒေါ်နယ်ထရမ့်က
သူ့မိန့်ခွန်း ထဲမှာ အစ္စလာမ်အကြမ်းဖက်ဝါဒ တိုက်ဖျက် ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊
အလုပ်အ ကိုင် စီးပွားရေး ပြန်လည်တိုးတက်လာရေးနဲ့ ပညာရေးဆိုင်ရာအပါအဝင်၊ သံချေးတက်နေ
ပြီဖြစ်တဲ့ပိတ်ထားရတဲ့စက်ရုံတွေ လည်ပတ်နိုင် ရေးနဲ့ ပတ်သက်ပြီး ကတိပေးစကားကို တစ် ချက်ခြင်း၊
အစီအစဉ်တကျနဲ့ ရဲရဲဝံ့ဝံ့ပြောဆို သွားခဲ့ပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ
ပျံ့နှံ့နေတဲ့ အကြမ်းဖက် ဝါဒ အစွန်းရောက်အစ္စလာမ်ကို ဘယ်လိုကိုင် တွယ် ထိန်းချုပ်မလဲဆိုတာကိုတော့
....
"We
will reinforce old alliances andform news ones.
And
unite the civilizedworld against radical Islamic terrorism,
which we
will eradicate completely from the face of the earth."
''မိတ်ဆွေဟောင်းတွေနဲ့
ပိုမိုခိုင်မြဲအောင် လက်တွဲပြီး၊ မိတ်ဆွေသစ်တွေလည်းဖွဲ့မယ်၊ ယဉ်ကျေးတဲ့ ကမ္ဘာသူ၊ ကမ္ဘာသားတွေနဲ့အတူ၊
စည်းလုံးညီညွတ်စွာ အစွန်းရောက်အစ္စလာမ် အကြမ်းဖက်ဝါဒကို ကမ္ဘာမြေပေါ်ကနေ အမြစ် ပြတ် တိုက်ဖျက်ချေမှုန်းသွားမယ်။''လို့
ပြောပါ တယ်။
ဒါဟာ မိတ်ဆွေတွေကိုအသိပေးပြီး၊
ရန် သူနဲ့၊ ကမ္ဘာ့အကြမ်းဖက်
အစွန်းရောက်အစ္စလာမ်
ဝါဒကို စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။
"But
we do so which the understand-ing that it is the
right of
all nations to puttheir own interests first.
We do
not seekto inpose our way of life on anyone but
rather
to let it shine as an example. We will shine for every to follow."
''ဒီလိုဆောင်ရွက်တာကတော့
နိုင်ငံတိုင်း ဟာ သူတို့နိုင်ငံရဲ့ အကျိုးစီးပွားကို ပထမဦးစား ပေးခွင့်ရှိတယ်ဆိုတဲ့
နားလည်မှုနဲ့ မိတ်ဟောင်း တွေနဲ့ခိုင်မာအောင် လက်တွဲပြီး မိတ်သစ်တွေ ကိုဖွဲ့တာဖြစ်မယ်။
ကျွန်တော်တို့လူနေမှုနဲ့
နိုင်ငံ ရေးပုံစံကို လက်ခံရမယ်လို့ ဘယ်နိုင်ငံအပေါ်မှ တင်တင်စီးစီး ဆရာကြီးလုပ်တော့မှာ
မဟုတ် ပါဘူး။
ကျွန်တော်တို့က
နမူနာပြရုံပဲ၊ နိုင်ငံတိုင်း ကအတုယူခြင်လာအောင် ကျွန်တော်တို့က နမူ နာကောင်းကို ပြသနိုင်မှာပါ''
လို့ သမ္မတကြီး ဒေါ်နယ်ထရမ့်က အလေးအနက်ပြောကြား လိုက်ပါပြီ။
ဆင်းရဲမွဲတေမှုနှင့်
ပတ်သက်ပြီးတော့ လည်း သမ္မတကြီး ဒေါ်နယ်လ်ထရမ့်က ဒီလို ပြောသွားခဲ့ပါတယ်။
"Mothers
and children trapped inpoverty in our inner cities,
rusted
out fac-tories scattered like tombstones acrossthe
landscape
of our nation."
''မိခင်နဲ့
ကလေးငယ်တွေဟာ နိုင်ငံအနှံ့ မှာ ဆင်းရဲမွဲတေမှုထောင်ခြောက်
ထဲက ရုန်းမ
ထွက်နိုင်ပဲ ဖြစ်နေကြပါတယ်။ သံချေးတက်နေ ပြီဖြစ်တဲ့ စက်ရုံတွေဟာလည်း သုဿန်တစ ပြင်က
အုတ်ဂူတွေရဲ့ ကျောက်တုံး၊
ကျောက်ခဲ
တွေလိုပဲ နိုင်ငံအနှံ့မှာ ပြန့်ကျဲနေပါတယ်'' တဲ့။ပညာရေးအကြောင်း ပြာကြားရာမှာတော့
..
"An
education system flush withcash, but which leaves
our
young andbeautiful students deprived of all knowl- edge."
''ပညာရေးစနစ်တွေဟာ
ငွေကြေးအမြတ် နဲ့ သွားနေတော့ ကျွန်တော်တို့ရဲ့ လူငယ်လူ ရွယ်တွေမှာ ပညာသင်ယူတတ်မြောက်ခွင့်တွေ
အားလုံး ဆုံးရှုံးနေကြရပါတယ်'' တဲ့။
ငွေမပေး နိုင်လို့
ပညာမသင်ရဘူးဆိုတာကို သမ္မတကြီးက လက်မခံတဲ့
သဘောကို ရည်ညွှန်းပြောကြားနေ
သည်ဟု နားလည်ရပါသည်။
ထူပြောလှတဲ့
ဒုစရိုက်မှုတွေ၊ လူဆိုးဂိုဏ်း တွေကို ရည်ညွှန်းပြော
ဆိုရာမှာတော့
...
"And
the crime and the gangs andthe drugs that have
stolen
too many livesand robbed our country of so much unre
-alized
potential. This American carnagestops right here and stops right now."
''ရာဇဝတ်မှုနဲ့
လူဆိုးဂိုဏ်းတွေ၊ မူးယစ် ဆေးတွေကလည်း နိုင်ငံ၏ အလားအလာ ကောင်းတဲ့ လူတွေရဲ့ဘဝတွေကို
လုယက်ခိုးယူ နေပါတယ်၊ အမေရိကန်တွေရဲ့ ဒီလိုသွေးထွက် သံယို၊ သေကျေပျက်စီးမှုတွေကို ချက်ချင်းရပ်
တန့်ပစ်ရမယ်'' လို့လည်း ကြုံးဝါးခဲ့ပါတယ်။
အမေရိကန်
တပ်မတော်နဲ့ပတ်သက်ပြီး ပြောကြားရာမှာတော့ ...
"There
should be no fear. We are
protected
and we will always be protected.
We will
be pretected by the great men
and
women of our military and law enforcement."
''အကြောက်တရားမလိုအပ်ဘူး၊
ကျွန်တော် တို့တပ်မတော်ရဲ့စစ်သည်၊ ရဲမေများနဲ့ တရား ဥပဒေစိုးမိုးရေးစနစ်က ကျွန်တော်တို့ကို
အမြဲ တမ်း
ကာကွယ်စောင့်ရှောက်ပေးနေပါတယ်''
လို့ ဂုဏ်ယူလေးစားခြင်းအပြည့်၊ တပ်မတော် ကိုယုံကြည်အားကိုးခြင်းအပြည့်နဲ့ သမ္မတကြီး
ဒေါ်နယ်ထရမ့်က အားမာန်ပါပါပြောကြား သွားခဲ့သည်။
ထိုပြောကြားချက်ကိုကြားသိလိုက်
ရသည့်အချိန်တွင် မကြာမီက မြန်မာနိုင်ငံ အနှံ့ မှာ တရားသောစစ်အောင်မြင်စေကြောင်း မြန်
မာ့ တပ်မတော်အား လူထုထောက်ခံပွဲများသို့ တက်ရောက်လာကြသည့် သောင်းဂဏန်း ကျော်သော မျိုးချစ်မြန်မာ
ပြည်သူများကို ပြေး ၍ မြင်ယောင်မိစေခဲ့သည်။
ပြည်ထောင်စုဖွား
မြန်မာပြည်သူ အများစုကလည်း မြန်မာ့တပ် မတော်ကို အားမာန်ပါပါ ယုံကြည်အားကိုး ထောက်ခံနေကြသည်မဟုတ်ပါလား။
နိုင်ငံရဲ့ခြံစည်းရိုးလုံခြုံရေး
အတွက်လည်း
"We
must protect our borders fromthe ravages
of other
countries..."
''တခြား နိုင်ငံတွေက
ဖျက်လိုဖျက်ဆီးမလုပ်နိုင်အောင် ကျွန်တော်
တို့နိုင်ငံရဲ့ခြံစည်းရိုး
နယ်စပ်ဒေသ တွေကို လုံခြုံအောင်ကာကွယ်စောင့်ရှောက်ရ မယ်''တဲ့။ ဒါက ရှင်းပါတယ်။
မြန်မာပြည်
ထောင်စုရဲ့ ခြံစည်းရိုးကိုလည်း မြန်မာမျိုးချစ် ပြည်ထောင်စုများက ကာကွယ်စောင့်ရှောက်
ကြရမည် မဟုတ်ပါလား။ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကတည်းက ခြံစည်းရိုးမရှိလျှင် တိုင်း ပြည်ဆိုတာ
မရှိနိုင်ဘူးလို့ ပြောကြားခဲ့သည်။
ထိုကတိစကားကို
လေထဲမှာပင် ပျောက်ကွယ် မသွားစေဘဲ ရွေးကောက်ပွဲမှာ အတိုက်အခံများ စွာအပေါ် ထိုက်ထိုက်တန်တန်
အနိုင်ရပြီး နောက်
ပေးထားခဲ့ဖူးသော
ကတိစကားကို မ မေ့နိုင်သူဖြစ်သည်။
ထိုပေးခဲ့ဖူးသော
ကတိစ ကားကို ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ထပ်မံပြော ကြားလိုက်ခြင်းဖြင့် မင်းမှာသစ္စာ၊ လူမှာကတိ
ဆိုရိုးအရှိ မြန်မာတို့ရဲ့အသိကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လက်တွေ့လိုက်နာ ကျင့်သုံးပြသ၊
အင်အား ပြလိုက်သည့်နှယ် ဖြစ် တော့သည်။
"From
this day forward, it's going tobe only America
first -
America first."
''ဒီနေ့ကစပြီး...အမေရိကန်သည်
သာ ပထမ၊ အမေရိက ပထမပဲဖြစ်ရမယ်'' လို့ပြော ပါပြီ။
အမေရိကန်သည်သာ
ပထမဦးစားပေး ဖြစ်ရမယ်လို့ ပြောလိုက်တာဟာ အမေရိကန် အမျိုးသား အကျိုးစီးပွားကိုပဓါနထားတဲ့
အမေ ရိကန်အမျိုးသားရေးဝါဒ၊(American Nationalism) ပဲဖြစ်ပါတယ်။
လက်ရှိမြန်မာ့နိုင်ငံ
ရေးအခြေအနေက မျက်ကန်းမျိုးချစ်၊ အစွန်း ရောက်ဝါဒ၊ အမုန်းစကားပြောကြားသူ စသည့် ခံစားမှုဆန်လွန်းသည့်
ပေါက်လွတ်ပဲစား
စကား လုံးများဖြင့်
မြန်မာအမျိုးသားရေးဝါဒနှင့် မျိုး ချစ်များကို လွဲမှားစွာ အထင်သေးသိမ် အနှိမ်ခံ နေရစဉ်မှာ
ဒီမိုကရေစီဆရာကြီး လုပ်ဖူးသူ စူပါ ပါဝါနိုင်ငံက အမေရိကန်အကျိုးစီးပွား သည်သာ ပထမဦးစားပေးဖြစ်
ရလိမ့်မယ်လို့
ကမ္ဘာသို့ ကြေညာလိုက်ပါသည်။
တလွဲဆံပင်
ကောင်းနေကြသည့် မြန်မာပြည်က နိုင်ငံရေး သမားဆိုသူများ မိမိကိုယ်မိမိ အားမနာတမ်း မညာတမ်း၊
မညှာတမ်း ပြန်လည်ဝေဖန်ဆန်း စစ်ချိန် တန်နေပါပြီ။
"We
assembled here today are issuinga new decree
to be
heard in everycity, in every foreign capital and in hall
of
power. From this day forward, a newvision will govern our land. From thisday
forward, it's going to be onlyAmerica first - America first."
'' ဒီနေ့
ဒီနေရာမှာ လာရောက်အစည်း ဝေးကြတဲ့ ကျွန်တော်တို့ အမေရိကန်တွေက နိုင်ငံရပ်ခြား တိုင်းတပါးအစိုးရတွေကို
သိကြား စေ၊ သက်သေညွှန်းလိုက်ပါတယ်။
ဒီနေ့ ဒီအ
ချိန်ကစပြီး ကျွန်တော်တို့အမေရိကန်နိုင်ငံကို အမြင်သစ်တစ်မျိုးနဲ့ အုပ်ချုပ်ပါတော့မယ်''။
(အဲဒါကတော့) '' ဒီနေ့ကစပြီး.. အမေရိကန် သည်သာ ပထမ၊ အမေရိက ပထမပဲဖြစ်ရမယ်'' ဆိုတာပါပဲတဲ့။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
အတွက် လည်း ဘယ်သူ့ဖိအားပေး
မှုကိုမှ မကြောက်ဘဲ၊
ပြတ်ပြတ်သားသား ပြောရဲ၊ ဆိုရဲ၊ ဆုံးဖြတ်ရဲ၊ လုပ်ရဲကိုင်ရဲသော အစိုးရခေါင်းဆောင်ကောင်း၊
အမျိုးသားနိုင်ငံရေးသမားကို အရေးပေါ်လိုအပ် နေပြီဟုယုံကြည်သည်။
ပြည်ထောင်စုဖွား
တိုင်း ရင်းသားအားလုံးနှင့် မြန်မာပြည်သည်သာ ပ ထမ၊ မြန်မာ ပထမပဲဖြစ်ဖို့ လိုအပ်နေပြီဆို
သည်ကို လက်ရှိအခြေအနေအရ တိုင်းပြည် တွင် ဖြစ်ပျက်နေသော အမျိုး ဘာသာ သာသ နာနှင့် လူမှုစီးပွားအခြေအနေဆိုးများက
သက် သေပြနေပြီ ဖြစ်သည်။
(May
Flower)သင်္ဘောဖြင့် ဥရောပမှ ပြည်ပြေးများကိုတင် ဆောင်၍
Plymouth
ဒေသသို့ ဆိုက်ရောက် လာပြီးနောက် ဌာနေဒေသခံ အင်ဒီးယန်း တိုင်းရင်းသားများအပေါ် စစ်ရေး၊
ဘာသာရေး၊ စီးပွားရေး၊ ပညာရေးတို့ဖြင့် အနိုင်ပိုင်း၍ နှစ်ပေါင်း သုံးရာကျော် ခေတ်သစ်အမေရိကန်
ပြည်ထောင်စုကို လူဖြူ တို့ အုပ်စိုးသောJudeo-Christian နိုင်ငံအဖြစ် သတ်မှတ်လိုက်ကြ
သည်။
ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် သည် တိုင်းရင်းသားစစ်စစ်များဖြင့် စတင်တည် ထောင်၍ တိုင်းရင်းသားအချင်းချင်းအုပ်ချုပ်
သော နိုင်ငံဖြစ်သည်။
တိုင်းတစ်ပါးသား
စိုးမိုး အုပ်ချုပ်ခြင်းကို လက်မခံ၊ တွန်းလှန်တိုက်ပွဲဝင် ၍ လွတ်
လပ်ရေးကို
ပြန်လည်ရယူခဲ့သော ဂုဏ် ယူလေးစားဖွယ် ပြည်ထောင်
စုကြီးဖြစ်သည်။
အမေရိကန်
ပြည်ထောင်စုတွင် ဥပဒေအရ ကျမ်းစာအုပ်ပေါ် လက်တင်ပြီး ကျမ်းသစ္စာ ဆိုရမည်ဟု သတ်မှတ်ချက်မရှိသော်လည်း
အ မေရိ
ကန်ပြည်ထောင်စုသည်
ခရစ်ယာန်နိုင်ငံ ဖြစ်ကြောင်း တိုက်ရိုက်ပြ
သလိုသည့်အနေဖြင့်
သမ္မတများက ဂုဏ်ယူဝံ့ကြွားစွာ ဘာသာရေး ထုံးတမ်းအစဉ်အလာနှင့်အညီ၊ ဘာသာရေး ကျမ်းစာအုပ်ကိုကိုင်၍
သမ္မတအဖြစ်ကျမ်းသစ္စာ ဆိုကြသည်။
သိပ္ပံနည်းကျ
ခိုင်မာလှပြီး၊ ကမ္ဘာ့ ပညာရှင်၊ ဘယ်မြန်မာ့ပညာရှင်ကမှ ငြင်းချက် မထုတ်နိုင်သော နောက်ဆုံးပေါ်သုသေသန
သမိုင်းသက်သေ အချက်အလက်အထောက် အထားများအရ ထေရဝါဒဗုဒ္ဓဘာသာ မြန်မာ့ သမိုင်းသည်နှစ်ကာလပေါင်း
နှစ်ထောင်ကျော် ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့်မြန်မာပြည်ထောင်စု
ကြီးသည် ဗုဒ္ဓဘာသာနိုင်ငံ၊ ဗုဒ္ဓဘာသာပြည် ထောင်စုကြီးဖြစ်သည်။
ထိုသို့ ခိုင်မာလှသည့်
သမိုင်းအချက်များအရ ဒီမိုကရေစီစနစ်ကျင့် သုံးနေသည့်မြန်မာနိုင်ငံတွင် သမ္မတများသည် ပိဋကတ်သုံးပုံ
ကျမ်းစာအုပ်များကို လက်အုပ် ချီ၍ မြန်မာ့လွှတ်တော်ထဲတွင် သမ္မတအဖြစ် ကတိသစ္စာပြုသင့်သည်
မဟုတ်ပါလား။
ဘာ သာရေး၊
နိုင်ငံရေး၊ ရောခွင့်မရှိပါဟု ဥပဒေဖြင့် တားမြစ်ထားသော အမေရိကန်လို နိုင်ငံတွင် ဟိန္ဒူကျမ်းစာလည်းမဟုတ်၊
ပိဋကတ်သုံးပုံ၊ ဗုဒ္ဓ ကျမ်းစာလည်းမဟုတ်၊ ကိုရမ်ကျမ်းစာလည်း မဟုတ်သော ခရစ်ယာန်ဘာသာရေးကျမ်းစာ
အုပ်ဖြင့် အမေရိကန်လွှတ်တော်ထဲတွင် သမ္မတ ကျမ်းသစ္စာကျိန်ဆိုခြင်းကို ပြည်ထောင်စုဖွား
တိုင်းရင်းသားများနှင့်
ပြည်ထောင်စုဖွားတိုင်း
ရင်းသား ဗုဒ္ဓဘာသာများအနေဖြင့် အလေးအ နက် ဆင်ခြင်စဉ်းစားသုံးသပ်ပြီး အတုယူဖို့ လို အပ်လာပါပြီ။
''ဗုဒ္ဓ စကားတော်တွေကို
အစိုး ရသတင်းစာတွေမှာ ထည့်သွင်းဖော်ပြခြင်းဟာ အခြားသောလူမျိုးစု ဘာသာဝင်များအတွက် မညီမျှမှုကို
ဖြစ်စေပါတယ်ဆိုတယ်'' ဆိုတဲ့ ခပ် တိမ်တိမ် အူကြောင်ကြောင် ပြောစကားမျိုးကို နားမယောင်မိဖို့တော့
အရေးကြီးပါသည်။ ဒီမို ကရေစီကို နားမလည်သည့် စကားမျိုးဖြစ်နေ သောကြောင့်ပါ။
အမေရိကန်ပြည်ထောင်စုမှာလည်း
လူ နည်းစု ဗုဒ္ဓဘာသာဝင်နှင့်အခြားသောလူနည်း စုများ၏ သဘောတရားများ အသီးသီးရှိနေ ကြပါသည်။
သို့သော်
ခရစ်ယာန်ကျမ်းစာအုပ် ကိုကိုင်၍ အမေရိကန်သမ္မတအဖြစ် ကျမ်းကျိန် လိုက်ခြင်းကြောင့် ဒီလိုအပြုအမူဟာ
လူနည်း စုဘာသာဝင်တွေအတွက် မညီမျှမှုကိုဖြစ်စေ ပါတယ်လို့ အမေရိကန်အစိုးရအဖွဲ့ထဲကဖြစ်
စေ၊
ဘေးလူတစ်ဦးတစ်ယောက်ကဖြစ်စေ၊
အူ ကြောင်ကြောင်ပြောဆိုတာမျိုး အမေရိကန်ကို ရောက်နေသည့် သက်တမ်း သမ္မတ(၄)ယောက်
ပြောင်းသွားသည်အထိမတွေ့ဖူးပါ၊
မဖတ်ဖူးပါ။ မကြားဖူးပါ။
ဘာသာရေးနှင့်ပတ်သက်သည့်
အခြားသော တရားစွဲဆိုမှုများကိုတော့ ကြားဖူး၊ ဖတ်ဖူး၊ လေ့လာဖူးပါသည်။ မြန်မာတစ်နိုင်ငံ
တည်းသာ တစ်လွဲဆံပင်ကောင်း သောင်း ပြောင်းထွေလာ မရေမရာ ပြောနေပြုနေ တွေး နေကြဟန် တူပါသည်။
မျိုးချစ်ခေါင်းဆောင်
သမ္မတတစ်ယောက်၏ ဒီစကား
"So
to all Americans in every citynear and far,
small
and large, from mountainto mountain,
from
ocean to ocean,hear these words - you
will
never be ignoredagain."
''တောတောင်
သမုဒ္ဒရာ၊ မြို့ရွာ၊ အကြီး၊ အသေး၊ နီးဝေးမကျန်၊ အမေရိကန် နိုင်ငံသား အပေါင်းတို့
... ခင်ဗျားတို့ဟာ ဘယ်တော့ မှ ဥပေက္ခာပြု၊ လျစ်လျူရှုခံရတော့မှာ မဟုတ် ပါဘူးဆိုတဲ့ စကားတွေကို
နားထဲမှာ ကြားယောင် ပြီးသာနေကြပါတော့ခင်ဗျာ'' တဲ့။
နိုင်ငံသား
အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်တော့ မယ်ဆိုတဲ့ သဘောကို မီးမောင်းထိုးပြ၊ ပြော
ဆိုလိုက်တာပဲ ဖြစ်ပါတယ်။
သူ့ပါတီကို၊
သူ့ကို မဲမပေးလည်း ရွေးကောက်ပွဲမှာ အနိုင်ရလာ တဲ့အခါ နိုင်ငံသားတိုင်းရဲ့ အကျိုးစီးပွားကိုတော့
အစိမ်း၊ အကျက်၊ အနီးအဝေးမရွေး ဆောင် ရွက်ပေးမယ်။
အမျိုး ဘာသာ
သာသနာကို အလေးထားမယ်၊ လေးစားမယ်ဆိုတဲ့ မျိုးချစ်
ခေါင်းဆောင်မျိုးကို
၂ဝ၂ဝ မှာ ရွှေမြန်မာတို့ မျှော်လင့်တောင့်တ ရွေးချယ်
သွားကြမည်ဆို
လျှင် ပြည်ထောင်စုစနစ်အတွက် မျိုးချစ်ခေါင်း ဆောင်ကောင်း
တစ်ယောက်ကို
မှန်မှန်ကန်ကန် ရွေးချယ်တတ်ကြပြီဆိုသည်ကို သက်သေပြပြီး သား၊ အတုယူတတ်ပြီးသား၊ ရွေးချယ်တတ်ပြီး
သား ဖြစ်သွားပါလိမ့်မည် ယုံကြည်လျက်...
အရှင်ပညာဒီပ(ဆိပ်ဖြူ-ယူအက်စ်အေ)
သာကီသွေးဂျာနယ်အတွဲ(၄)အမှတ်(၁၇)
''#မဘသ(ဗဟို)_Online_Media''

No comments:
Post a Comment